Liner ဆိုးတယ်ဆိုတာ တချို့သူတွေအတွက်တော့ လွယ်ပေမယ့် တချို့သူတွေအတွက်တော့လည်း ခက်ပြန်ပါတယ်။ ဒီတခါမှာတော့ လိုင်နာဆိုးတဲ့နေရာမှာ  ကြုံတွေ့နေရတဲ့ အခက်အခဲတချို့ကို ဖြေရှင်းနိုင်မယ့် အခြေခံကျကျ Liner ဆိုးနည်း (၄) မျိုးကို မျှဝေပေးသွားပါမယ်။

လိုင်နာတောင်ပံ

အခုပုံမှာ တစ်ဆင့်ချင်းပြထားပါတယ်နော်။ အရင်ဆုံး မျက်လုံးအစွန်းထောင့်ကနေ အပေါ်ကို တကြောင်း ဖြောင့်ဖြောင့်ဆွဲပါ။ ပြီးရင် အဲဒီအပေါ်ကနေ ပြန်ဆက်လိုက်ပါ။

ပြီး၇င် မျက်လုံးထောင့်အစကနေ စောစောက ဆွဲထားတဲ့ နေရာထားထိ ဆက်ပေးလိုက်ပါ။ ပြီးရင်တော့ အတွင်းဖက်မှာ လွတ်နေတဲ့နေရာမှာ လိုင်နာအမည်းတွေ လိုက်ဖြည့်ပါ။

Eye Shadow Liner

Liner ကိုခပ်ကြီးကြီးနဲ့ Shadow ပုံစံမျိုးဆိုးပေးမှာဖြစ်ပါတယ။်စောစောကလိုပဲ မျက်လုံးအစွန်းထောင့်ကနေ စပြီး အပေါ်ကို ဆွဲလိုက်ပါ။ ပြီးရင် အဲဒီအစွန်းနားကနေ မျက်ခွံအစထိပ်နားထိ ဆွဲပေးပြီး ဆက်ပေးပါ။ အဲဒီနောက် လိုင်နာအမည်းလိုက်ဖြည့်ပါ။ လိုင်နာကိုအခြောက်သုံးမှအဆင်ပြေမှာပါ။ ပြီးရင်မျက်ခမ်းအောက်နားကို ထပ်ဆိုးပေးလိုက်ပါ။ အပေါ်က ရှဲဒိုးအလက်လေး ထပ်ထည့်လိုက်ပါ။

မျက်တောင်ကော့လိုက်ပါ။

Cat Eye

အရင်ဆုံး မျက်ခွံအစနဲ့ အဆုံးနှစ်ဖက်ကို မျဉ်းပြိုင်လိုမျိုးနှစ်ကြောင်း ဆွဲလိုက်ပါ။ ပြီးရင် အဲဒီအစွန်းထောင့်လေးနဲ့ အခုပုံမှာပြထားသလိုပဲ ဆက်ပေးလိုက်ပါ။ ပြီး၇င် အဲဒီအတွင်းနားကို လိုင်နာဖြည့်လိုက်ပါ။ အဲဒီနောက် မျက်လုံးအစနဲ့ အဆုံးကို ဆက်ပြီးဆွဲပေးရပါမယ်။ ပြီးရင် မျက်ခမ်းနားကိုလည်း လိုင်နာအမည်းထည့်လိုက်ပါ။

Tight Lining the Eyes

မျက်ရစ်အတွင်းနားကို လိုင်နာချယ်တာဖြစ်ပါတယ်။ လိုင်နာအခြောက်ကိုပဲသုံးပေးရမှာပါ။ ဒီလိုချယ်တာမျိုးက မျက်ရစ်မရှိတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အရင်ဆုံးမျက်ခွံကို လက်မနဲ့ အနည်းငယ်လှန်ပေးထားလိုက်ပြီး မျက်ခွံအတွင်းပိုင်းကို လိုင်နာ ဆိုးပေးရမှာပါ။ ပြီးရင် မျက်ခမ်းနားကိုလည်း ဆိုးပေးပါ။

လှလည်းလှ ဆွဲတာလည်း လွယ်ကူတဲ့ Eyeliner ဆွဲနည်း (၄) မျိုး

တခြားပုံမှန်ဆိုးတာနဲ့ မျက်လုံးအတွင်းပိုင်းဆိုးတာ ကွာခြားပုံကို ကြည့်ရင်သိနိုင်ပါတယ်။