မျက်နှာပေါ်မှာရှိတဲ့ အမဲစက်များနဲ့ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ခြင်းတွေကို မိတ်ကပ်က ဖုံးကွယ်ပေးနိုင်ပြီး မိမိရဲ့ အလှကို လှသထက်လှလာအောင် ကူညီပေးနိုင်တယ်လို့ မိန်းကလေးတွေ အားလုံး အမြင်တူစွာ လက်ခံထားကြပါတယ်။ ပျိုမေလေးတွေရဲ့ ပြင်ဆင်ခြယ်သပုံ နည်းလမ်းတွေကလည်း တစ်ယောက်တစ်မျိုးစီနဲ့ပေါ့။

ဒါပေမဲ့ တချို့ မိတ်ကပ်ပြင်ဆင်ခြယ်သပုံတွေက မှားယွင်းသွားတဲ့အခါ  သူတို့ရဲ့ အလှအပတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလို အလှမပျက်သွားရလေအောင် အခုဖော်ပြပေးမယ့် ဆောင်ရန်ရှောင်ရန်လေးတွေကို မှတ်သားထားဖို့ လိုမယ်နော်။

ခြောက်သွေ့ နေတဲ့ အသားအရေပေါ် မိတ်ကပ်လိမ်းခြင်း

ခြောက်သွေ့ တဲ့ မျက်နှာအသားအရေပိုင်ရှင်များ အနေနဲ့ မျက်နှာပေါ် မိတ်ကပ်တိုက်ရိုက်လိမ်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ သူတို့တွေက တစ်ပတ်ကို တစ်ခါ မျက်နှာကြေးချွတ်ပေးသင့်ပြီး Moisturizer ခရင်မ်လေးတွေကို မမေ့မလျော့အသုံးပြုသင့်ပါတယ်။ ဖောင်ဒေးရှင်းမလိမ်းခင်မှာလည်း Moisturizer ခရင်မ်နဲ့ Primer တို့ကို အရင် လိမ်းပေးပါ။ ဒါ့အပြင် အသားအရေခြောက်နေတဲ့ အတွက်ကြောင့် ပေါင်ဒါအမှုန့်တွေ လုံးဝမသုံးသင့်ပါဘူး။

Matte နှုတ်ခမ်းနီကို ခြောက်သွေ့ နေတဲ့ နှုတ်ခမ်းပေါ် လိမ်းခြင်း

Matte နှုတ်ခမ်းနီ မဆိုးခင် Lip Balm လေး အရင်ဆိုးပေးသင့်ပါတယ်။ ဒါမှ နှုတ်ခမ်းခြောက်ခြောက်ကြီး ဖြစ်မနေဘဲ ကြည့်ကောင်းနေအောင်လို့ပါ။

မိမိအသက်အရွယ်ပေါ်မူတည်ပြီး ဖောင်ဒေးရှင်းမသုံးခြင်း

သင့်အသက်အရွယ်ကြီးလာတာနဲ့အမျှ ဖောင်ဒေးရှင်းကိုလည်း ပြောင်းလဲအသုံးပြုသင့်ပါတယ်။

မျက်တောင်ကော့ဆေးကို အလွန်အကျွံအသုံးပြုခြင်း

မျက်တောင်ကော့ဘရက်ရှ်ကို  တစ်ခါထုတ်လိုက် ပြန်ထည့်လိုက် နောက်တစ်ခါပြန်ထုတ်လိုက်နဲ့ မျက်တောင်ကော့ဆေးတွေက မျက်တောင်မှာစုပုံနေသွားပါတယ်။ ဒါ့အပြင် မျက်တောင်ကော့ဆေးဘူးက လေနဲ့ထိတွေ့ မှုများတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေ ကိန်းအောင်းနိုင်ပါသေးတယ်။

မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာတစ်ခုပဲ ကွက်လိမ်းခြင်း

ဒီအမှားကတော့ ကြည့်ရဆိုးစေတဲ့ တကယ့်မဟာအမှားပါပဲ။ ဘယ်လောက်ပဲ အချိန်မရဖြစ်နေပါစေ၊ လည်ပင်းကိုလည်း မိတ်ကပ်လိမ်းပေးသင့်ပါတယ်။

ရာသီဥတုပြောင်းလဲသွားသော်လည်း ဖောင်ဒေးရှင်းပြောင်းမသုံးခြင်း

ပူအိုက်တဲ့နွေရာသီမှာ ဝတ်စားဆင်ယင်ပုံနဲ့ ဆောင်းရာသီမှာ ဝတ်စားဆင်ယင်ပုံ ပြောင်းလဲသလိုပဲ  ပျိုမေလေးတို့ရဲ့ ဖောင်ဒေးရှင်းကိုလည်း နွေရာသီမှာအသုံးပြုတဲ့ ဖောင်ဒေးရှင်းသပ်သပ်၊ ဆောင်းရာသီမှာ အသုံးပြုတဲ့ ဖောင်ဒေးရှင်းသပ်သပ်ခွဲထားသင့်ပါတယ်။

မျက်တောင်တု တပ်တဲ့အခါ ကော်အများကြီး ထည့်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

မိတ်ကပ်ဘရက်ရှ်များကို တစ်ပတ်တစ်ခါ သန့်ရှင်းရေး လုပ်ပေးပါ

မိတ်ကပ်ပစ္စည်းများကို ရေချိုးခန်းထဲမှာ ထားခြင်း

မိတ်ကပ်အလှကုန်တွေထဲမှာ သဘာဝအဆီနဲ့ ဖယောင်းတွေပါဝင်ပါတယ်။ မြင့်မားတဲ့အပူချိန်ကြောင့် ပါဝင်ပစ္စည်းတွေဓာတ်ပြယ်သွားနိုင်တာမို့လို့ ရေခဲသေတ္တာထဲမှာ ထားတာ အကောင်းဆုံးပါပဲ။

မျက်တောင်များကို ကော့ညွှတ်ဖို့ မေ့သွားခြင်း၊ ဒါမှမဟုတ် မျက်တောင်ကော့ပုံ နည်းလမ်းမကျခြင်းကလည်း အမှားအယွင်းတစ်ခုပါပဲ။

မျက်ခုံးမွှေးအလွန်အကျွံဆွဲမိခြင်း

သင့်မျက်ခုံးမွှေးအရောင်က ဆံပင်အရောင်နဲ့ လိုက်ဖက်မှုရှိမှသာ သဘာဝဆန်ဆန်အလှအပကို ပိုင်ဆိုင်နိုင်မှာပါ။

Source: Brigthside.me