မင်္ဂလာပါနော်။ ကျွန်မတို့ အာရှသူတွေရဲ့ အသားအရေဟာ နူးညံ့ပြီး ဝင်းတဲ့ဖက်သွားပါတယ်။

အသားအရေကလည်း အိစက်ညက်ညောပြီး သိပ်ကိုလှပါတယ်နော်။

အသားညိုညို၊ ဖြူဖြူ ဘယ်လိုအသားအရောင်ပဲဖြစ်ဖြစ် သူ့အလှနဲ့သူ ဆွဲဆောင်မှုရှိနေတာပါပဲ။

ဒီတခါပြောပြပေးမှာကတော့ အာရှသူလေးရဲ့ အသားအရေ အမြဲတမ်း နုပျိုလှပနေစေဖို့ လျှို့ဝှက်ချက်လေးတွေကို မျှဝေပေးပါမယ်။

၁။ မျက်နှာအသားအရေကိုခပ်ဖွဖွလေး ပုတ်ပေးခြင်း

သင့်မျက်နှာကို ခရင်မ်လိမ်းတဲ့အချိန်မှာ လက်နဲ့ ခပ်ဖွဖွလေး ပုတ်ပုတ်ပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အသားအရေကို ပိုပြီးလှစေပါတယ်။

၂။ တစ်လတစ်ခါ မျက်နှာပေါင်းတင်မယ်

တစ်လတစ်ခါလောက် အနည်းဆုံး မျက်နှာကို ပေါင်းတင်ပေးပါ။ သဘာဝနည်းလမ်းနဲ့ ပေါင်းတင်ပေးနိုင်ပါတယ်။ မိမိအသားအရေနဲ့ သင့်တော်တဲ့ ပေါင်းတင်နည်းတွေကို အသုံးပြုနိုင်ပါတယ်။ အသားအရေတိုင်းနဲ့ သင့်တော်တာကတော့ ပျားရည်ပါ။ ပျားရည်လေးနဲ့ သကြားရောပြီး မျက်နှာကို လိမ်းပေးလိုက်ပါ။ ပြီးရင်ခပ်ဖွဖွလေး ပွတ်ပေးလိုက်ပါ။ အဲဒီနောက် မျက်နှာသစ်ချလိုက်ပါ။

၃။ မျက်လုံးနားတစ်ဝိုက်က အသားအရေကို ဂရုစိုက်ပါ

သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေလေးတွေဟာ တွန့်လွယ်ပါတယ်။ ဒါ့ကြောင့် Eye Cream လိမ်းပေးတာမျိုးလုပ်နိုင်ပါတယ်။ ညအိပ်ယာမဝင်ခင် မျက်နှာကို ညလိမ်းခရင်မ်လိမ်းပေးပြီး Eye Cream လိမ်းပေးကာ အိပ်ယာဝင်ပေးပါ။

၎။ အိပ်ယာမဝင်ခင် မိတ်ကပ်သေချာဖျက်ပါ

အိပ်ယာမဝင်ခင် မိတ်ကပ်ကို သေချာဖျက်ပေးပြီး မျက်နှာကို သန့်စင်ပါ။ ပြီးမှ မျက်နှာလိမ်းခရင်မ်လိမ်းပြီး အိပ်ပေးပါ။ မိတ်ကပ်လိမ်းလျက်သားနဲ့လုံးဝ အိပ်ယာမဝင်ပါနဲ့။

၅။ ရေနွေးငွေ့နဲ့ ပေါင်းတင်ပါ

ရေနွေးပူပူကို ဇလုံထဲထည့်ပြီး ရေနွေးငွေ့နဲ့ မျက်နှာကို အပ်ပေးထားပါ။ ရေနွေးငွေ့က သင့်အသားအရေပေါ်က ချွေးပေါက်တွေပွင့်စေပြီး အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။ ပြီးရင် မျက်နှာကိုခပ်ဖွဖွလေးနှိပ်နယ်ပေးလိုက်ပါ။