အခုလိုမျိုး ကိုယ်ချစ်ခင်နှစ်သက်ရတဲ့ အနုပညာရှင်တွေရဲ့ ပြောင်းလဲမှုတွေကိုကြည့်ရတာဟာ သင်လည်းမည်မျှပြောင်းလဲသွားပြီလဲဆိုတာကို သတိရစေနိုင်ပြီး လွန်ခဲ့တဲ့ရာစုနှစ်တွေက ဆံပင်စတိုင်၊ ဖက်ရှင်ဒီဇိုင်းတွေကို ပြန်လည်အောက်မေ့စေနိုင်မှာဖြစ်ပါတယ်။

ဟောလီးဝုဒ်တွင် အသက်ဆိုသည့်အရာမှာ ဂဏန်းတစ်ခုသာဖြစ်ကြောင်းကို ယခုဖော်ပြပေးမယ့်အနုပညာရှင်များက သက်သေပြနေပါတယ်။ ထိုပေါ့ပ်ဂီတအဆိုကျော်များဟာဆိုရင် အချိန်စက်ယန္တရားအမှန်တကယ်ရှိသည်လား ဟူ၍ပင် မေးခွန်းထုတ်မိလောက်အောင် ဆယ်နှစ်ကြာသွားသော်လည်း ထူးထူးခြားခြားပြောင်းလဲသွားမှုမရှိခဲ့တာကြောင့် ဘယ်သူတွေက စာရင်းဝင်ထားသလဲသိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

Christina Aguilera

အလွန်တရာနာမည်ကျော်ကြားပြီး The Voice မှာလည်း ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးတဲ့ Christina Aguilera ဟာဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်တို့ရဲ့ မိခင်ဆိုရင် ယုံနိုင်စရာကိုမရှိပါဘူး။

Rihanna

Umbrella သီချင်းဖြင့် လူသိများထင်ရှားလာတဲ့ Rihanna ဟာ ဆယ်နှစ်ကြာမြင့်သွားပြီနောက် အောင်မြင်မှုတွေသာ အမျိုးမျိုးရရှိခဲ့သော်လည်း သူမရဲ့ပုံစံကတော့ ဘာမှမပြောင်းလဲသွားပါဘူး။

Selena Gomez

မိုင်လီဆိုင်းရပ်စ်ရဲ့ Hannah Montana ထဲတွင် ပေါ့ပ်စတားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ယနေ့အချိန်မှာတော့ ကိုယ်ပိုင်တေးသီချင်းပေါင်း မြောက်မြားစွာနဲ့ အောင်မြင်မှုကိုလက်ဝယ်ရရှိထားသူတစ်ဦးပါ။ ဆလီနာရဲ့ချစ်စဖွယ်မျက်နှာလေးကတော့ ဆယ်နှစ်ကြာသွားသည့်တိုင် ချစ်စဖွယ်ကောင်းမြဲပါပဲ။

Mariah Carey

မာရီယာကာရေးဟာဆိုရင်လဲ သူမရဲ့အသံအားအလွန်ကောင်းမှု၊ နာမည်ကြီးသီချင်းများကြောင့် အောင်မြင်ကျော်ကြားနေသူတစ်ဦးဖြစ်သလို သူမရဲ့ပြည့်ပြည့်ဖြိုးဖြိုးနှင့် ဆွဲဆောင်မှုရှိသည့် ကိုယ်ခန္ဓာကြောင့်လည်း လူသိများပါတယ်။ အမြွှာနှစ်ယောက်ရဲ့ မိခင်တစ်ဦးဆိုလည်း မမှားပါဘူး။

Jennifer Lopez

အင်မတန်ဆွဲဆောင်မှုရှိသည့် ကိုယ်ခန္ဓာကောက်ကြောင်းရှိသည့် Jennifer Lopez ဟာဆိုရင်လည်း ဆယ်နှစ်ကြာမြင့်သွားသည့်တိုင် သူမရဲ့အလှကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပါပဲ။

Miley Cyrus

Hannah Montana နှင့် လူသိများလာသည့် မိုင်လီဟာဆိုရင် သူမရဲ့ချစ်သူ မင်းသား Liam Hemsworth နှင့် ပြဿနာအမျိုးမျိုးဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်တွဲခုတ်ခဲ့ကြကာ ဒုတိယအကြိမ်အနေနဲ့ စေ့စပ်ကြောင်းလမ်းထားခဲ့ပါတယ်။ Malibu သီချင်းဟာဆိုရင်လည်း သူမအတွက် သူဟာဘယ်လောက်အရေးပါလဲဆိုတာကို ခံစားချက်အပြည့်နဲ့စပ်ဆိုထားသည့်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Kelly Clarkson

P!nk

Celine Dion

Alicia Keys

Gwen Stefani

Adele