ဖက်ရှင်သည် စက်ဝိုင်းပုံသဏ္ဍာန်ကဲ့သို့ပင် လည်ပတ်နေသည်ဟု လူအများကပြောကြသော်လည်း ခေတ်ပေါ်ဖက်ရှင်ရေစီးကြောင်းများမှာတော့ အင်မတန်လျင်မြင်စွာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့်အတွက် အချို့အရာများသည် အချိန်တိုအတွင်းမှာပင် ဒိတ်အောက်သွားနိုင်ပါတယ်။ ဖက်ရှင်ကမ္ဘာသည် နှစ်တိုင်းနှစ်တိုင်း စည်းမျည်းအသစ်များကို အစဉ်အမြဲဖန်တီးနေပါတယ်။

ထိုစည်းမျဉ်းများကို တသွေမသိမ်းလိုက်နာခြင်းမဟုတ်သော်လည်း ရောက်ရှိလာတော့မည့် နှစ်သစ်အတွက် ခေတ်ပေါ်ဖက်ရှင်များကို ဖန်တီးနေလျက်ရှိသည့် သူများ၏စိတ်ကူးစိတ်သန်းများကို ဖော်ပြပေးချင်ပါတယ်။

ဟာသဆန်သည့်စာသားပါတီရှပ်များ နှင့် အဓိပ္ပာယ်အပြည့်ဆောင်ပုဒ်ပါတီရှပ်များ

၂၀၁၇ တွင် ရွှတ်နောက်နောက်နိုင်သောစာသားများပါ တီရှပ်များဝတ်ဆင်သည့်အကျင့်ကို ၂၀၁၈ တွင် စွန့်ပစ်လိုက်ပါ။ မိမိ၏အတွေးနှင့်အမြင်ကို ၀တ်ဆင်ထားသည့်အ၀တ်အစားက ဖော်ပြရမှာဖြစ်သည့်အတွက် ပိုမိုအဓိပ္ပယ်ရှိသောဆောင်ပုဒ်များပါဝင်သည့် တီရှပ်များကို ရွေးချယ်ဖို့တိုက်တွန်းချင်ပါတယ်။

အင်စတာဂရမ်စတိုင် နှင့် ၀တ်စုံများ

အပြဲဒီဇိုင်းဂျင်းဘောင်းဘီများ၊ အသားကပ်ဘောင်းဘီများ၊ ခါးစည်းများ နှင့် ကိုယ်ကျပ်အ၀တ်အစားများသည် မကြာမီအချိန်တွင် ခေတ်နောက်ကျကျန်ခဲ့တော့မည့် ဖက်ရှင်များပဲဖြစ်ပါတယ်။ ထိုဖက်ရှင်ဒီဇိုင်းများနေရာ၌ အမြင်ရိုင်းမည်မဟုတ်ဘဲ အဆင့်အတန်းမြင့်မြင့်နှင့် Suit အ၀တ်အစားများ နေရာယူလာကြမှာဖြစ်ပါတယ်။

သိုးမွှေးအ၀တ်အစားများ နှင့် အထည်အလိပ်အဆင်တန်ဆာများ

၂၀၁၈ ခုနှစ်တွင် သိုးမွှေးနှင့်ပတ်သက်သည့် အ၀တ်အစားများ၊ အသုံးအဆောင်ပစ္စည်းများအားလုံးကို နှုတ်ဆက်ရမှာဖြစ်ပါတယ်။ ထိုအမွှေးပွနေရာများတွင် လက်ကိုင်ပုဝါများနေရာယူလာမှာပါ။ ယခင်အချိန်များတုန်းက ခေါင်းပေါင်းများ၊ ခေါင်းစည်းများ၊ ညနေခင်းပွဲတက်လက်အိတ်ရှည်များ၊ လည်စည်းများ၊ စသဖြင့်တို့လည်း ဖက်ရှင်လောကသို့ ပြန်လည်ဝင်ရောင်လာမှာဖြစ်ပါတယ်။

ဝတ်ဆင်ရအဆင်မပြေဖြစ်သည့်ဖိနပ်များ နှင့် သက်သောင့်သက်သာရှိသည့်ဖိနပ်များ

နာမည်ကြီးဖိနပ်ဒီဇိုင်နာတစ်ဦးဖြစ်သည့် Joan Oloff ပြောစကားအရ ယခုဖက်ရှင်လောကတစ်ခုလုံးသည် သက်သောင့်သက်သာခံစားချက်ကိုပေးစွမ်းနိုင်သည့် ဖက်ရှင်ပစ္စည်းများကို ဦးစားပေးထုတ်လုပ်နေကြသည့်အတွက် ၀တ်ဆင်ရအဆင်မပြေဖြစ်သည့် ဖိနပ်များသည် မကြာခင်မှာနစ်မြုပ်သွားတော့မှာဖြစ်ပါတယ်။

လည်ကပ်ဆွဲကြိုးများ နှင့် ထူးကဲခြားနားသည့်လက်ဝတ်ရတနာများ

၂၀၁၈ ခုနှစ်၌ အထပ်ဒီဇိုင်းလည်ကပ်များ နှင့် ဆွဲကြိုးများသည် ဒီဇိုင်းထူးခြားဆန်းသစ်သည့် ဆွဲပြား၊ ဆွဲသီးများ၊ လက်စွပ်များ၊ လက်ကောက်များနှင့် အစားထိုးခံရတော့မှာဖြစ်ပါတယ်။ အကယ်၍ထိုသို့ဝတ်ဆင်ရသည်ကို သိပ်သဘောကျမနှစ်သက်ပါက ပုလဲများကိုဝတ်ဆင်ပေးနိုင်ပါတယ်။ ထို့အပြင် ရွှေရောင်ရှိချိန်းကြိုးများ နှင့် ချိန်းကြိုးခါးပတ်များသည်လည်း ဖက်ရှင်လောကတွင် တစ်ခေတ်ပြန်ဖြစ်လာတော့မှာပါ။

အရောင်တောက်တောက်များ နှင့် အဖြူရောင်

တောက်ပစိုပြေသော ကာလာများရှိသည့် အ၀ါရောင်၊ အပြာရောင်၊ မြရောင် နှင့် နီညိုရောင်တို့သည် ၂၀၁၇ ခုနှစ်တွင် ရေပန်းစားဆုံးဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၈ ခုနှစ်တွင်တော့ အဖြူရောင်ကအစားဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ အဖြူအပြည့်ဝတ်ဖို့ဝတ်ရန် သတ္တိမရှိလျှင်တော့ အနည်းဆုံးအနေဖြင့် အဖြူရောင်ရှိအသုံးအဆောင်ပစ္စည်းများကို ၀တ်ဆင်ပေးနိုင်ပါတယ်။

တိုင်းရင်းသားအကွက်များ နှင့် ပြောင်ပြောင်လက်လက်စီးကွင့်များ

၂၀၁၇ ခုနှစ်တွင် တိုင်းရင်းသားအကွက်ဆင်များ လူကြိုက်များကျော်ကြားခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဒီဇိုင်နာများသည် ပြောင်ပြောင်လက်လက်အသွင်ဖက်ရှင်ဖက်သို့ ဦးတည်ချက်ပြောင်းလဲလာခဲ့ကြပါပြီ။

ဆံပင်အဖြောင့်ဒီဇိုင်း နှင့် အရှုပ်ဒီဇိုင်း

၂၀၁၈ ခုနှစ်သို့ရောက်သည့်အခါမှာတော့ အဖြောင့်ဒီဇိုင်းများထက် ပွပွဖောင်းဖောင်းဒီဇိုင်းများ၊ လှိုင်းတွန့်အကောက်များက ပိုပြီးအသက်ဝင်လာတော့မှာဖြစ်ပါတယ်။