ကလေး အမေ ဘဝ ရောက်ရှိခြင်းဟာ ကိုယ့်အိပ်မက်တွေအားလုံးကို နောက်မှာထားပြီး ကလေးတွေ အတွက်ပဲ ဘဝကို ရင်းနှီးမြှုပ်နှံခြင်း မဟုတ်ပါဘူး။ အခုနောက်ပိုင်း ခေတ်သစ် မေမေတွေကတော့ အလုပ်၊ မေမေဘဝ၊ ကိုယ်ပိုင်တိုးတက်မှုနဲ့ အလှအပကိုပါ တွဲဖက် အချိန်ပေးနိုင်ဖို့ စီမံလာနိုင်ကြပါပြီ။
သင့်ဘဝရဲ့ခံယူချက်အတိုင်း ဘဝကို ရဲရဲကြီး လျှောက်လှမ်းသင့်ပါတယ်။ အိမ်ထောင်ကျသွားလို့၊ ကလေးမွေးလိုက်လို့ သူများ နောက်ရောက်သွားတယ် ဆိုတာမျိုး မရှိပါဘူး။ ကိုယ်စီမံခန့်ခွဲနိုင်သရွေ့ အဆင်ပြေတာပါပဲ။
တစ်သားမွေး တစ်သွေးလှ ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ ဒီစကားကို သင်က ကြားဖူးပေမယ့် တကယ့်လက်တွေ့မှာ မမြင်ဖူးသေးရင် အောက်ဖော်ပြပါ ကမ္ဘာကျော် အမျိုးသမီးတွေရဲ့ ပြောင်းလဲမှုကနေတစ်ဆင့် ရှုမြင်နိုင်ပါတယ်။ ကလေးမမွေးခင်နဲ့ ကလေး မွေးပြီးနောက် ပြောင်းလဲလာတဲ့ အလှနဲ့ ပိုတောင် ထူးခြားပြီး လှလာတဲ့ သူတို့တွေကတော့ ဘယ်သူတွေလဲ ကြည့်လိုက်ရအောင်-
Salma Hayek, 55 နှစ်
Source: Brightside
By MyStyle Myanmar