ပရိတ်သတ်အားလုံးလည်း သိကြတဲ့အတိုင်း အာရှတစ်ဝှမ်းမှာတော့ G-Dragon က ဖက်ရှင်ဘုရင်တွေထဲက တစ်ဦးပါပဲ။ သူ့ရဲ့အဆိုတော်သက်တမ်းတစ်လျှောက်လုံးမှာလည်း Chanel, Louis Vuitton, Saint Laurent နှင့် အခြားနာမည်ကြီး အဆင့်အတန်းမြင့်အမှတ်တံဆိပ်တွေရဲ့ စပွန်ဆာပေးခြင်းကို လက်ခံရရှိလာသူတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ ဖက်ရှင်လောကမှာတော့ သူ့ရဲ့ ယုံကြည်မှုနဲ့ခန့်မှန်းလို့မရနိုင်တဲ့ ဖက်ရှင်အမြင်တို့က သူ့ကိုနှာတစ်ဖျားသာစေတာဖြစ်ပါတယ်။

ဘယ်အ၀တ်အစားက ဘယ်လိုပဲထူးထူးဆန်းဆန်းဖြစ်နေပါစေ G-Dragon ၀တ်ဆင်လိုက်ပြီဆိုတာနဲ့ အရာရာတိုင်းက ချက်ချင်းဆိုသလို ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒါကြောင့် ဖက်ရှင်ဘုရင် G-Dragon ရဲ့ ၀တ်ပုံစားပုံအစုံစုံတို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Samsung Outreach Concert: 03/27/2014

လေထီးသိုင်းကြိုးကို ၀တ်စုံအဖြစ်ဝတ်ဖို့ဆိုတာ သာမန်လူအတွက်တော့လုံးဝတွေးကိုမတွေးမိတဲ့အရာပါ။ ဒါပေမယ့်လည်း G-Dragon ကတော့ ချွင်းချက်မရှိ စတိုင်ကျကျဝတ်ဆင်ခဲ့ပြီးပါပြီ။

၂။ Instagram Update: 04/07/2017

ရုပ်ရှင်တွေထဲမှာ လူဆိုးလူမိုက်တွေဝတ်လေ့ရှိတဲ့ ဖောင်းပွပွဘောင်းဘီကို ၀တ်ဆင်ထားတဲ့ G-Dragon ကလည်း မိန်းကလေးတွေရှောင်ရှားမသွားမယ့် လူမိုက်စတိုင်ဖြစ်နေတယ်နော်။

၃။ “We Like 2 Party”: 05/19/2015

ဒီဖက်ရှင်ဒီဇိုင်းဟာဆိုလျှင်လည်း ကာကီရောင် တဆက်တည်းအင်္ကျီဘောင်းဘီကို ခပ်အုပ်အုပ်ဦးထုပ်နဲ့ သာမန်လူဝတ်လိုက်မယ်ဆိုရင် ငါးဖမ်းပဲသွားတော့မလိုလိုဖြစ်သွားစေနိုင်လည်း G-Dragon နဲ့တော့ ထူးထူးဆန်းဆန်းကို လိုက်ဖက်နေပြန်ပါရော။

၎။ Melon Music Awards: 07/11/2015

၈၀ ခုနှစ်ဝန်းကျင်ကို အပြေးသွားပြီး ဖက်ရှင်ကိုလေ့လာခဲ့သလိုမျိုး စတိုင်ကျအောင်ဝတ်ဆင်လွန်းတတ်တာလည်း G-Dragon ပါပဲ။

၅။ “Infinite Challenge“: 12/17/2016

အ၀ါရောင်အစင်းကြောင်းတွေနဲ့ ဂျာကင်ကိုဝတ်ဆင်ထားတဲ့ G-Dragon ကလည်း အင်မတန်ကို ချစ်စဖွယ်ကောင်းလွန်းလှပါတယ်။

၆။ AIA Now Festival: 08/14/2014

၇။ BIGBANG 0.TO.10 FINAL IN SEOUL: 01/08/2017

တခါတလေ ပျင်းလွန်းအားကြီးပြီး ညအိပ်ဝတ်စုံနဲ့အပြင်ထွက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေဘယ်လိုပဲ ကြိုးစားပြီး ပြင်ဆင်ကြပါစေ G-Dragon ရဲ့ ဖက်ရှင်အစွမ်းကိုတော့ လိုက်မမှီနိုင်ပါဘူး။

၈။ “Yoo Hee Yeol’s Sketchbook”: 09/10/2012

ဇစ်တွေနဲ့လုပ်ထားတဲ့ စကပ်နဲ့ သကြားလုံးရောင်အင်္ကျီတို့ကို ၀တ်ဆင်ထားတဲ့ G-Dragon ဟာဆိုလည်း ဘယ်လိုနေနေ ဖက်ရှင်ကိုကျနေတာပါပဲ။

၉။ Incheon Airport: 08/14/2014

၁၀။ Instagram Update: 03/29/2013

ဘယ်လိုဝတ်စုံကို ဘယ်လိုပုံစံနဲ့ပဲ ၀တ်ဝတ် ကြည့်လို့ကောင်းပြီး စတိုင်ကျလွန်းလှတဲ့ G-Dragon ရဲ့ စုမိစုရာပုံလေးတွေပါ။ ပရိတ်သတ်တို့ရော G-Dragon ရဲ့ ဘယ်ဖက်ရှင်ကို ဘယ်လိုသဘောကျသလဲဆိုတာ မန့်သွားကြပါအုံးလို့။