မိုးရာသီထဲရောက်လာပြီနော်။ ရာသီဥတုက အရင်လိုမပူတော့တာကြောင့် ခေါင်းလျှော်တဲ့ရက်တွေလည်း ပျိုမေတို့အတွက် ရက်ကျဲလာမှာပါ။ အမြဲအလုပ်ရှုပ်နေတဲ့ ပျိုမေအချို့ကတော့ တစ်ပတ်မှာ တစ်ကြိမ်ပဲလျှော်ဖြစ်ကြပါတယ်။ ခေါင်းခဏခဏလျှော်တာက သင့်ဦးရေပြားကို ထိခိုက်စေပါတယ်။ ဒီတစ်ခေါက်မှာတော့ ခေါင်းလျှော်ဖို့မအားလပ်တဲ့ပျိုမေတွေအတွက် ခေါင်းလျှော်ထားတာထက် ပိုလှသွားစေမယ့် ဆံပင်စည်းနည်းလေးမျိုးကို ဖော်ပြပေးချင်ပါတယ်။

ဒါကို မပြောခင် ခေါင်းမလျှော်ဖြစ်ခဲ့ရင် ခေါင်းအနံ့မထွက်စေဖို့ အကူပစ္စည်းတစ်မျိုးသုံးသင့်ပါတယ်။ ဒါကတော့ Dry Shampoo ပါ။ Dry Shampoo ကို Cosmetics brand အများစုမှာ တွေ့လာရပါပြီ။ Dry Shampoo က သင့်ခေါင်းထဲက အဆီကိုစုပ်ယူပေးပြီး ဆံပင်ခေါင်းလျှော်ထားသလို လန်းဆန်းနေစေပါတယ်။ Dry Shampoo အသုံးပြုနည်းကတော့

Dry Shampoo ဗူးကို လှုပ်ပြီးဆံပင်အပေါ်ပိုင်းကို ဖြန်းပေးပါ။ ၆ လက်မကနေ ၁၁ လက်မအကွာကနေ ဆံပင်ဦးရေပြားကို ဖြန်းပေးပါ။

ကိုယ့်အပေါ်ယံဦးရေပြားကို ဖြန်းဖို့မမေ့ပါနဲ့။ တစ်လွှာပြီးတစ်လွှာဖြန်းသွားပါ။ ဖြန်းနေတဲ့အချိန် ဆံပင်လက်နဲ့ ခါပေးပါ။

Dry Shampoo ကို စက္ကန့် ၃၀ လောက်ဦးရေပြားထဲစုပ်ဝင်ပါစေ။

ဒီသုံးနည်းကို ဘာလို့ပြောနေတာလဲဆိုတော့ ဆံပင်စည်းခါနီး Dry Shampoo သုံးပေးတာက သင့်ကို ခေါင်းလျှော်သလိုဘဲ ဆံပင်အတွက်ကောင်းမွန်စေပါတယ်။ ဆံပင်စည်းရအဆင်ပြေစေပါတယ်။ ဒီတော့ စည်းနည်းပြောမယ်နော်။

ဆံပင်စည်းနည်း-၁

ဒီစည်းနည်းက ဆံပင်အဖျား ကြမ်းတဲ့သူတွေဖုန်းကွယ်ထားဖို့အတွက် အဆင်ပြေပါတယ်။

၁။ ဆံပင်အားလုံးကို တစ်ဝက်ဆံထုံးပုံစံထုံးလိုက်ပါ။

၂။ ဆံပင်မြီးကို အပြင်ထုတ်လိုက်ပါ။

၃။ ထုတ်ပြီးနောက် ခေါင်းစည်းကြိုးပတ်လည်ကို ဆံပင်မြီးပတ်လိုက်ပါ။

၎။ ဒီအမြီးကို ခေါင်းစည်းကြိုးနောက် ဆံထုံးအောက်ကို ထိုးထည့်လိုက်ပါ။

ဆံပင်စည်းနည်း-၂

၁။ ဆံပင်စည်းလိုက်ပါ။ ဆံပင်အနည်းငယ်ယူပြီး ခေါင်းစည်းကြိုးပေါ် ပတ်လိုက်ပါ။

၂။ ဆံပင်စည်းထားတာကို နှစ်ခွလုပ်လိုက်ပါ။

၃။ ငါးမြီးပုံစံကျစ်လိုက်ပါ။

၎။ ဆံပင်အမြီးအနည်းငယ်ကို ခေါင်းစည်းကြိုးပေါ်ပတ်ပြီး နောက်မှာထားလိုက်ပါ။

ဆံပင်စည်းနည်း-၃

၁။ ဆံပင်စည်းလိုက်ပါ။ ဒါကို တစ်ဝက်ခွဲလိုက်ပါ။

၂။ အပေါ်ခွဲထားတဲ့ဆံပင်ကို ခေါင်းစည်းကြိုးနဲ့ စည်းပေးပါ။

၃။ ဆံပင်အလည်မှာ အပေါက်ပုံစံလုပ်ပါ။ ပြီးတာနဲ့ အောက်ကခွဲထားတဲ့ဆံပင်ကို အပေါက်ထဲထည့်လိုက်ပါ။

၎။ ပုံစံပေါ်လာတဲ့ဆံပင်အစည်းကို ခေါင်းစည်းကြိုးနဲ့ ထပ်စည်းပါ။ အဆုံးရောက်တာနဲ့ အပေါ်က နည်းလမ်းအတိုင်းဆက်လုပ်သွားပါ။

ဆံပင်စည်းနည်း-၎

သင့်ဆံပင်ကို ကျစ်ဆံမြီးကျစ်လိုက်ပါ။ ကျစ်ဆံမြီးကို ခေါင်းစည်းကြိုးပေါ်ဆံထုံးလိုထုံးလိုက်ပါ။ ယိုးဒယားကလစ်နဲ့လိုက်ညှပ်ပေးပါ။

Source: twistmepretty.com

By MyStyle Myanmar