[Zawgyi]

ယေန႔ေခတ္မွာအလုပ္တစ္ခုရဖုိ႔ မလြယ္ကူဘူးဆုိတာမွန္ပါတယ္။ဒါေပမယ့္ ဒီထက္ပိုေကာင္းတဲ့ေနရာ ပိုၿပီးျမင့္တဲ့ေနရာတစ္ခုကုိေရာက္ခ်င္ရင္ စိန္ေခၚရဲတဲ့သတိၱေတာ့ရွိဖို႕လိုပါလိမ့္မယ္။တစ္ခ်ဳိေသာလူေတြကေတာ့ ပံုမွန္အတိုင္းပဲ ေန႔စဥ္လုပ္ေနက် လုပ္ငန္းေဆာင္တာေတြနဲ႔ အလုပ္ရဲ႕ Comfort Zone မွာနစ္မြန္းေနတက္ၾကတာမ်ုိးပါ။Comfort Zone ျဖစ္ေနတဲ့အလုပ္ကထြက္ဖို႔ စဥ္းစားတိုင္းမွာလည္း အခုေျပာျပမယ့္ စိုးရိမ္စိတ္ေတြကို ခံစားေနရမွာျဖစ္ပါတယ္။

(၁) အသစ္ကေန ျပန္စရမယ္

Source : Forbes.com

အလုပ္သစ္ဆိုတာ ကိုယ့္နာမည္ကို မိတ္ဆက္ျပီး ခ်က္ခ်င္းဝင္သြားလို ့ရတာ မဟုတ္ပါဘူး။ ကိုယ္သိထားတဲ့ အသိေတြအျပင္ တစ္ျခားအသစ္ေတြကိုပါ ကိုယ့္ကိုယ္ကို မိတ္ဆက္ရတာပါ။ Comfort Zone ကေန ခြာဖို ့အတြက္ လူေတြ လန္ ့ရတာေတြထဲမွာ အခုေျပာတဲ့ အစကေန ျပန္စရတဲ့ အေျခအေနလည္း ပါပါတယ္။

(၂) ေနရာသစ္မွာ အေျခက်ပါ့မလား

Source : Showbiz

အရင္ဆံုး စဥ္းစားမိတာက ကိုယ္နဲ ့သိျပီးသားေနရာကို ခြာဖို ့ဆိုတာ အျမဲပဲ ခက္ခဲပါတယ္။ ေနာက္တစ္ခုက ဒီအလုပ္မွာ ကိုယ္ေပးဆပ္ခဲ့တာလည္း မနည္းဘူးေလ။ လုပ္သက္ရင့္တဲ့ အသက္ႀကီးႀကီး ပုဂၢိဳလ္ေတြမွာဆို ပိုဆိုးပါတယ္။ျပီးခဲ့တဲ့ႏွစ္မ်ားက သူတို ့ရဲ့ အလုပ္ဟာ သူတို ့ရဲ့ ဒုတိယေနအိမ္ ၊ ဒုတိယမိသားစု ဘဝလည္း ျဖစ္ခဲ့တာကိုး။ ဒါေၾကာင့္ပဲ ေနရာသစ္ကို ရြက္လႊင့္ဖို ့ဆိုတာ သူတို့အတြက္ သိပ္ကို ခက္ခဲပါတယ္။

(၃) မွားသြားမလား

Source : Kose

ဒီအလုပ္က ထြက္လိုက္တာဟာ ကိုယ့္အတြက္ ေနာင္တရစရာ ျဖစ္သြားမလားဆိုတာ လူေတာ္ေတာ္မ်ားမ်ား ေတြးဖူးခဲ့ၾကပါတယ္။ Career တစ္ခု ခုန္ကူးခ်ိန္မွာ ကိုယ့္ရဲ့ အဟုန္ၾကီးရင္ ၾကီးသေလာက္ အေျပာင္းအလဲဒဏ္ကို ခံရတာပါပဲ။ ဒီအခ်ိန္မွာ ငါသာ အေျပာင္းအလဲ မလုပ္ခဲ့ရင္လို ့ေတြးမိတတ္ၾကမွာပါပဲ။တကယ္က လူေတြ အလုပ္က ထြက္ျခင္းမွာ အေၾကာင္းရင္းမ်ားစြာ ရိွထားျပီး ႏွစ္ေပါင္းမ်ားစြာ လုပ္ခဲ့တဲ့ အလုပ္တစ္ခုကေန ထြက္ခဲ့သူေတြမွာ ပိုျပီး မ်ားျပား ရႉပ္ေထြးတဲ့ အေၾကာင္းတရားေတြ ရိွပါလိမ့္မယ္။ ဆက္ေနလည္း မေပ်ာ္တဲ့ဘဝ ၊ တိုးတက္မႉ မရိွတဲ့ ေနရာမွာ ဘာလို ့ၾကာၾကာေနမလဲ။လိုအပ္တဲ့ အတတ္ပညာ ၊ အသိဥာဏ္နဲ ့အေတြ ့အၾကံဳေတြ ရိွထားတယ္ဆိုရင္ အလုပ္ေဟာင္းေပၚ သံေယာဇဥ္ မတြယ္ဘဲ အသစ္ရွာသင့္ပါတယ္။

(၄) ဒီအသက္အရြယ္နဲ ့ငါအလုပ္ေရာ ရပါ့မလား

Source : ft.com

အခုေခတ္မွာ အသက္ ၃၅ ႏွစ္ေအာက္ဆိုတာက အမ်ားသားပါ။ တကယ္လို ့ကိုယ္ဟာ အလုပ္တစ္ခုတည္းမွာ ၁၀ ႏွစ္ေလာက္ အလုပ္လုပ္ခဲ့ျပီဆိုရင္ ရာထူးနဲ ့အေတြ ့အၾကံဳ ဆယ္ႏွစ္စာထက္ ပိုေအာင္ ရမွကို တစ္ျခားအလုပ္သစ္ ရွာဖို ့လြယ္ပါတယ္။ အသက္ ၃၀-၃၅ ႏွစ္ကေန အထက္ဆိုရင္ တကယ့္ပေရာ္ဖက္ရွင္နယ္ တတ္ကြ်မ္းမႉ မပါရင္ အလုပ္ရဖို ့ခက္ခဲပါတယ္။

[Unicode]

ယနေ့ခေတ်မှာအလုပ်တစ်ခုရဖို့ မလွယ်ကူဘူးဆိုတာမှန်ပါတယ်။ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့နေရာ ပိုပြီးမြင့်တဲ့နေရာတစ်ခုကိုရောက်ချင်ရင် စိန်ခေါ်ရဲတဲ့သတ္တိတော့ရှိဖို့လိုပါလိမ့်မယ်။တစ်ချိုသောလူတွေကတော့ ပုံမှန်အတိုင်းပဲ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်ရဲ့ Comfort Zone မှာနစ်မွန်းနေတက်ကြတာမျိုးပါ။Comfort Zone ဖြစ်နေတဲ့အလုပ်ကထွက်ဖို့ စဉ်းစားတိုင်းမှာလည်း အခုပြောပြမယ့် စိုးရိမ်စိတ်တွေကို ခံစားနေရမှာဖြစ်ပါတယ်။

(၁) အသစ်ကနေ ပြန်စရမယ်

Source : Forbes.com

အလုပ်သစ်ဆိုတာ ကိုယ့်နာမည်ကို မိတ်ဆက်ပြီး ချက်ချင်းဝင်သွားလို့ရတာ မဟုတ်ပါဘူး။ ကိုယ်သိထားတဲ့ အသိတွေအပြင် တစ်ခြားအသစ်တွေကိုပါ ကိုယ့်ကိုယ်ကို မိတ်ဆက်ရတာပါ။ Comfort Zone ကနေ ခွာဖို့အတွက် လူတွေ လန့်ရတာတွေထဲမှာ အခုပြောတဲ့ အစကနေ ပြန်စရတဲ့ အခြေအနေလည်း ပါပါတယ်။

(၂) နေရာသစ်မှာ အခြေကျပါ့မလား

Source : Showbiz

အရင်ဆုံး စဉ်းစားမိတာက ကိုယ်နဲ့သိပြီးသားနေရာကို ခွာဖို့ဆိုတာ အမြဲပဲ ခက်ခဲပါတယ်။ နောက်တစ်ခုက ဒီအလုပ်မှာ ကိုယ်ပေးဆပ်ခဲ့တာလည်း မနည်းဘူးလေ။ လုပ်သက်ရင့်တဲ့ အသက်ကြီးကြီး ပုဂ္ဂိုလ်တွေမှာဆို ပိုဆိုးပါတယ်။ပြီးခဲ့တဲ့နှစ်များက သူတို့ရဲ့ အလုပ်ဟာ သူတို့ရဲ့ ဒုတိယနေအိမ် ၊ ဒုတိယမိသားစု ဘဝလည်း ဖြစ်ခဲ့တာကိုး။ ဒါကြောင့်ပဲ နေရာသစ်ကို ရွက်လွှင့်ဖို့ဆိုတာ သူတို့အတွက် သိပ်ကို ခက်ခဲပါတယ်။

(၃) မှားသွားမလား

Source : Kose

ဒီအလုပ်က ထွက်လိုက်တာဟာ ကိုယ့်အတွက် နောင်တရစရာ ဖြစ်သွားမလားဆိုတာ လူတော်တော်များများ တွေးဖူးခဲ့ကြပါတယ်။ Career တစ်ခု ခုန်ကူးချိန်မှာ ကိုယ့်ရဲ့ အဟုန်ကြီးရင် ကြီးသလောက် အပြောင်းအလဲဒဏ်ကို ခံရတာပါပဲ။ ဒီအချိန်မှာ ငါသာ အပြောင်းအလဲ မလုပ်ခဲ့ရင်လို့တွေးမိတတ်ကြမှာပါပဲ။တကယ်က လူတွေ အလုပ်က ထွက်ခြင်းမှာ အကြောင်းရင်းများစွာ ရှိထားပြီး နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်တစ်ခုကနေ ထွက်ခဲ့သူတွေမှာ ပိုပြီး များပြား ရှူပ်ထွေးတဲ့ အကြောင်းတရားတွေ ရှိပါလိမ့်မယ်။ ဆက်နေလည်း မပျော်တဲ့ဘဝ ၊ တိုးတက်မှူ မရှိတဲ့ နေရာမှာ ဘာလို့ကြာကြာနေမလဲ။လိုအပ်တဲ့ အတတ်ပညာ ၊ အသိဉာဏ်နဲ့အတွေ့အကြုံတွေ ရှိထားတယ်ဆိုရင် အလုပ်ဟောင်းပေါ် သံယောဇဉ် မတွယ်ဘဲ အသစ်ရှာသင့်ပါတယ်။

(၄) ဒီအသက်အရွယ်နဲ့ငါအလုပ်ရော ရပါ့မလား

Source : ft.com

အခုခေတ်မှာ အသက် ၃၅ နှစ်အောက်ဆိုတာက အများသားပါ။ တကယ်လို့ကိုယ်ဟာ အလုပ်တစ်ခုတည်းမှာ ၁၀ နှစ်လောက် အလုပ်လုပ်ခဲ့ပြီဆိုရင် ရာထူးနဲ့အတွေ့အကြုံ ဆယ်နှစ်စာထက် ပိုအောင် ရမှကို တစ်ခြားအလုပ်သစ် ရှာဖို့လွယ်ပါတယ်။ အသက် ၃၀-၃၅ နှစ်ကနေ အထက်ဆိုရင် တကယ့်ပရော်ဖက်ရှင်နယ် တတ်ကျွမ်းမှူ မပါရင် အလုပ်ရဖို့ခက်ခဲပါတယ်။