အားလုံးပဲမင်္ဂလာပါနော်။ နေ့တိုင်း မိတ်ကပ်လိမ်းစရာမလိုဘဲ မိတ်ကပ်မပါလည်း ကြည့်ကောင်းနေစေဖို့ အသားအရေလေးလှနေဖို့ အရေးကြီးပါတယ်။ မိတ်ကပ်မလိမ်းလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့လှနေစေဖို့ အလှအပဆိုင်ရာ လျှို့ဝှက်ချက် (၅) ခုကို မျှဝေပေးချင်ပါတယ်။

၁။ အသားအရေထိန်းသိမ်းမယ်

မျက်နှာအသားအရေကို သေချာလေး သန့်စင်ပေးပါ။ မိတ်ကပ်တွေကို သေချာဖျက်ပေးပါ။ တိုနာနဲ့ တစ်ခါ ထပ်ပြီးဖျက်ပေးပါ။ ပြီးမှ ကိုယ်နဲ့ သင့်တော်တဲ့Moisturizer ကို ခပ်ပါးပါး ပုတ်ပြီးလိမ်းပေးရပါမယ်။

၂။ နေ့တိုင်း Mask နဲ့ ပေါင်းတင်မယ်

နေ့တိုင်း Mask တစ်ခုနဲ့ ပေါင်းတင်ပါ။ အိပ်ယာမဝင်ခင်လုပ်ပေးသင့်ပါတယ်။ နေ့တိုင်းမလုပ်နိုင်ရင်တောင် တစ်နေ့ခြားလုပ်ပေးပါ။ အိပ်ယာမဝင်ခင် မိတ်ကပ်သေချာဖျက်ပြီး Mask ကပ်ပေးလိုက်ပါ။ ပြီးရင် မျက်နှာပြန်သစ်ပြီး Night Cream လိမ်းပေးကာ အိပ်ယာဝင်ပါ။

၃။ ဆံပင်

ဆံပင်ကို သဘာဝကျကျလေးနဲ့ ကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံထားပါ။ ဆံပင်အရောင်အရမ်းတောက်တာတွေ၊ အရမ်းခေတ်ရှေ့ပြေးတာမျိုးတွေမဟုတ်ဘဲ ချစ်စရာကောင်းပြီး ကိုယ့်ရဲ့ ပင်ကိုယ် ဆံပင်အရောင်နဲ့ သိပ်မကွာတဲ့ အရောင်ကို ဆိုးပေးပါ။

၎။ စမြိတ်ချတဲ့ကေညှပ်နိုင်ပါတယ်

သင့်အလှအပအတွက် ဆံကေသာဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဆံပင်ကို စမြိတ်ချတဲ့ပုံညှပ်ပေးတာဟာ သင့်ကို ပိုပြီးနုပျိုသလိုထင်ရစေပါတယ်။ ဒါ့အပြင် သဘာဝကျကျလေးနဲ့လည်း လှနေစေမှာပါ။

၆။ ရေဓာတ်ဖြည့်တင်းပါ

နေ့စဉ် ရေကို သတိတရ သောက်ပေးပါ။ အနည်းဆုံး ၈ ခွက်သောက်ပါ။ ရေဓာတ်ကြွယ်ဝတဲ့အသီးအနှံတွေစားပေးပါ။ ရေဓာတ်ဖြည့်တင်းပေးမှ အသားအရေလည်း စိုပြေလာမှာဖြစ်ပါတယ်။

Photo: www.vanitee.com