(Zawgyi Version)

မ်က္ကြင္းညိဳတဲ့သူေတြက မိတ္ကပ္လိမ္းလိုက္မွ မ်က္ကြင္းညိဳတာေတာင္ ပိုသိသာသြားတာမ်ိဳး၊ မိတ္ကပ္ဘယ္ေလာက္လိမ္းလိမ္း မ်က္ကြင္းေနရာပဲ ညိဳမဲေနတာမ်ိဳးေတြ ျဖစ္ဖူးၾကမွာပါ။ ဒီလိုျဖစ္တယ္ဆိုတာလည္း မိတ္ကပ္လိမ္းတဲ့အခ်ိန္မွာ လုပ္မိတဲ့အမွားတခ်ိဳ႔ေၾကာင့္ပါ။ ဒါေၾကာင့္ မ်က္ကြင္းညိဳတဲ့သူေတြအေနနဲ႔ မိတ္ကပ္လိမ္းတဲ့အခါမွာ မျပဳလုပ္သင့္တဲ့ အခ်က္ (၄) ခ်က္ကို ေျပာျပေပးလိုက္ပါတယ္။

Concealer မသံုးပဲမေနပါနဲ႔

မ်က္ကြင္းညိဳတဲ့သူေတြအတြက္ မရွိမျဖစ္က Concealer ပါပဲ။ Concealer မွာမွ အေရာင္အမ်ိဳးမ်ိဳးလည္း ရွိတာျဖစ္လို႔ ကိုယ္က ဘာေၾကာင့္မ်က္ကြင္းညိဳတာလဲ နည္းနည္းပဲညိဳတာလား၊ အရမ္းညိဳတာလားဆိုတာကိုၾကည့္ၿပီး မွန္ကန္တဲ့ Concealer ကို ေရြးဝယ္ပါ။ ၿပီးရင္ ေအာက္ခံမိတ္ကပ္ Foundation မလိမ္းခင္မွာ Concealer နဲ႔ မ်က္ကြင္းညိဳတာကို ဖံုးေပးပါ။ Concealer မသံုးပဲ မိတ္ကပ္လိမ္းရင္ မ်က္ႏွာပဲကြက္ျဖဴၿပီး မ်က္ကြင္းက ညိဳေနတာ ပိုသိသာသြားပါလိမ့္မယ္။

Photo Source: www.goodhousekeeping.com

မ်က္လံုးေအာက္ေတြကို Eyeliner မဆိုးပါနဲ႔

မ်က္လံုးေအာက္ေတြကိုပါ Eyeliner ဆိုးလိုက္ရင္ Eyeliner ျပန္႔သြားတဲ့အခါမ်ိဳးမွာ မ်က္ကြင္းညိဳတာ ပိုဆိုးသြားပါလိမ့္မယ္။ မ်က္လံုးေအာက္ေတြကိုပါ မဲနက္ေနေအာင္ Eyeliner ဆိုးတာက မ်က္ကြင္းပိုညိဳသလုိလည္း ျဖစ္ေစပါတယ္။

Photo Source: www.caffeinamagazine.it

မ်က္လံုးေအာက္ကို Eyeshadow အေရာင္ရင့္တာ၊ ေမွာင္တာေတြ မျခယ္ပါနဲ႔

မ်က္လံုးေအာက္ဘက္ေတြကို တခ်ိဳ႔က Eyeshadow ျခယ္ေလ့ရွိပါတယ္။ Eyeshadow အေရာင္ေတာက္တာေလးေတြကေတာ့ ကိစၥမရွိေပမယ့္ အေရာင္ရင့္ၿပီး ေမွာင္တဲ့ဘက္သြားတာမ်ိဳးေတြက်ေတာ့ မ်က္ကြင္းပိုညိဳသလို ျဖစ္သြားေစပါတယ္။

Photo Source: www.thedailystar.net

ေအာက္မ်က္ေတာက္ကို Mascara နဲ႔မေကာ့ပါနဲ႔

မ်က္ေတာင္ေကာ့ရင္ အေပၚမ်က္ေတာင္ကိုပဲ Mascara နဲ႔ေကာ့ပါ။ ေအာက္မ်က္ေတာင္ကို Mascara နဲ႔ မေကာ့ပါနဲ႔။ ေအာက္မ်က္ေတာင္ကိုပါ Mascara နဲ႔ေကာ့လိုက္ရင္ မ်က္ေတာင္ပိုရွည္ၿပီး အရိပ္က်သလို ျဖစ္သြားတဲ့အတြက္ မ်က္ကြင္းပိုညိဳသြားေစပါတယ္။ တစ္ခါတစ္ေလ မ်က္ေတာင္ေကာ့ေဆးေတြ ေပတဲ့အခါ၊ ျပန္႔သြားတဲ့အခါမ်ိဳးမွာဆိုလည္း မ်က္ကြင္းပိုညိဳသလို ျဖစ္သြားပါလိမ့္မယ္။

Photo Source: www.cosmopolitan.com

(Unicode Version)

မျက်ကွင်းညိုတဲ့သူတွေက မိတ်ကပ်လိမ်းလိုက်မှ မျက်ကွင်းညိုတာတောင် ပိုသိသာသွားတာမျိုး၊ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း မျက်ကွင်းနေရာပဲ ညိုမဲနေတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်တယ်ဆိုတာလည်း မိတ်ကပ်လိမ်းတဲ့အချိန်မှာ လုပ်မိတဲ့အမှားတချို့ကြောင့်ပါ။ ဒါကြောင့် မျက်ကွင်းညိုတဲ့သူတွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါမှာ မပြုလုပ်သင့်တဲ့ အချက် (၄) ချက်ကို ပြောပြပေးလိုက်ပါတယ်။

Concealer မသုံးပဲမနေပါနဲ့

မျက်ကွင်းညိုတဲ့သူတွေအတွက် မရှိမဖြစ်က Concealer ပါပဲ။ Concealer မှာမှ အရောင်အမျိုးမျိုးလည်း ရှိတာဖြစ်လို့ ကိုယ်က ဘာကြောင့်မျက်ကွင်းညိုတာလဲ နည်းနည်းပဲညိုတာလား၊ အရမ်းညိုတာလားဆိုတာကိုကြည့်ပြီး မှန်ကန်တဲ့ Concealer ကို ရွေးဝယ်ပါ။ ပြီးရင် အောက်ခံမိတ်ကပ် Foundation မလိမ်းခင်မှာ Concealer နဲ့ မျက်ကွင်းညိုတာကို ဖုံးပေးပါ။ Concealer မသုံးပဲ မိတ်ကပ်လိမ်းရင် မျက်နှာပဲကွက်ဖြူပြီး မျက်ကွင်းက ညိုနေတာ ပိုသိသာသွားပါလိမ့်မယ်။

Photo Source: www.goodhousekeeping.com

မျက်လုံးအောက်တွေကို Eyeliner မဆိုးပါနဲ့

မျက်လုံးအောက်တွေကိုပါ Eyeliner ဆိုးလိုက်ရင် Eyeliner ပြန့်သွားတဲ့အခါမျိုးမှာ မျက်ကွင်းညိုတာ ပိုဆိုးသွားပါလိမ့်မယ်။ မျက်လုံးအောက်တွေကိုပါ မဲနက်နေအောင် Eyeliner ဆိုးတာက မျက်ကွင်းပိုညိုသလိုလည်း ဖြစ်စေပါတယ်။

Photo Source: www.caffeinamagazine.it

မျက်လုံးအောက်ကို Eyeshadow အရောင်ရင့်တာ၊ မှောင်တာတွေ မခြယ်ပါနဲ့

မျက်လုံးအောက်ဘက်တွေကို တချို့က Eyeshadow ခြယ်လေ့ရှိပါတယ်။ Eyeshadow အရောင်တောက်တာလေးတွေကတော့ ကိစ္စမရှိပေမယ့် အရောင်ရင့်ပြီး မှောင်တဲ့ဘက်သွားတာမျိုးတွေကျတော့ မျက်ကွင်းပိုညိုသလို ဖြစ်သွားစေပါတယ်။

Photo Source: www.thedailystar.net

အောက်မျက်တောက်ကို Mascara နဲ့မကော့ပါနဲ့

မျက်တောင်ကော့ရင် အပေါ်မျက်တောင်ကိုပဲ Mascara နဲ့ကော့ပါ။ အောက်မျက်တောင်ကို Mascara နဲ့ မကော့ပါနဲ့။ အောက်မျက်တောင်ကိုပါ Mascara နဲ့ကော့လိုက်ရင် မျက်တောင်ပိုရှည်ပြီး အရိပ်ကျသလို ဖြစ်သွားတဲ့အတွက် မျက်ကွင်းပိုညိုသွားစေပါတယ်။ တစ်ခါတစ်လေ မျက်တောင်ကော့ဆေးတွေ ပေတဲ့အခါ၊ ပြန့်သွားတဲ့အခါမျိုးမှာဆိုလည်း မျက်ကွင်းပိုညိုသလို ဖြစ်သွားပါလိမ့်မယ်။

Photo Source: www.cosmopolitan.com