အောင်မြင်ပျော်ရွှင်တဲ့သူတွေ၊ ကုမ္ပဏီတစ်ခုရဲ့ CEO တွေ၊ ကမ္ဘာပေါ်က အောင်မြင်ကျော်ကြားတဲ့သူတွေ ပြုလုပ်လေ့ရှိတဲ့ အရာတွေကို မျှဝေပေးချင်ပါတယ်။

၁။ သူတို့အစောကြီးထကြတယ်

အောင်မြင်ပျော်ရွှင်တဲ့သူတွေဟာ မနက်ကို စောစော ထကြပါတယ်။ မနက်ကို စောစောထတာဟာ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို အေးအေးဆေးဆေးလုပ်နိုင်တဲ့အပြင် စိတ်တည်ငြိမ်အေးချမ်းမှုကိုလည်း ရရှိစေပါတယ်။

၂။ ဦးစားပေးသင့်တဲ့အရာကို ဦးစားပေးတယ်

ဘ၀မှာ အရေးကြီးတဲ့ အရာ အရေးမကြီးတဲ့ အရာတွေကို ခွဲခြားတတ်ပြီး ဦးစားပေးလုပ်ရမယ့် အရာကို ဦးစားပေးလုပ်တတ်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်လေ့ရှိတယ်

အောင်မြင်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ စိတ်ဖိစီးမှုကင်းနေဖို့လိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာဟာ စိတ်ဖိစီးမှုကင်းပြီး ကျန်းမာပျော်ရွှင်စေမှာပါ။

၎။ ရည်မှန်းချက်တွေရှိတယ်

သူတို့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိကြပါတယ်။ အောင်မြင်မှုပန်းတိုင်တစ်ခုအတွက် အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ပါပဲ။ ဘာရည်မှန်းချက်မှမရှိရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

၅။ စာဖတ်ကြတယ်

အောင်မြင်တဲ့သူတွေဟာ စာဖတ်အားကောင်းကြပါတယ်။ ကိုယ့်ဆီမှာ အသိပညာဗဟုသုတတွေရှိနေမှ သင့်ကို လူတွေက လေးစားမှာပါ။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း ရှိလာစေမှာဖြစ်ပါတယ်။

၆။ အချိန်ကို စီမံခန့်ခွဲနိုင်တယ်

အောင်မြင်တဲ့သူတွေဟာ ၂၄ နာရီအလုပ်တွေပဲ လုပ်နေတာမဟုတ်ပါဘူး။ သူတို့မှာ အနားယူချိန်ရှိတယ်။ သူတို့ချစ်တဲ့သူတွေနဲ့ အချိန်တွေ အတူတူ ကုန်ဆုံးတဲ့အချိန်ရှိပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ အချိန်ကို မျှမျှတတ စီမံခန့်ခွဲနိုင်စွမ်းရှိပါတယ်။

၇။ ကြိုတင်ပြင်ဆင်ထားကြတယ်

ဘယ်အရာကို လုပ်ဖို့ပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားပြီးမှ လုပ်တတ်တယ်။ ကြိုတင်ပြင်ဆင်မှုမရှိရင် ကိစ္စတစ်ခုဟာ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးမှာမဟုတ်ပါဘူး။

၈။ အကူအညီတောင်းတတ်တယ်

အောင်မြင်တဲ့သူတိုင်း သူတို့တစ်ယောက်တည်း လုပ်ကိုင်လို့မဟုတ်သလို သူတို့ကိုယ်သူတို့ တော်တယ်ဆိုပြီး ဘ၀င်လေဟပ်နေလို့မဟုတ်ကြပါဘူး။ အရမ်းတော်ပြီးအောင်မြင်တဲ့ ယောင်္ကျားတစ်ယောက် လူတစ်ယောက်ရဲ့နောက်ကွယ်မှာ အရမ်းတော်ကြတဲ့ ကူညီပံ့ပိုးပေးနေသူတွေရှိပါတယ်။

၉။ ဇွဲရှိတယ်

Herry Potter ၀တ္တုကိုရေးသားတဲ့ စာရေးဆရာမ J.K Rowling ဟာဆိုရင် ထုတ်ဝေသူ ၁၃ ဦးရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ပါတယ်။ ကမ္ဘာကျော် Animination ကုမ္ပဏီတစ်ခုဖြစ် Walt Disney ကုမ္ပဏီကို တည်ထောင်သူ Walter Elias Disney ဟာ စိတ်ကူးဥာဏ်မကောင်းလို့ဆိုပြီး သတင်းစာတိုက်ကနေ အလ်ုပထုတ်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ဇွဲမလျှော့တမ်း ပြန်ပြီး ကြိုးစားခဲ့လို့ ကမ္ဘာကျော်တဲ့ထိ အောင်မြင်တဲ့သူတွေ ဖြစ်လာခဲ့တာပါ။

၁၀။ တကယ်လည်းလုပ်တယ်

ရည်မှန်းချက်တွေ ရှိပေမယ့် တကယ်မလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အိပ်မက်အတိုင်း တကယ်ဖြစ်လာဖို့ လုပ်ဆောင်ပါ။