(Zawgyi Version)

အခ်စ္ေရးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ဖို႔အျပင္ ရင့္က်က္မႈကလည္း အေရးပါပါတယ္။ အသက္ငယ္ေပမယ့္ တည္ျငိမ္ရင့္က်က္ျပီး လူၾကီးဆန္တဲ့သူေတြကို သင္ျမင္ဖူးမွာပါ။ တခ်ိဳ႕အတြဲေတြဆို ေကာင္ေလးက အသက္ပိုငယ္ေပမယ့္ ကိုယ့္ထက္ၾကီးတဲ့ ခ်စ္ရသူကို ဦးေဆာင္တတ္ၾကပါတယ္။ ဒီေတာ့ သင္က သင့္ခ်စ္သူထက္ အသက္ငယ္ေပမယ့္ သူ႕ထက္ပိုရင့္က်က္ေၾကာင္း လူၾကီးပိုဆန္ေၾကာင္း သက္ေသျပခ်င္တယ္ဆိုရင္ေတာ့ ဒီ Tips ေတြကို မွတ္ထားေပးပါ။

၁။ အရာရာကို ကိုယ့္အျမင္အျပင္ သူ႕ဘက္က အျမင္ကိုပါ ျဖည့္ေတြးေပးပါ။ သင္က အျမဲမမွန္ႏုိင္သလို ဘယ္သူမွလည္း အျမဲမမွားႏိုင္ပါဘူး။ ဒီေတာ့ အေျခအေနေတြကို ႏွစ္ဖက္ေတြးတတ္တဲ့ အေတြးမ်ိဳးရေအာင္ေလ့က်င့္ေပးပါ။

၂။ ေလးစားတတ္မႈနဲ႔ ယံုၾကည္မႈဆိုတဲ့ တန္ဖိုးႏွစ္ခုကို နားလည္ေအာင္သင္ယူပါ။ ေပ်ာ္ရႊင္တဲ့အခ်စ္ေရးမွာ ေလးစားမႈနဲ႔ ယံုၾကည္မႈက လ်စ္လ်ဴရႈထားလို႔မရပါဘူး။

၃။ ဘယ္သူမွ ျပည့္စံုတဲ့လူမဟုတ္ဘူးဆိုတာ မွတ္ထားေပးပါ။ သင့္ခ်စ္သူရဲ႕ အေကာင္းအဆိုးအကုန္လံုးကို လက္ခံတတ္ဖို႔ ၾကိဳးစားပါ။ သူ႕ရဲ႕ မေကာင္းတဲ့အက်င့္ေတြကိုလည္း ျပင္ႏုိင္ေအာင္ ပံ့ပိုးေပးပါ။

၄။ သူန႔ဲ ညွိႏိႈင္းေျပာဆိုတတ္တဲ့ အက်င့္မ်ိဳးထားပါ။ ကုိယ့္ဆံုးျဖတ္ခ်က္ကိုပဲ ေရွ႕တန္းမတင္ပါနဲ႔။

၅။ တျခားလူေတြရဲ႕အျမင္ေတြကို သိပ္ဂရုမစိုက္ပါနဲ႔။ ေသြးထိုးစကားေတြရွိရင္ေတာင္ သင့္ခ်စ္သူကို ယံုေပးပါ။ သင္ကိုယ္တိုင္ မျမင္ရသေရြ႕ဘယ္အရာကိုမွ မယံုလုိက္ပါနဲ႔။

၆။ သင့္အမွားေတြကို ဝန္ခံျပီး သူ႕အတိတ္က အမွားေတြကိုလည္း ခြင့္လႊတ္ေပးပါ။ ကၽြန္မတို႔က လူသားေတြပဲ။ အမွားနဲ႔မကင္းၾကပါဘူး။

၇။ သင့္ခ်စ္သူသင့္အတြက္ လုပ္ေပးတဲ့ကိစၥေသးေသးေလးေတြအတြက္ ေက်းဇူးတင္ဖို႔မေမ့ပါနဲ႔။ ခ်စ္သူေတြျဖစ္ေနျပီပဲ။ ေက်းဇူးတင္စကားေျပာဖို႔မလိုဘူးလို႔ မေတြးလိုက္ပါန႔ဲ။ ဘယ္သူမဆို ကူညီေပး/ လုပ္ေပးလိုက္ရင္ ေက်းဇူးတင္စကားလိုခ်င္တာပဲေလ။

၈။ သင့္ခ်စ္သူကို မေျပာဘဲနဲ႔ အေရးၾကီးတဲ့အရာေတြကို မဆံုးျဖတ္ပါနဲ႔။ သင့္လုပ္ရပ္က သူ႕ကို သင့္ေခါင္းထဲမရွိဘူးလို႔ အဓိပၸာယ္သက္ေရာက္ေစပါတယ္။ သူ႕ဆီက အၾကံေတာင္းခံတာက သူ႕ကို ဦးစားေပးေၾကာင္း ေပၚလြင္ေစပါတယ္။

၉။ သင့္ခ်စ္သူအတြက္ တစ္ေယာက္တည္္းေနဖို႔ အခ်ိန္ေပးပါ။ အခ်စ္ေရးက အပင္တစ္ပင္လိုပါပဲ။ အပင္က အသက္ရွဴဖို႔ ေလလိုအပ္ပါတယ္။ အခ်စ္ေရးမွာလည္း ကိုယ္ပိုင္ခ်ိန္လိုအပ္ပါတယ္။ သင့္ခ်စ္သူကိုယံုၾကည္ေပးပါ။

၁၀။ သူနဲ႔စကားေျပာေပးပါ။ ရန္မျဖစ္တဲ့စံုတြဲဆိုတာ ရွားပါတယ္။ ရန္ျဖစ္တဲ့အခ်ိန္မွာလည္း ကိုယ့္ရဲ႕မေက်နပ္ခ်က္ေတြကို အတိအက်ေျပာပါ။ ဘယ္ေနရာကိုယ္မၾကိဳက္လဲ သူသိေအာင္ေျပာပါ။ ဒါကလည္း ရင့္က်က္မႈတစ္မ်ိဳးပါပဲ။

(Unicode Version)

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့အပြင် ရင့်ကျက်မှုကလည်း အရေးပါပါတယ်။ အသက်ငယ်ပေမယ့် တည်ငြိမ်ရင့်ကျက်ပြီး လူကြီးဆန်တဲ့သူတွေကို သင်မြင်ဖူးမှာပါ။ တချို့အတွဲတွေဆို ကောင်လေးက အသက်ပိုငယ်ပေမယ့် ကိုယ့်ထက်ကြီးတဲ့ ချစ်ရသူကို ဦးဆောင်တတ်ကြပါတယ်။ ဒီတော့ သင်က သင့်ချစ်သူထက် အသက်ငယ်ပေမယ့် သူ့ထက်ပိုရင့်ကျက်ကြောင်း လူကြီးပိုဆန်ကြောင်း သက်သေပြချင်တယ်ဆိုရင်တော့ ဒီ Tips တွေကို မှတ်ထားပေးပါ။

၁။ အရာရာကို ကိုယ့်အမြင်အပြင် သူ့ဘက်က အမြင်ကိုပါ ဖြည့်တွေးပေးပါ။ သင်က အမြဲမမှန်နိုင်သလို ဘယ်သူမှလည်း အမြဲမမှားနိုင်ပါဘူး။ ဒီတော့ အခြေအနေတွေကို နှစ်ဖက်တွေးတတ်တဲ့ အတွေးမျိုးရအောင်လေ့ကျင့်ပေးပါ။

၂။ လေးစားတတ်မှုနဲ့ ယုံကြည်မှုဆိုတဲ့ တန်ဖိုးနှစ်ခုကို နားလည်အောင်သင်ယူပါ။ ပျော်ရွှင်တဲ့အချစ်ရေးမှာ လေးစားမှုနဲ့ ယုံကြည်မှုက လျစ်လျူရှုထားလို့မရပါဘူး။

၃။ ဘယ်သူမှ ပြည့်စုံတဲ့လူမဟုတ်ဘူးဆိုတာ မှတ်ထားပေးပါ။ သင့်ချစ်သူရဲ့ အကောင်းအဆိုးအကုန်လုံးကို လက်ခံတတ်ဖို့ ကြိုးစားပါ။ သူ့ရဲ့ မကောင်းတဲ့အကျင့်တွေကိုလည်း ပြင်နိုင်အောင် ပံ့ပိုးပေးပါ။

၄။ သူနဲ့ ညှိနှိုင်းပြောဆိုတတ်တဲ့ အကျင့်မျိုးထားပါ။ ကိုယ့်ဆုံးဖြတ်ချက်ကိုပဲ ရှေ့တန်းမတင်ပါနဲ့။

၅။ တခြားလူတွေရဲ့အမြင်တွေကို သိပ်ဂရုမစိုက်ပါနဲ့။ သွေးထိုးစကားတွေရှိရင်တောင် သင့်ချစ်သူကို ယုံပေးပါ။ သင်ကိုယ်တိုင် မမြင်ရသရွေ့ဘယ်အရာကိုမှ မယုံလိုက်ပါနဲ့။

၆။ သင့်အမှားတွေကို ဝန်ခံပြီး သူ့အတိတ်က အမှားတွေကိုလည်း ခွင့်လွှတ်ပေးပါ။ ကျွန်မတို့က လူသားတွေပဲ။ အမှားနဲ့မကင်းကြပါဘူး။

၇။ သင့်ချစ်သူသင့်အတွက် လုပ်ပေးတဲ့ကိစ္စသေးသေးလေးတွေအတွက် ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ချစ်သူတွေဖြစ်နေပြီပဲ။ ကျေးဇူးတင်စကားပြောဖို့မလိုဘူးလို့ မတွေးလိုက်ပါနဲ့။ ဘယ်သူမဆို ကူညီပေး/ လုပ်ပေးလိုက်ရင် ကျေးဇူးတင်စကားလိုချင်တာပဲလေ။

၈။ သင့်ချစ်သူကို မပြောဘဲနဲ့ အရေးကြီးတဲ့အရာတွေကို မဆုံးဖြတ်ပါနဲ့။ သင့်လုပ်ရပ်က သူ့ကို သင့်ခေါင်းထဲမရှိဘူးလို့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။ သူ့ဆီက အကြံတောင်းခံတာက သူ့ကို ဦးစားပေးကြောင်း ပေါ်လွင်စေပါတယ်။

၉။ သင့်ချစ်သူအတွက် တစ်ယောက်တည််းနေဖို့ အချိန်ပေးပါ။ အချစ်ရေးက အပင်တစ်ပင်လိုပါပဲ။ အပင်က အသက်ရှူဖို့ လေလိုအပ်ပါတယ်။ အချစ်ရေးမှာလည်း ကိုယ်ပိုင်ချိန်လိုအပ်ပါတယ်။ သင့်ချစ်သူကိုယုံကြည်ပေးပါ။

၁၀။ သူနဲ့စကားပြောပေးပါ။ ရန်မဖြစ်တဲ့စုံတွဲဆိုတာ ရှားပါတယ်။ ရန်ဖြစ်တဲ့အချိန်မှာလည်း ကိုယ့်ရဲ့မကျေနပ်ချက်တွေကို အတိအကျပြောပါ။ ဘယ်နေရာကိုယ်မကြိုက်လဲ သူသိအောင်ပြောပါ။ ဒါကလည်း ရင့်ကျက်မှုတစ်မျိုးပါပဲ။

Source: HerBeauty.co

By MyStyle Myanmar