အားလုံးပဲ မင်္ဂလာပါနော်။ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိကြပါတယ်။ တချို့က အချိန်တန်ရင် အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားပြီး တချို့ကျတော့လည်း တစ်သက်လုံးတစ်ယောက်တည်းနေမယ်လို့ တွေးတတ်ကြပါတယ်။ တစ်ခုရှိတာက သူများတွေအကုန် လင်ယူသားမွေးအိမ်ထောင်ပြုကြလို့ သင်ပါ လိုက်ပြီးလုပ်နေစရာမလိုပါဘူး။ လေ့လာမှုတစ်ခုမှာတော့ လူအများစုဟာ အသက် ၃၀ ကျော်မှာတော့ တစ်ယောက်တည်းနေတာထက် အိမ်ထောင်ပြုချင်လာပါတယ်တဲ့။

တချို့အပျိုကြီးတွေ အသက်ကြီးမှ အိမ်ထောင်ပြုတာတွေမြင်ဖူးမှာပါ။ ပျိုမေတို့အနေနဲ့ အိမ်ထောင်ပြုဖို့ စိတ်ကူးလိုက်တာနဲ့ စဉ်းစားစရာတွေအများကြီးပေါ်လာမှာပါ။ ကိုယ်နဲ့ယူမယ့်လူက ကြည့်ကောင်းရမယ်။ ငွေကြေးပြည့်စုံရမယ်။ အလုပ်အကိုင်ကောင်းရှိရမယ်စတာတွေပါ။ ဒါတွေထက် အဓိကကျတဲ့ အချက်တွေရှိပါသေးတယ်။  ယောကျာ်းတစ်ယောက်ကို ဒီအချက် ၄ ချက်နဲ့ ယှဉ်ကြည့်ပြီး သင့်ဘဝအတွက် ရွေးချယ်သင့်မသင့် ဆုံးဖြတ်နိုင်ပါတယ်။ ဒါတွေကတော့-

၁။ သင်က သင့်ဘဝရဲ့ အရေးကြီးတဲ့အကြောင်းတွေကို သူ့ကိုပြောပြတယ်

အရေးကြီးတဲ့အကြောင်းတွေ လျို့ဝှက်ချက်တွေကို ပြောပြနေပြီဆိုမှတော့ ဒီလူကို သင်ယုံလို့ပါ။ သင်တို့နှစ်ယောက်က တန်ဖိုးထားတတ်တဲ့အရာတွေလည်း တူတတ်ကြပါတယ်။ ဒီလိုလူကို ပိုင်ဆိုင်ထားရင်တော့ သင်ကံကောင်းပါပြီ။

၂။ အတူရှိရင်ပျော်ရွှင်တယ်

တစ်လနှစ်လတွဲပြီး ပျော်ရွှင်ရတာမျိုးကို မဆိုလိုပါဘူး။ နှစ်တွေကြာတာတောင် သူနဲ့တွေ့တဲ့အချိန် သင်ပျော်တယ်။ အတူတူပျော်နေတုန်းပဲဆိုရင်တော့ သူ့ကို လက်မလွှတ်ပါနဲ့တော့။

၃။ သူက ရိုးသားတယ်

သူက သင့်အပေါ်မရိုးသားတဲ့ အရိပ်အယောင်တွေ့တာနဲ့ သတိထားသင့်ပါတယ်။ အိမ်ထောင်မပြုခင်အချိန်မှာတောင် လိမ်တတ်ရင်တော့ သင်စဉ်းစားသင့်ပါတယ်။ အိမ်ထောင်ပြုတဲ့အချိန် ပိုဆိုးမှာပါ။ ရိုးသားတဲ့ယောကျာ်းတစ်ယောက်က ဘာပဲဖြစ်ဖြစ်အမှန်အတိုင်းပဲ ပြောတတ်ပါတယ်။

၎။ စကားများတဲ့အချိန် မျှမျှတတပဲ ပြောတတ်တယ်

သင်နဲ့သူ စိတ်အခန့်မသင့်ပြီး ရန်ဖြစ်တဲ့အချိန်ဆိုတာ ရှိမှာပါ။ ဒါပေမဲ့ရန်ပွဲပြီးတဲ့အချိန်မှာ သဘောတူညီမှုတွေ၊ ဆုံးဖြတ်ချက်တွေ သူပြောရပါမယ်။ ဒီလိုမှမဟုတ်ဘဲ သင်တို့ရန်ဖြစ်တိုင်း သင့်ဘက်ကပဲ မှားတယ်ပြောနေရရင်တော့ လက်ထပ်သင့်လား စဉ်းစားသင့်ပါတယ်။ သူက နောက်ဒီလိုမဖြစ်အောင် ဘာလုပ်သင့်တယ် အေးအေးဆေးဆေးပြောလာရင်တော့ သူက လက်ထပ်ဖို့ သင့်တော်သူပါ။

ပျိုမေတို့အားလုံး ကိုယ်နဲ့သင့်တော်ပြီး လိုက်ဖက်တဲ့ ဖူးစာဖက်နဲ့ ဆုံစည်းနိုင်ပါစေနော်။

Photo Source: Pinterest

By MyStyle Myanmar