[Zawgyi]

မဂၤလာပါ MyStyle Myanmar ပရိတ္သတ္တို႔ေရ။ ႏွစ္တစ္ႏွစ္ခ်င္းစီမွာ ကံေကာင္းလာတတ္တဲ့ လူေတြရွိပါတယ္။ ရာသီတိုင္း ႏွစ္တုိင္းကေတာ့ ကံေကာင္းခ်င္မွ ကံေကာင္းမွာပါ။ ၂၀၂၀ မွာေတာ့ မိုးေကာင္းကင္က ေပးအပ္လိုက္တဲ့ ဆုလာဒ္ေတြနဲ႔အတူ ထူးထူးျခားျခားျဖစ္လာမယ့္ ရာသီခြင္ (၄)ခုရွိပါတယ္။ သင္က ဒီေလးခုထဲ ပါေနမလား စိတ္ဝင္စားစရာပဲေနာ္။

၁။ Pisces (အခ်စ္လက္ေဆာင္)

Pisces ရာသီဖြားေတြက လူတစ္ေယာက္ကို ခ်စ္ရင္ အျပစ္မျမင္ဘဲခ်စ္တတ္ပါတယ္။ လူတစ္ေယာက္ရဲ႕အခ်စ္ကို အေလးအနက္ထားတတ္ပါတယ္။ လူေတြကိုဘာမွ မေမွ်ာ္လင့္ဘဲ ကူညီေပးတတ္ပါတယ္။ မိုးေကာင္းကင္က ေပးအပ္လိုက္တဲ့လက္ေဆာင္ကေတာ့အခ်စ္ပါပဲ။

၂။ Cancer (ခြင့္လႊတ္တတ္ျခင္း)

Cancer ရာသီဖြားေတြက တျခားလူေတြအတြက္ဆုိရင္ သူတို႔ရဲ႕ေပ်ာ္ရႊင္မႈကို စြန္႔လႊတ္အနစ္နာခံတတ္ပါတယ္။ သူတို႔ရင္းႏွီးတဲ့သူေတြအတြက္ဆိုရင္ အခ်ိန္ေပးတတ္ပါတယ္။ အားစို္က္ထုတ္ေပးပါတယ္။ Cancer ရာသီဖြားေတြက စိတ္ထိခုိက္လြယ္ျပီး မ်က္ရည္လြယ္ၾကပါတယ္။ လူတစ္ေယာက္က သူတို႔အေပၚ မွားခဲ့တာရွိရင္လည္း ဒုတိယအခြင့္အေရးေပးျပီး ခြင့္လႊတ္တတ္ၾကပါတယ္။ အရာရာကိုခြင့္လႊတ္တတ္ေပမယ့္ ဒီအရာကို ဘယ္ေတာ့မွ မေမ့ပါဘူး။ ေကာင္းကင္က ေပးတဲ့လက္ေဆာင္ကေတာ့ ခြင့္လႊတ္တတ္ျခင္းပါ။

၃။ Leo (ခြန္အား)

ဒီရာသီဖြားေတြက စိတ္မာၾကျပီး တျခားသူေတြကို သတၱိရွိဖို႔ ညႊန္ၾကားတတ္သူေတြပါ။ မတရားမႈကို မုန္းတီးျပီး အခ်စ္၊ သစၥာ၊ ညီမွ်မႈအတြက္ အဆံုးထိ တိုက္ပြဲဝင္သြားမယ့္သူေတြပါ။ လူေတြကို ဦးေဆာင္ႏုိင္ပါတယ္။ ခြန္အားၾကီးျပီး စိတ္ဓာတ္ခိုင္မာတဲ့ လက္ေဆာင္ကို ပိုင္ဆုိင္ထားသူေတြပါ။

၄။ Sagittarius (သတၱိနဲ႔အမွန္တရား)

Sagittarius ေတြက သူတို႔အနားက လူေတြကို အျမဲေပ်ာ္ရႊင္ေစပါတယ္။ ရိုးသားၾကျပီး လူေတြရဲ႕ ယံုၾကည္မႈကို အျပည့္အဝရထားသူေတြပါ။ အမွန္တရားကို ျမတ္ႏုိးျပီး စြန္႔စားရဲၾကပါတယ္။ Sagittarius က လိမ္ညာတာကို မုန္းတီးတာေၾကာင့္ လိမ္တတ္တဲ့ခ်စ္သူရထားရင္ အလြယ္ေလးနဲ႔ လမ္းခြဲတတ္ၾကပါတယ္။

[Unicode]

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ နှစ်တစ်နှစ်ချင်းစီမှာ ကံကောင်းလာတတ်တဲ့ လူတွေရှိပါတယ်။ ရာသီတိုင်း နှစ်တိုင်းကတော့ ကံကောင်းချင်မှ ကံကောင်းမှာပါ။ ၂၀၂၀ မှာတော့ မိုးကောင်းကင်က ပေးအပ်လိုက်တဲ့ ဆုလာဒ်တွေနဲ့အတူ ထူးထူးခြားခြားဖြစ်လာမယ့် ရာသီခွင် (၄)ခုရှိပါတယ်။ သင်က ဒီလေးခုထဲ ပါနေမလား စိတ်ဝင်စားစရာပဲနော်။

၁။ Pisces (အချစ်လက်ဆောင်)


Pisces ရာသီဖွားတွေက လူတစ်ယောက်ကို ချစ်ရင် အပြစ်မမြင်ဘဲချစ်တတ်ပါတယ်။ လူတစ်ယောက်ရဲ့အချစ်ကို အလေးအနက်ထားတတ်ပါတယ်။ လူတွေကိုဘာမှ မမျှော်လင့်ဘဲ ကူညီပေးတတ်ပါတယ်။ မိုးကောင်းကင်က ပေးအပ်လိုက်တဲ့လက်ဆောင်ကတော့အချစ်ပါပဲ။

၂။ Cancer (ခွင့်လွှတ်တတ်ခြင်း)


Cancer ရာသီဖွားတွေက တခြားလူတွေအတွက်ဆိုရင် သူတို့ရဲ့ပျော်ရွှင်မှုကို စွန့်လွှတ်အနစ်နာခံတတ်ပါတယ်။ သူတို့ရင်းနှီးတဲ့သူတွေအတွက်ဆိုရင် အချိန်ပေးတတ်ပါတယ်။ အားစို်က်ထုတ်ပေးပါတယ်။ Cancer ရာသီဖွားတွေက စိတ်ထိခိုက်လွယ်ပြီး မျက်ရည်လွယ်ကြပါတယ်။ လူတစ်ယောက်က သူတို့အပေါ် မှားခဲ့တာရှိရင်လည်း ဒုတိယအခွင့်အရေးပေးပြီး ခွင့်လွှတ်တတ်ကြပါတယ်။ အရာရာကိုခွင့်လွှတ်တတ်ပေမယ့် ဒီအရာကို ဘယ်တော့မှ မမေ့ပါဘူး။ ကောင်းကင်က ပေးတဲ့လက်ဆောင်ကတော့ ခွင့်လွှတ်တတ်ခြင်းပါ။

၃။ Leo (ခွန်အား)


ဒီရာသီဖွားတွေက စိတ်မာကြပြီး တခြားသူတွေကို သတ္တိရှိဖို့ ညွှန်ကြားတတ်သူတွေပါ။ မတရားမှုကို မုန်းတီးပြီး အချစ်၊ သစ္စာ၊ ညီမျှမှုအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ့်သူတွေပါ။ လူတွေကို ဦးဆောင်နိုင်ပါတယ်။ ခွန်အားကြီးပြီး စိတ်ဓာတ်ခိုင်မာတဲ့ လက်ဆောင်ကို ပိုင်ဆိုင်ထားသူတွေပါ။

၄။ Sagittarius (သတ္တိနဲ့အမှန်တရား)


Sagittarius တွေက သူတို့အနားက လူတွေကို အမြဲပျော်ရွှင်စေပါတယ်။ ရိုးသားကြပြီး လူတွေရဲ့ ယုံကြည်မှုကို အပြည့်အဝရထားသူတွေပါ။ အမှန်တရားကို မြတ်နိုးပြီး စွန့်စားရဲကြပါတယ်။ Sagittarius က လိမ်ညာတာကို မုန်းတီးတာကြောင့် လိမ်တတ်တဲ့ချစ်သူရထားရင် အလွယ်လေးနဲ့ လမ်းခွဲတတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar