(Zawgyi Version)

တစ္ခါတစ္ေလမွာ ကိုယ္တိုင္ေတာင္ သတိမထားမိပဲ လုပ္ေနတဲ့အရာေတြေၾကာင့္ ကိုယ့္ရဲ႔ေပ်ာ္ရႊင္မႈေတြ ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ အၿမဲတမ္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနခ်င္တယ္ဆိုရင္ ကိုယ့္မွာရွိေနတဲ့ မေကာင္းတဲ့အက်င့္ဆိုးေတြကို ျပင္မွရပါမယ္။

ခံစားခ်က္ေတြကိုပိတ္ေလွာင္ထားတာ

ကိုယ့္ခံစားခ်က္ေတြကို ပိတ္ေလွာင္ထားတာက အရမ္းခံရခက္ပါတယ္။ စိတ္ထဲမွာျဖစ္တဲ့အတိုင္း ေပါက္ကဲြလို႔လည္းရတယ္၊ ငိုလို႔လည္းရတယ္၊ ေပ်ာ္လို႔လည္းရပါတယ္။ ကိုယ့္ကိုယ္ကိုျပန္ၿပီး ခ်ဳပ္ေႏွာင္မထားပါနဲ႔။ အရမ္းခံစားရတဲ့အခါ ယံုၾကည္ရတဲ့သူကို ရင္ဖြင့္လိုက္ပါ။ ရင္ဖြင့္လိုက္ရင္ စိတ္ထဲေပါ့ၿပီး ေနလို႔ေကာင္းသြားပါလိမ့္မယ္။

မျဖစ္ေသးတာကိုႀကိဳေတြးေနတာ

တစ္ခုခုဆိုရင္ လုပ္ေတာင္မလုပ္ရေသးဘူး၊ စေတာင္မစရေသးဘူး ႀကိဳေတြးၿပီး ပူပန္ေနတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ဘာမွမျဖစ္ခင္ထဲက ႀကိဳၿပီးစိတ္ညစ္ေနရပါတယ္။ ဒါေၾကာင့္ ေပ်ာ္ေပ်ာ္ပဲေနပါ။ မျဖစ္ေသးတာကို ႀကိဳေတြးမေနပါနဲ႔။ ျဖစ္လာမွသာ ရင္ဆိုင္လိုက္တာ သင့္အတြက္ပိုေကာင္းပါတယ္။

အတိတ္ကိုပဲျပန္ေတြးေနတာ

ၿပီးခဲ့တာေတြကို ျပန္မေတြးပါနဲ႔။ အတိတ္ကို အတိတ္မွာထားခဲ့ၿပီး လက္ရွိပစၥဳပၸန္မွာပဲ အေကာင္းဆံုးျဖစ္ေအာင္ ေနထိုင္မယ္ဆိုရင္ ေပ်ာ္ရႊင္ရမွာပါ။ အတိတ္ကိုပဲ ျပန္ေတြးေနလို႔ကေတာ့ ကိုယ္စိတ္ကိုေလွာင္ထားသလို ျဖစ္ေနမွာပါ။

တျခားသူကိုအာရံုစိုက္ေနတာ

ကိုယ္လုပ္ရမယ့္အရာကိုပဲ အာရံုစိုက္ပါ။ သူမ်ားအျမင္ေတြ၊ သူမ်ားေျပာဆိုမွာေတြကို လိုက္ၿပီးအာရံုစိုက္မေနပါနဲ႔။ သူမ်ားကိုပဲအာရံုစိုက္ေနရင္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈလည္း ရွိေတာ့မွာမဟုတ္ဘူး။ အၿမဲေၾကာက္ရြံ႕ၿပီး ေပ်ာ္ခ်င္တိုင္းေပ်ာ္လို႔ေတာင္ မရပါဘူး။

Photo Source: www.pexels.com

(Unicode Version)

တစ်ခါတစ်လေမှာ ကိုယ်တိုင်တောင် သတိမထားမိပဲ လုပ်နေတဲ့အရာတွေကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ ပျက်စီးစေပါတယ်။ ဒါကြောင့် အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင် ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့အကျင့်ဆိုးတွေကို ပြင်မှရပါမယ်။

ခံစားချက်တွေကိုပိတ်လှောင်ထားတာ

ကိုယ့်ခံစားချက်တွေကို ပိတ်လှောင်ထားတာက အရမ်းခံရခက်ပါတယ်။ စိတ်ထဲမှာဖြစ်တဲ့အတိုင်း ပေါက်ကွဲလို့လည်းရတယ်၊ ငိုလို့လည်းရတယ်၊ ပျော်လို့လည်းရပါတယ်။ ကိုယ့်ကိုယ်ကိုပြန်ပြီး ချုပ်နှောင်မထားပါနဲ့။ အရမ်းခံစားရတဲ့အခါ ယုံကြည်ရတဲ့သူကို ရင်ဖွင့်လိုက်ပါ။ ရင်ဖွင့်လိုက်ရင် စိတ်ထဲပေါ့ပြီး နေလို့ကောင်းသွားပါလိမ့်မယ်။

မဖြစ်သေးတာကိုကြိုတွေးနေတာ

တစ်ခုခုဆိုရင် လုပ်တောင်မလုပ်ရသေးဘူး၊ စတောင်မစရသေးဘူး ကြိုတွေးပြီး ပူပန်နေတာမျိုးတွေ မလုပ်ပါနဲ့။ ဘာမှမဖြစ်ခင်ထဲက ကြိုပြီးစိတ်ညစ်နေရပါတယ်။ ဒါကြောင့် ပျော်ပျော်ပဲနေပါ။ မဖြစ်သေးတာကို ကြိုတွေးမနေပါနဲ့။ ဖြစ်လာမှသာ ရင်ဆိုင်လိုက်တာ သင့်အတွက်ပိုကောင်းပါတယ်။

အတိတ်ကိုပဲပြန်တွေးနေတာ

ပြီးခဲ့တာတွေကို ပြန်မတွေးပါနဲ့။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး လက်ရှိပစ္စုပ္ပန်မှာပဲ အကောင်းဆုံးဖြစ်အောင် နေထိုင်မယ်ဆိုရင် ပျော်ရွှင်ရမှာပါ။ အတိတ်ကိုပဲ ပြန်တွေးနေလို့ကတော့ ကိုယ်စိတ်ကိုလှောင်ထားသလို ဖြစ်နေမှာပါ။

တခြားသူကိုအာရုံစိုက်နေတာ

ကိုယ်လုပ်ရမယ့်အရာကိုပဲ အာရုံစိုက်ပါ။ သူများအမြင်တွေ၊ သူများပြောဆိုမှာတွေကို လိုက်ပြီးအာရုံစိုက်မနေပါနဲ့။ သူများကိုပဲအာရုံစိုက်နေရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ရှိတော့မှာမဟုတ်ဘူး။ အမြဲကြောက်ရွံ့ပြီး ပျော်ချင်တိုင်းပျော်လို့တောင် မရပါဘူး။

Photo Source: www.pexels.com