[Zawgyi]

ေနာက္ေနတာမဟုတ္ပါဘူးေနာ္။ ကိုယ့္ကိုကိုယ္ စကားေျပာတယ္ဆိုတာ တကယ္ေျပာတာပါ။ စာဖတ္သူတို႔ေကာ ကိုယ့္ကိုကိုယ္ စကားေျပာဖူးလား။ အဲလိုစကားေၿပာတာဟာ သင့္အတြက္ အက်ိဳးေက်းဇူးမ်ားစြာရွိပါတယ္။

ဥပမာ စာေရးတယ္ဆိုပါစို႔။ ငါဒီစာကို ဘယ္လိုေရးမလဲဆိုၿပီး ကိုယ့္ကိုကိုယ္ေတြးၿပီး စကားေျပာေနတာမိ်ဳး ကိုဆိုလိုတာပါ။

သုေတသနပညာရွင္ေတြက အဲဒီလို ကိုယ့္ကိုကိုယ္ စကားေျပာတာဟာ သင့္ရဲ႕ အလုပ္ေတြကို ပိုၿပီးထိေရာက္စြာ ၿပီးေျမာက္ေစႏိုင္ပါတယ္တဲ့။

သင္ယူရတာလည္း ပိုျမန္ပါတယ္။ ကိုယ့္ကိုကိုယ္ ခဏခဏစကားေျပာေပးရင္ ဦးေႏွာက္ကို ေလ့က်င့္ေပးသလိုျဖစ္ၿပီး တီထြင္ဖန္တီးႏိုင္မႈလည္း ေကာင္းပါတယ္။

၁။ ပစၥည္းထားမိတဲ့ေနရာကို သတိေပးလိမ့္မယ္။

ေသာ့တို႔ မ်က္မွန္တို႔ဆို ထားၿပီးရင္ ခဏခဏ ျပန္ရွာရေလ့ရွိတတ္ပါတယ္။ အဲဒီလို ကိုယ္တစ္ေနရာရာ ထားလိုက္မိတဲ့အခ်ိန္မွာ ကိုယ့္ကိုကိုယ္ ငါဒီေနရာမွာ ထားလိုက္တယ္ဆိုၿပီး ေျပာေပးပါ။ ဒါဆို ပိုၿပီး ရွာရလြယ္သလို မွတ္မိပါတယ္။ ထားတဲ့ေနရာ မမွတ္မိတဲ့ ပစၥည္းဆိုရင္လည္း သင့္ဦးေႏွာက္ကိုအလုပ္ေပးၿပီး ငါဘယ္မွာထားမိတာပါလိမ့္ဆိုၿပီး ေရရြတ္ေနကာ ျပန္စဥ္စားပါ။ ဒါဆို ရွာေဖြရလြယ္ပါတယ္။

၂။ အာရံုေတြ မေထြျပားေအာင္ စီမံေပးႏိုင္တယ္

ကိုယ့္ကိုကိုယ္စကားေျပာတာဟာ အာရံုေတြမေထြျပားေအာင္ ျပဳလုပ္ေပးႏိုင္ၿပီး ဆံုးျဖတ္ခ်က္ခ်တဲ့အခါမွာလည္း သိပ္ကို အက်ိဳးရွိေစပါတယ္။

၃။ သင့္ရဲ့ ရည္ရြယ္ခ်က္ေတြၿပီးေျမာက္ဖို႔ ကူညီေပးႏိုင္တယ္။

တတိယအခ်က္အေနနဲ႔ကေတာ့ သင့္ရဲ့ ရည္ရြယ္ခ်က္ပန္းတိုင္ေတြကို ေအာင္ျမင္ေအာင္လုပ္ဖို႔ အကူအညီေပးႏိုင္ပါတယ္။ သင့္ရဲ့ စိတ္ခံစားခ်က္ေတြ အာရံုေတြ မေထြျပားေအာင္ ထိန္းခ်ဳပ္ထားေပးႏိုင္ပါတယ္။

ကိုယ့္ကိုယ္စကားေျပာတယ္ဆိုတဲ့အခါမွာလည္း ငါလုပ္ႏိုင္တယ္ ျဖစ္ႏိုင္တယ္ ငါ့အတြက္ေကာင္းတယ္ဆိုတဲ့ အျပဳသေဘာဘက္ကေဆာင္တဲ့ စကားေတြကို ေျပာေပးဖို႔လိုပါတယ္။ အႏုတ္သေဘာေဆာင္တာမ်ိဳး ေျပာရင္လည္း အက်ိဳးေက်းဇူးမရွိပါဘူး။

[Unicode]

နောက်နေတာမဟုတ်ပါဘူးနော်။ ကိုယ့်ကိုကိုယ် စကားပြောတယ်ဆိုတာ တကယ်ပြောတာပါ။ စာဖတ်သူတို့ကော ကိုယ့်ကိုကိုယ် စကားပြောဖူးလား။ အဲလိုစကားပြောတာဟာ သင့်အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

ဥပမာ စာရေးတယ်ဆိုပါစို့။ ငါဒီစာကို ဘယ်လိုရေးမလဲဆိုပြီး ကိုယ့်ကိုကိုယ်တွေးပြီး စကားပြောနေတာမျိုး ကိုဆိုလိုတာပါ။

သုတေသနပညာရှင်တွေက အဲဒီလို ကိုယ့်ကိုကိုယ် စကားပြောတာဟာ သင့်ရဲ့ အလုပ်တွေကို ပိုပြီးထိရောက်စွာ ပြီးမြောက်စေနိုင်ပါတယ်တဲ့။

သင်ယူရတာလည်း ပိုမြန်ပါတယ်။ ကိုယ့်ကိုကိုယ် ခဏခဏစကားပြောပေးရင် ဦးနှောက်ကို လေ့ကျင့်ပေးသလိုဖြစ်ပြီး တီထွင်ဖန်တီးနိုင်မှုလည်း ကောင်းပါတယ်။

၁။ ပစ္စည်းထားမိတဲ့နေရာကို သတိပေးလိမ့်မယ်။

သော့တို့ မျက်မှန်တို့ဆို ထားပြီးရင် ခဏခဏ ပြန်ရှာရလေ့ရှိတတ်ပါတယ်။ အဲဒီလို ကိုယ်တစ်နေရာရာ ထားလိုက်မိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ငါဒီနေရာမှာ ထားလိုက်တယ်ဆိုပြီး ပြောပေးပါ။ ဒါဆို ပိုပြီး ရှာရလွယ်သလို မှတ်မိပါတယ်။ ထားတဲ့နေရာ မမှတ်မိတဲ့ ပစ္စည်းဆိုရင်လည်း သင့်ဦးနှောက်ကိုအလုပ်ပေးပြီး ငါဘယ်မှာထားမိတာပါလိမ့်ဆိုပြီး ရေရွတ်နေကာ ပြန်စဉ်စားပါ။ ဒါဆို ရှာဖွေရလွယ်ပါတယ်။

၂။ အာရုံတွေ မထွေပြားအောင် စီမံပေးနိုင်တယ်

ကိုယ့်ကိုကိုယ်စကားပြောတာဟာ အာရုံတွေမထွေပြားအောင် ပြုလုပ်ပေးနိုင်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း သိပ်ကို အကျိုးရှိစေပါတယ်။

၃။ သင့်ရဲ့ ရည်ရွယ်ချက်တွေပြီးမြောက်ဖို့ ကူညီပေးနိုင်တယ်။

တတိယအချက်အနေနဲ့ကတော့ သင့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကို အောင်မြင်အောင်လုပ်ဖို့ အကူအညီပေးနိုင်ပါတယ်။ သင့်ရဲ့ စိတ်ခံစားချက်တွေ အာရုံတွေ မထွေပြားအောင် ထိန်းချုပ်ထားပေးနိုင်ပါတယ်။

ကိုယ့်ကိုယ်စကားပြောတယ်ဆိုတဲ့အခါမှာလည်း ငါလုပ်နိုင်တယ် ဖြစ်နိုင်တယ် ငါ့အတွက်ကောင်းတယ်ဆိုတဲ့ အပြုသဘောဘက်ကဆောင်တဲ့ စကားတွေကို ပြောပေးဖို့လိုပါတယ်။ အနုတ်သဘောဆောင်တာမျိုး ပြောရင်လည်း အကျိုးကျေးဇူးမရှိပါဘူး။