သင် အိပ်ပျော်နေစေမှာ သင့်ခန္ဓာကိုယ်က ကယ်လိုရီ ၃၀၀ မှ ၄၀၀ အထိ လောင်ကျွမ်းသွားတာပါ။ ဒီလိုလောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏက သင် တစ်နာရီစာခန့် အပြေးလေ့ကျင့်တာနဲ့ ညီမျှပါတယ်။ ဒါ့ကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက ကိုယ်လက်လှုပ်ရှားအားကစားလုပ်သလိုပဲ ဝိတ်ကျစေတယ်လို့ ကျွမ်းကျင်ပညာရှင်များက အခိုင်အမာပြောဆိုကြပါတယ်။

သင့်အနေနဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းများကို မပြုလုပ်ဘဲ ဝိတ်ကျချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်ကောင်းတွေကို အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

စပျစ်သီးဖျော်ရည် သောက်သုံးခြင်း

အိပ်ရာဝင်ခါနီးအချိန်မှာ စပျစ်ရည်တစ်ခွက် သောက်သုံးခြင်းက သင့်ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့အဆီပိုတွေကို ဖယ်ရှားပေးပြီး မလိုအပ်တဲ့ သကြားပမာဏများကို ဖယ်ရှားပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျော့ကျစေမှာပဲဖြစ်ပါတယ်။

အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို တသမတ်တည်း သတ်မှတ်ထားခြင်း

အိပ်စက်ချိန်မမှန်ခြင်းနဲ့ အဝလွန်ခြင်းက ဆက်စပ်နေတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို တသမတ်တည်း မှန်အောင်ပြုလုပ်ထားခြင်းက သင့်ရဲ့ကိုယ်အလေးချိန်ကို ထိန်းညှိပေးထားနိုင်ပါတယ်။

ဆေးဖက်ဝင် လက်ဖက်ရည်များ သောက်သုံးပါ

ညအိပ်ရာဝင်ခါနီးမှာ ဆေးဖက်ဝင်လက်ဖက်ရည်များ သောက်သုံးခြင်းက သင့်ကို ကိုယ်အလေးချိန်လျော့ကျစေမှာပဲဖြစ်ပါတယ်။ ထိုလက်ဖက်ရည်များက သရေစာများ စားသုံးမှုကို တားဆီးပေးနိုင်ပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်ကိုလည်း ပြေလျော့စေတာကြောင့် နှစ်ခြိုက်စွာ အိပ်စက်အနားယူစေနိုင်မှာပဲဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ အလေ့အကျင့်လေးတွေကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်က အဆီပိုတွေ အဝေးသို့ လွှင့်စင်သွားမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးဖို့လည်း လိုအပ်သေးတယ်နော်။

ဖုန်း၊ Tablet နှင့် အခြားလျှပ်စစ်ပစ္စည်းများ အသုံးပြုမှုကို ကန့်သတ်ထားခြင်း

သင့်ရဲ့အိပ်စက်မှုဟော်မုန်းတွေကို နှောင့်ယှက်နေတဲ့အရာကတော့ ဖုန်းနဲ့ အခြားလျှပ်စစ်ပစ္စည်းများမှ ထွက်ရှိလာတဲ့ အပြာရောင်အလင်းတန်းတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ခါနီး ၂ နာရီအလိုကတည်းက ဖုန်းနဲ့ ကွန်ပျူတာတို့ကို လုံးဝအသုံးမပြုပါနဲ့တော့။ အိပ်စက်ချိန်မှာလည်း ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့အတွက် ထိုလျှပ်စစ်ပစ္စည်းများကို ပိတ်ထားလိုက်ပါ။

အခန်းအပူချိန်ကို ဂရုစိုက်ပါ

ညဘက်အိပ်စက်တဲ့အခါ သင့်အခန်းရဲ့အပူချိန်ကို ၁၈ ဒီဂရီစင်တီဂရိတ်ဖြင့် ထားအိပ်မယ်ဆိုရင် အဆီပိုများ လောင်ကျွမ်းသွားတယ်လို့ ကျွမ်းကျင်ပညာရှင်များက အကြံပြုထားပါတယ်။ အခန်းအပူချိန်ကို အေးနေအောင်ထားခြင်း (သို့) အဝတ်ဗလာဖြင့် အိပ်စက်ခြင်းဖြင့် မနက်မိုးလင်းလာတဲ့အခါ ဝိတ်ကျသွားသလို ခံစားရမှာပါ။

Source: Brightside.me

By MyStyle Myanmar