မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လူတိုင်းလှချင်ကြပါတယ်။ ဆွဲဆောင်မှုရှိချင်ကြပါတယ်။ တချို့တွေကျတော့ သူ့အလိုလိုနေရင်းကို ဆွဲဆောင်မှုရှိနေကြတာပါ။ ဒီတော့ ရာသီခွင်တွေထဲမှာ ဆွဲဆောင်မှုအရှိဆုံး ရာသီခွင် လေးခုအကြောင်း ပြောပြပေးပါမယ်။ သင်ကော ဒီထဲပါနေမလား ကြည့်ကြည့်လိုက်ပါ။

၁။ Pisces (February 18 ကနေ March 20)

ဒီရာသီဖွားတွေက ကဗျာဆန်ပါတယ်။ Confident ရှိပြီး သူ့တို့ခံစားချက်ကိုလည်း ဖော်ပြဖို့ တုံ့နှေးမနေပါဘူး။ ဒီအကျင့်ကပဲ သူတို့ကို ပိုပြီး ဆွဲဆောင်မှုရှိစေတာပါ။ သူတို့က သင့်ကို တုံ့ဆိုင်းမနေဘဲ သူတို့ခံစားချက်ကို ပြောပြမှာပါ။

သူတို့ရည်မှန်းချက်က အချစ်စစ်ကိုရှာပြီး အတည်တကျနေနိုင်ဖို့ပါ။ သူတို့ချစ်ရသူကိုလည်း လွတ်လပ်မှုအပြည့်ပေးပါတယ်။ သူတို့က အကြွင်းမဲ့ချစ်တတ်ကြပြီး အချစ်ပြန်ရဖို့လည်း မမျှော်လင့်ပါဘူး။ ဒီအရာတွေကပဲ ဆွဲဆောင်မှုရှိနေတာပဲ။

၂။ Leo (July 23 ကနေ August 23)

သူတို့က သင့်ဘဝအတွက် အသင့်တော်ဆုံးဘဝလက်တွဲဖော်ပါ။ ဒီရာသီဖွားတွေက သင့်ဘဝကြီးကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး နေရကျိုးနပ်တဲ့ ဘဝတစ်ခုပိုင်ဆိုင်စေမှာပါ။ သူတို့နဲ့အတူရှိရင် ဘဝကြီးက ရိုးရှင်းနေတတ်ပါတယ်။

ဒီရာသီမွေးဖွားသူတွေက ကြည့်ကောင်းလွန်းတာကြောင့် သင်အမြဲသဝန်တိုနေရမှာပါ။ သူတို့က သင့်ကို ပထမနေရာကနေ ဦးစားပေးမှာပါ။ သင်က ဒီရာသီခွင်တွေရဲ့ နှလုံးသားထဲမှာ နေရာယူလိုက်တာနဲ့ သင့်အတွက် ပျော်စရာတွေပဲဖြစ်မှာပါ။

သင့်ခံစားချက်တွေကို ဒီရာသီဖွားတွေက နားလည်ပေးနိုင်ပါတယ်။ သူတို့ဆီမှာ ပိုင်ဆိုင်တဲ့ အလှဆုံးအရာတစ်ခုကတော့ သူတို့အပြုံးပါပဲ။

၃။ Cancer (June 21 ကနေ July 23)

Cancer ရာသီဖွားတွေမှာ ဆွဲဆောင်မှုအရှိဆုံးကတော့ သူတို့ရဲ့ ဟာသဥာဏ်ပါပဲ။ ဒီရာသီဖွားတွေဟာ Sensitive ဖြစ်လွယ်တာကြောင့် သူတို့တွေဟာ စိတ်ကူးယဉ်အဆန်ဆုံး ရာသီခွင်တွေပါ။

သူတို့က နှစ်ပတ်လည်နေ့တိုင်းကိုလည်း အမှတ်ရနေသူတွေပါ။

၎။ Scorpio (October 23 ကနေ November 22)

ဒီရာသီခွင်တွေမှာ ဆွဲဆောင်မှုအရှိဆုံးကတော့ Surprise လုပ်တတ်တာပါပဲ။ သူတို့ဘဝက စွန့်စားမှုတစ်ခုဖြစ်ပြီး အသစ်အသစ်တွေကို စမ်းသပ်ကြည့်ဖို့ အဆင်သင့်ပါပဲ။ တစ်နေရာတည်းမှာ ကျေနပ်တတ်သူတွေမဟုတ်ပါဘူး။ ဒီရာသီခွင်ပိုင်ရှင်တွေက အမှီအခိုကင်းကြပါတယ်။ သူတို့က သင့်အနားမှာရှိနေရင် သင်ဟာ ပိုတော်တဲ့လူတစ်ယောက်ဖြစ်စေမှာပါ။ သင်နဲ့ ဒီရာသီခွင်အတူတူရှိရင် စိန်ခေါ်မှုအသစ်တွေကို တူတူရင်ဆိုင်ကြပြီး ဒါကပဲ ဆွဲဆောင်မှုရှိနေတာပါ။

Photo Source: Pinterest

By MyStyle Myanmar