မင်္ဂလာပါ ပျိုမေတို့ရေ။

အခုဆိုရင်ပဲ ဆောင်းကုန်လို့ နွေရာသီးကို တဖြည်းဖြည်းရောက်လို့လာပြီနော်။ ဆိုတော့ ပူအိုက်တဲ့နွေရာသီမှာ စာဖတ်သူတို့ ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဖက်ရှင်တွေကို အကြံပြုချင်ပါတယ်။

အကြံပြုချက်က သိပ်အများကြီးတော့မဟုတ်ပါဘူး။ ၄ ချက်ထဲပါနော်။

၁။ ဖိနပ်

နွေရာသီအတွက် ဖိနပ်ကို ရွေးချယ်ရာမှာ သိပ်ကိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နွေရာသီမှာ ခြေစေးထွက်တတ်ကြလို့ပါ။ ဖိနပ်ကိုဝယ်ယူရမှာ ကိုယ်နဲ့ ကွက်တိ ဒါမှမဟုတ် နည်းနည်းလေးချေင်တဲ့ ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

ဒါ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ သွားလာရလွယ်ကူတဲ့ ဖိနပ်မျိုးကို ၀ယ်ယူသင့်ပါတယ်။

၂။ ချည်သား

ကျွန်မတို့တွေဟာ ကိုယ်ဝတ်မဲ့အိင်္ကျီအ၀တ်အစားအတွက် Shopping ထွက်ပြီး အလွယ်တကူဝယ်ယူလေ့ရှိကြပါတယ်။ ဒီလိုဝယ်ယူတဲ့အခါမှာ ချွေးထွက်တာကိုသက်သာစေတဲ့ ချွေးစုပ်ပေးနိုင်တဲ့ ချည်သား (သို့) ရက်ထည်ကို ရွေးဝယ်ပါ။ အမည်းရောင် နဲ့ အရောင်တောက်တောက်တွေကို ရှောင်ပါ။

၃။ အ၀တ်အစားကို ပုံစံ ပြောင်းပစ်ပါ။

နွေရာသီဆိုတော့ ဆောင်းရာသီမှာ ၀တ်ခဲ့တဲ့ ၀တ်စားပုံတွေကို ပြောင်းပစ်ပါ။ ဒီလိုပြောင်းဆိုတဲ့နေရာမှာ ကိုယ့်ရပ်ကွက်ထဲက အပ်ချုပ်ဆိုင်လေးက အကူအညီဖြစ်ပါတယ်။ စာဖတ်သူတို့နားမှာလည်း အပ်ချုပ်ဆိုင်ရှိမယ်လို့မျှော်လင့်ပါတယ်။ ကိုယ်အရင်က ၀တ်ခဲ့တဲ့ ကြမ်းပြင်ထိရှည်တဲ့ စကတ်ကို အတိုလေး ပြောင်းပြီး ချုပ်လိုက်တာမျိုး၊ အရင်က အပေါ်ဝတ်ဂျက်ကပ်အရှည်ကို ဖြတ်ပြီး လက်ပြတ်ဝတ်လိုက်တာမျိုးလုပ်နိုင်ပါတယ်။

၎။ မိတ်ကပ်ကို အမြဲဂရုစိုက်ပါ။

နွေရာသီမှာ ရာသီဥတုကပူလို့ မိတ်ကပ်ရည်တွေ အရည်ပျော်လာတာ တခြားအလှပြင်ပစ္စည်းတွေ အရည်ပျော်လာတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့် slim bag ထဲထည့်ပြီး သယ်သွားနေတဲ့ မိတ်ကပ် အလှပြင်ပစ္စည်းတွေကို အထူးဂရုစိုက်ပါ။

ညဖက်မှာ ကိုယ့်ရဲ့ အိတ် (သို့) အလှပြင်ပစ္စည်းထည့်ထားတဲ့အိတ်တွေကို အေးတဲ့နေရာမှာထားတာမျိုးပြုလုပ်ပေးသင့်ပါတယ်။

Source: stylecaster.com