မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဘယ်လိုပုံစံဖြင့် သေဆုံးမလဲဆိုတာကို အတိအကျပြောပြနိုင်သူ လောကမှာ လုံးဝမရှိနိုင်ပါ။ မိမိချစ်ခင်နှစ်သက်ရသူတစ်ဦး လောကကြီးမှ နှုတ်ဆက်ထွက်ခွာသွားရသည့်အခါမှာ ၀မ်းနည်းနာကျင်မှုခံစားတတ်ကြရပြီး ထိုခံစားမှုကိုတော်ရုံဖြေသိမ့်ဖို့မလွယ်နိုင်ပါဘူး။ ထိုနည်းတူစွာ ကမ္ဘာပေါ်ရှိ လူအများနှစ်သက်သဘောကျရသည့် အနုပညာရှင်များဆုံးပါးသွားသည့်အခါမှာလည်း ကမ္ဘာနှင့်အညီ ၀မ်းနည်းပူဆွေးခဲ့ကြရပါသည်။ ထို့ကြောင့် ကိုယ်အားကျခဲ့ရသည့် အနုပညာရှင်များ မည်သည့်မည်ပုံဖြင့် လောကကြီးကို စွန့်ခွာသွားခဲ့ရသလဲဆိုတာ သိရှိနိုင်စေရန်အတွက် မျှဝေပေးလိုက်ရပါသည်။

၁၀။ Tupac

၁၉၉၃ ခုနှစ်က အလွှမ်းမိုးနိုင်ဆုံး Rap အဆိုတော်များစာရင်းဝင်တစ်ဦးဖြစ်ခဲ့သူ Tupac သည် ၁၉၉၆ ခုနှစ်တွင် လက်ဝှေ့ပြိုင်ပွဲတစ်ခုကိုတက်ရောက်ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပါတယ်။

၉။ The Notorious B.I.G

The Notorious B.I.G သည်လည်း လူသိများကျော်ကြားအောင်မြင်ခဲ့သော Rapper တစ်ဦးဖြစ်ပြီး Billboard မဂ္ဂဇင်းတွင် အလွှမ်းမိုးနိုင်ဆုံးစာရင်းဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ၁၉၉၇ ခုနှစ်၊ မတ်လတွင် လော့စ်အိန်ဂျလိစ်၌ ရိုက်ကူးရေးလုပ်နေစဉ်အတွင်း လုပ်ကြံခံခဲ့ရပါတယ်။

၈။ Aaliyah

သီချင်းဆိုရုံသာမက သရုပ်ဆောင်ခြင်း၊ မော်ဒယ်လျှောက်ခြင်းတို့ကိုပါ ပိုင်နိုင်ကျွမ်းကျင်သည့် Aaliyah သည် “Rock the Boat” အယ်လ်ဘမ်အတွက် ရိုက်ကူးပြီးအပြန်လမ်းတွင် လေယာဉ်ပျက်ကျမှုကြောင့် ကံမကောင်းစွာဖြင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

၇။ Princess Dianna

အမှောင်ဖုံးလွှမ်းနေသည့် ကမ္ဘာကြီးအတွက် လမ်းစလေးတစ်ခုဖြစ်ခဲ့သော အင်္ဂလန်နိုင်ငံ၏ ဘုရင်မ ဒိုင်ယာနာသည် ပြင်သစ်နိုင်ငံ၏ Pont de l’Alma ဥမင်လိုဏ်ခေါင်းတွင် ကားမှောက်မှုဖြစ်ပွားမှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ရာမှ ငယ်ရွယ်စဉ်အချိန်မှာပဲ လောကကြီးကို စွန့်ခွာသွားခဲ့ရပါတယ်။

၆။ Paul Walker

သေဆုံးချိန်တွင် အသက် (၄၀) သာရှိသေးသည့် “Fast & Furious” အဓိကဇာတ်လိုက်မင်းသား ဝေါလ်ကာသည် သူငယ်ချင်းဖြစ်သူ Roger Rodas နှင့်အတူ ကားမောင်းနေစဉ်အတွင်း မီးတိုင်နှင့်သစ်ပင်ကို ၀င်ဆောင့်ရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ဆုံးသွားခဲ့ရပါတယ်။

၅။ Robin Williams

နောက်ဆုံးထွက်သက်မတိုင်မီအထိ လူအများအပြားကို အဆုံးမသတ်သည့်အပြုံးများကို ပေးစွမ်းနိုင်ခဲ့သည့် ၆၃ နှစ်အရွယ်ရှိ မင်းသားကြီးသည် သူ၏ကိုယ်ပိုင်နေအိမ်တွင် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ခြင်းကြောင့် လူများကိုအထူးဝမ်းနည်းမှုဖြစ်ပေါ်စေခဲ့ပါတယ်။

၎။ Michael Jacksons

ပေါ့ဂီတဘုရင် မိုက်ကယ်လ်ဂျက်ဆင်သည် ရုပ်ရည်ချောမောရုံသာမက အသံလည်းအလွန်ကောင်းလှသည့်အတွက် အမျိုးသမီးများသာမက အမျိုးသားများကပါ ကြိုက်နှစ်သက်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း အသက် ၅၀ အရွယ်ရှိချိန်၌ သေဆုံးမှုကိုဖြစ်ပေါ်စေနိုင်လောက်သည့် ဆေးဝါးများကို သုံးစွဲခဲ့မိသည့်အတွက် ၂၀၀၉ ခုနှစ်တွင် လောကကြီးမှ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။

၃။ Amy Winehouse

အသက် ၂၇ နှစ်အရွယ်ရှိ ထူးချွန်ပြောင်မြောက်သည့် ဆုအမြားအပြားပိုင်ရှင် အေမီဝိုင်ဟောက်စ်သည် အရက်အလွန်အကျွံသောက်သုံးမိရာမှ လန်ဒန်ရှိ သူမ၏နေအိမ် အိပ်ရာထက်တွင်ပင် အသက်ပျောက်သွားခဲ့ပါတယ်။

၂။ Prince

ဒုတိယမိုက်ကယ်လ်ဂျက်ဆင်အနေဖြင့် နာမည်ကြီးကျော်ကြားခဲ့သည့် ပေါ့တေးဂီတပညာရှင်အကျော်အမော် ပရင့်စ်သည် ဆေးသုံးစွဲမှုကြောင့် သူ့နေအိမ်တွင်ပင် သေဆုံးသွားခဲ့ပါတယ်။

၁။ Whitney Houston

အသံအားအင်မတန်ကောင်းလှသည့် ဂရမ်မီခြောက်ဆုပိုင်ရှင် Whitney Houston သည် ၂၀၁၂ ခုနှစ်တွင် Beverly Hilton ရှိ ဟိုတယ်အခန်းတွင်း ရေချိုးဇလုံထဲတွင် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။