အားလုံးပဲ မင်္ဂလာပါ။ Taylow Swift ဆိုတဲ့ မိန်းမချောလေးကို အားလုံးသိကြမှာပါနော်။ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်လေးနဲ့ အသံအားအရမ်းကောင်းတဲ့ ကမ္ဘာကျော်အဆိုမလေးတစ်ယောက်ဖြစ်တဲ့အပြင် သီချင်းရေးတာလည်း အင်မတန်တော်တဲ့သူတစ်ယောက်ပါ။

သူ့သီချင်းတွေ တော်တော်များများကလည်း သူ့ရည်းစားဟောင်းအကြောင်းတွေကို ရည်ညွှန်းဖွဲ့စားထားတတ်ပါတယ်။ အသည်းကွဲတာကို အလဟဿအဖြစ်မခံဘဲ မိမိရဲ့အောင်မြင်မှုကို ဆွတ်ခူးပေးမယ့် ကုန်ကြမ်းအဖြစ် ပြောင်းလဲတတ်တဲ့ ကောင်မလေးပေါ့။

သူ့ရဲ့ ပရိသတ်တွေက Tay Tay လို့ ချစ်စနိုးလေးနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ သူ့ကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ လူကြိုက်များကျော်ကြားတဲ့ သီချင်းကောင်းတွေကို ချရေးရမယ်ဆိုရင်တော့ တစ်ထောင့်တစ်ညပုံပြင်လို ရှည်လျားသွားမှာမို့လို့ အသေးစိတ်မဖော်ပြတော့ပါဘူးနော်။ ဒီဆောင်းပါးလေးထဲမှာက သူ့ရဲ့ ဆံပင်စတိုင်လ်အကြောင်းကို အဓိက ဦးစားပေးတင်ဆက်သွားမှာမို့လို့ပဲဖြစ်ပါတယ်။

ထသွားထလာဆံပင်စတိုင်လ်မျိုးမဟုတ်ဘဲ ပွဲတက်တစ်ခုခုရှိတဲ့အခါ ကျက်သရေရှိပြီး လှပကျော့ရှင်းသွားစေဖို့အတွက် အခုဖော်ပြပေးမယ့် ဆံပင်စတိုင်လ်လေးတွေနဲ့ ပြင်ဆင်ထုံးဖွဲ့ကြည့်လိုက်ပါ။

အရှေ့ဆံမြိတ်ချထားပြီး ကျစ်ဆံမြီးကို သရဖူပုံစံ ဆောင်းထားတဲ့ ဆံပင်စတိုင်လ်

ပိုနီတေးလေး စည်းထားပြီး အရှေ့ဆံမြိတ်ချထားတဲ့ ရိုးရိုးရှင်းရှင်း ဆံပင်စတိုင်လ်

အရှေ့ကို အပြောင်သိမ်းပြီး အနောက်က ဆံပင်ကို လိပ်လိုက်ကာ အတွင်းသို့ ကောက်သွင်းလိုက်တဲ့ ခေတ်ဟောင်း ဆံပင်စတိုင်လ်

အရှေ့ဆံမြိတ်ချပြီး အနောက်ကို ထုံးထားတဲ့ ဆံပင်စတိုင်လ်

အရှေ့ကို အပြောင်သိမ်းပြီး အနောက်ကို မြင့်မြင့်ထုံးထားတဲ့ ဆံပင်စတိုင်လ်

ဒစ်ဂျယ်တယ်လိပ်ပြီး ထုံးထားတဲ့ ဆံထုံးလေး

အနောက်ဆံပင်တွေကို ထုံးထားပြီး အရှေ့ဆံပင်လေးကို လိပ်ထားတဲ့ စတိုင်လ်

ပြေပြေလေး ထုံးထားတဲ့ ဆံထုံး

နောက်တွဲဆံထုံး

ဆံပင်ကို လိမ်ပြီး စည်းနှောင်ထားတဲ့ ဆံထုံး

ဘယ်လိုလဲ ပျိုမေလေးတို့ရေ။ ဆံပင်စတိုင်လ်လေးတွေကို သဘောကျကြရဲ့လား။ နောက်တစ်ခါ ပွဲတက်အခမ်းအနားရှိတယ်ဆိုရင် အခုဖော်ပြပေးသွားတဲ့ ဆံပင်စတိုင်လ်လေးတွေနဲ့ ပြင်ဆင်ထုံးဖွဲ့လိုက်တော့နော်။

Source: Stylecraze.com