ယနေ့ခေတ်မှာ Body shamming ကို အပြင်းအထတမ်ရှူံ့ချနေကြပြီဆိုတာကိုလည်း သင်သိမှာပါ။ ဟိုးတုန်းကတော့ မော်ဒယ်လ်လျှောက်လမ်းပေါ်က ပိန်ပိန်သွယ်သွယ်နဲ့ အရပ်မြင့်မြင့်ကောင်မလေးတွေက အရမ်းကို Hot ဖြစ်ခဲ့ပါတယ်။

အခုတော့ တစ်မျိုးပြောင်းသွားပါပြီ။ ကိတ်မှ၊ သူ့နေရာနဲ့သူရှိမှ ယောကျာ်းလေးတွေက ပိုသဘောကျပါတော့တယ်။ ဘာကြောင့် ဒီလိုမျိုးဖြစ်ကုန်ကြလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ယုံကြည်ချက်ရှိလို့

အကိတ်လေးတွေရဲ့ အဓိကဆွဲဆောင်မှုက သူ့တို့ကိုယ်သူတို့ ယုံကြည်ချက်ရှိကြတာပါ။ သူတို့ခန္ဓာကိုယ်အပေါ်နဲ့ ကောက်ကြောင်းတွေကို ချစ်ကြပါတယ်။ ၎င်းတို့ဟာ ငယ်ရွယ်စဉ်က Body အချိုးအစားနဲ့ ပတ်သတ်ပြီးတော့လည်း ရွယ်တူတွေရဲ့ အစအနောက်ကို သေချာပေါက်ခံခဲ့ရမှာပါ။ အဲဒီအရာတွေကပဲ ယနေ့သူတို့ဆိုတာကို ဖြစ်လာစေပြီး ယုံကြည်ချက်ရှိလာအောင် တွန်းအားပေးခဲ့တာဖြစ်လို့ ၎င်းတို့ဟာ သာမန်အမျိုးသမီးတွေထက် ယုံကြည်ချက်ပိုရှိပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပိုချစ်တတ်ကြပါတယ်။ ဒါကြောင့်မို့လို့ ယောကျာ်းလေးတွေကလည်း သဘောကျကြခြင်း ဖြစ်ပါတယ်။

၂။ အရမ်း Hot လို့

ကောက်ကြောင်းတွေကို ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး။ ဆိုလိုတာက ပိန်တဲ့မိန်းကလေးတွေကို အမျိုးသားတွေ မကြိုက်ကြဘူးလို့ မပြောလိုပါဘူး။ သိုပေမဲ့ ကောက်ကြောင်းလှလှနဲ့ တင်ရှိ၊ ရင်ရှိ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကိုတော့ ဘယ်သူမှ မငြင်းပယ်နိုင်ကြပါဘူး။

၃။ ပစ္စည်းရှိ လူတန်းစားမို့

စစ်တမ်းတွေအရ မိန်းကလေးတွေရဲ့ ဘယ်ခန္တာကိုယ်အစိတ်အပိုင်းက ယောကျာ်းလေးတွေအတွက် ဆွဲဆောင်မှုအရှိဆုံးဖြစ်မလဲလို့ မေးတဲ့အခါမှာတော့ ယောကျာ်းလေးတွေက တင်တစ်မျိုးတည်းကိုသာ တက်ညီလက်ညီဖြေကြပါတယ်။ ဒါကြောင့်မို့လို့ တင်ရှိတဲ့မိန်းကလေးတွေသာ ကိုယ်ကျပ်ဝတ်လိုက်မယ်ဆို အချစ်မခံရစရာအကြောင်းမရှိတော့ပါဘူး။

Source: Facebook