ချစ်မိတဲ့အချိန်မှာတော့ ဘယ်အရာကိုမှ အပြစ်မမြင်တတ်ပါဘူး။ လက်မထပ်ခင်မှာတော့ မိန်းကလေးတွေက သူ့ကောင်လေးကို ယုံကြည်တတ်ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးနောက်မှာတော့ တချို့ကောင်မလေးတွေက သူတို့ ခင်ပွန်းအပေါ်ထားတဲ့ ယုံကြည်မှုနည်းသွားတတ်ကြပါတယ်။ လက်ထပ်ပြီးချိန် မိန်းကလေးတစ်ယောက်ရဲ့ အပြုအမူက ဘယ်လိုဖြစ်မလဲ မသိနိုင်ပါဘူး။

ဒါကြောင့် ရာသီခွင်နဲ့ မိန်းကလေးတွေရဲ့ အကျင့်လေးတွေကို လေ့လာကြည့်ရအောင်နော်။ ပျိုမေတို့ထဲမှာကော ခင်ပွန်းကို နိုင်မယ့် ရာသီခွင်ထဲပါနေမလား ကြည့်လိုက်ပါဦးနော်။

၁။ Leo: July 23 ကနေ  August 22

ဒီရာသီခွင်ပိုင်ရှင်လေးတွေက အေးဆေးတည်ငြိမ်သူတွေပါ။ ဒါပေမယ့် သူတို့ကြင်ဖော်ကိုတော့ အယုံအကြည်နည်းကြပါတယ်။ ဒီရာသီခွင်မွေးတဲ့မိန်းကလေးတွေက သူတို့ပြောလိုက်ရင် ပြောတဲ့အတိုင်းလုပ်တာပဲကြိုက်ပါတယ်။ သင်သာ ဒီရာသီခွင်မွေးတဲ့ ကောင်မလေးကို ပိုင်ဆိုင်ထားရင်တော့ သူက သင့်ကို တစ်သက်လုံး ထိန်းချုပ်သွားမှာပါ။

၂။ Sagittarius: November 22 ကနေ December 21

ဒီရာသီခွင်ကောင်မလေးတွေက အမိန့်ပေးတဲ့နေရာမှာတော့ ဆရာကြီးတွေပါပဲ။ သူတို့လုပ်ရမယ့် ကိစ္စတွေကိုပဲ အာရုံစိုက်တတ်ပြီး သူတို့ဘဝလမ်းကြောင်းမှာ လာနှောင့်ယှက်တဲ့လူမျိုးကို သဘောမကျကြပါဘူး။ သူတို့ရဲ့ ချစ်သူကိုလည်း ကောင်းကောင်းကြီးထိန်းချုပ်တတ်ပါတယ်။

၃။ Libra: September 23 ကနေ October 23

Libra ရာသီဖွားကောင်မလေးတွေက ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာကြသူတွေပါ။ ဦးဆောင်ရတာကို နှစ်သက်ကြပါတယ်။ သူတို့ကောင်လေး အချိန်တိုင်း ဘာတွေလုပ်နေလဲ နားစွင့်နေသူပါ။ သူတို့လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ချစ်သူကောင်လေးကရှေ့ရောက်နေမှ ကြိုက်သူတွေပါ။

၎။ Virgo: August 23 ကနေ September 23

ဒီရာသီခွင်ကောင်မလေးတွေက အချစ်ကြီးလွန်းသူတွေပါ။ သူတို့ကောင်လေးကို ဘယ်ကောင်မလေးနဲ့မှ လမ်းချင်းယှဉ်လျှောက်တာတောင် မြင်ချင်တာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ချစ်သူခင်ပွန်းနားမှာ အမြဲရှိနေတတ်ပြီး ချစ်သူကို ကောင်းစွာထိန်းချုပ်နိုင်သူပါ။

Photo Source: Pinterest

By MyStyle Myanmar