ဆံပင်က အပေါ်ကို အရမ်းမတက်ဘဲ အမြင်တစ်မျိုးလေးဆန်းစေတဲ့ Korean Side Bangs လေးက အခုတစ်လော ကောင်မလေးတွေကြားမှာ ရေပန်းစားနေပါတယ်။ Korean Side Bangs က မျက်နှာရဲ့ဘေးဘက်ကို သဘာဝဆန်ဆန်လေးကျနေတဲ့ပုံစံလေးမလို့ ဆံပင်ဖြောင့်ဖြောင့် ကောက်ကောက် ညှပ်လို့ရပါတယ်။

ဒါဆို လက်ရှိဆံပင်စတိုင်ကို ပြောင်းချင်တာဘဲဖြစ်ဖြစ် ၊ ခေတ်ရေစီးကြောင်းတွေကို အမှီလိုက်ချင်တာဘဲဖြစ်ဖြစ် Korean Side Bangs လေးညှပ်ဖို့စိတ်ကူးနေရင် အိမ်မှာဘဲ ကိုယ်ကိုယ်တိုင် ညှပ်ကြည့်ရအောင်။

အဆင့် 1: အမှတ်အသားလုပ်ပါ

အရင်ဆုံး ဆံပင်အရှေ့ပိုင်းကို တြိဂံပုံစံမျိုး လိုသလောက်ယူပြီး အရှည်နဲ့အကျယ်သတ်မှတ်လိုက်ပါ။

အဆင့် 2: Bangs ညှပ်ပါ

ကတ်ကြေးကိုင်ပြီး ကိုယ်အမှတ်အသားလုပ်ထားတဲ့အတိုင်း တည့်တည်ညှပ်ပါ။ ညှပ်တဲ့အခါ တစ်ခါတည်းညှပ်လိုက်တာထက် လိုချင်တဲ့အရှည်ရဖို့အတွက် ဖြည်းဖြည်းချင်းညှပ်တာက ပိုကောင်းပါတယ်။ သက်တောင့်သက်သာရှိတဲ့ စတိုင်လ်အတွက်ဆိုရင်တော့ မေးစေ့နားလောက်ကနေ ညှပ်ပြီး တိုတဲ့အနေအထားကို ကြိုက်ရင်တော့ နှုတ်ခမ်းရဲ့ နှုတ်ခမ်းသားလောက်ထိ ညှပ်လို့ရပါတယ်။

အဆင့် 3: အလည်နားကိုညှပ်ပါ

ညှပ်ပြီးရင်တော့ ခေါင်းဖြီးကိုသုံးပြီး အလည်နား နှာခေါင်းအလယ်လောက်ကို ညှိပြီးညှပ်ပေးပါ။

အဆင့် 4: ဘေးနှစ်ဘက်ကိုညှိပါ

ဘေးဘက်က အပိုင်းနှစ်ပိုင်းကို ဆန့်ကျင်ဘက်ကိုယူပြီး ညှပ်ပေးပါ။ ညှပ်တဲ့အခါ အတည့်ညှပ်မယ့်အစား ဒေါင်လိုက်ညှပ်ပေးပါ။ ဒီလိုညှပ်ပေးတာက သဘာဝကျတဲ့ Look ကို ရစေပါတယ်။

အဆင့် 5: ပုံသွင်းပါ

ညှပ်ပြီးသွားအခါ နောက်ဆုံးအဆင့်အနေနဲ့ Hair Rollers ကိုသုံးပြီး ပုံသွင်းပေးပါ။ ဒါဆိုရင်တော့ ပြီးပြည့်စုံပြီး သဘာဝကျကျနဲ့ စတိုင်ကျတဲ့ Korean Side Bangs လေးရပါပြီ။