လူတိုင်းကတော့ အသားအရေလှချင်ကြတာချည်းပါပဲ။ အခုနောက်ပိုင်းမှာလည်း အသားအရည်လှပစေမယ့် နည်းလမ်းကောင်းတွေကို တော်တော်များများပြောပြထားကြတာတွေကိုလည်း တွေ့ရပါတယ်။ အဓိကကတော့ အသားအရည်ကြည်လင်ပြီးလှပချင်ရင် တစ်ခုထဲကိုဂရုစိုက်နေလို့မရပါဘူး။ အဖက်ဖက်ကနေ ဂရုစိုက်ပေးရမယ့်အချက်တွေ၊ ဆင်ခြင်ပေးရမယ့်အချက်တွေက အများကြီးရှိပါတယ်။

ရေများများသောက်ပါ။

Source: www.rd.com

အသားအရေလှဖို့အတွက်ရေးတိုင်းမှာ ဘယ်သူပဲဖြစ်ဖြစ် ပထမဆုံးအနေနဲ့ ရေများများသောက်ဖို့ကိုပဲပြောကြတာပါ။ ရေများများသောက်ပေးခြင်းက အသားအရေလှပဖို့အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံးသောနည်းလမ်းပါပဲ။

အိပ်ရေး၀၀အိပ်ပါ။

Source: www.google.com

အိပ်ရေး၀၀အိပ်မှ အသားအရေလေးက ကြည်လင်လာမှာပါ။ အိပ်ရေးမဝရင် အသားအရေကမွဲခြောက်လာတတ်ပါတယ်။ ဒါကြောင့် ည ၁၁ နာရီနောက်ဆုံးထားပြီး အိပ်ပေးပါ။

Cleansing သေချာလုပ်ပါ။

Source: www.amazon.com

မျက်နှာမှာအဆီဖုတွေ၊ ဝက်ခြံတွေပေါက်တာ၊ ဘာလုပ်လုပ် အသားအရေကောင်းမလာဘူးဆိုတာတွေက မျက်နှာကို သေချာပြောင်အောင်မသစ်လို့ Cleansing သေချာမလုပ်လို့ပါ။ ဒါကြောင့် မျက်နှာကို တစ်နေ့ နှစ်ကြိမ် အမြဲသစ်ပြီး Cleansing သေချာလုပ်ပေးပါ။

Moisturizing သေချာလိမ်းပါ။

Source: www.trendingus.com

မျက်နှာလေးက ရေဓာတ်ပြည့်နေမှလည်း ကြည်ကြည်လင်လင်လေးနဲ့ အသားအရေစိုပြေနေမှာပါ။ ဒါကြောင့် Moisturizing ကို နေ့ရောညပါလိမ်းပေးပါ။

Skincare သေချာလုပ်ပါ။

Source: simplysona.com

အသားအရေကောင်းမွန်လာစေဖ့ိုအတွက် Skincare လုပ်ပေးခြင်းကလည်း အရမ်းကိုအရေးပါတဲ့အရာတစ်ခုပါ။ ကိုယ်က Skincare Step တွေကို အများကြီးမလုပ်နိုင်ရင်တော့ နည်းနည်းလောက်တော့ ပုံမှန်လေးလုပ်ပေးသင့်ပါတယ်။

သန့်ရှင်းမှုရှိပါ။

Source: www.juventudybelleza.com

ကိုယ်သုံးနေတဲ့ Makeup Brush တွေနဲ့ မျက်နှာနဲ့ထိတွေ့နေရတဲ့ပစ္စည်းတွေအားလုံးကို သန့်သန့်ရှင်းရှင်းထားပါ။ မျက်နှာသုတ်ပုဝါနဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါလျှော်ပြီး လဲပေးပါ။ ညစ်ပတ်တဲ့လက်နဲ့ မျက်နှာကိုမကိုင်ပါနဲ့။ မျက်နှာကိုကလိတာမျိုးတွေ မလုပ်မိပါစေနဲ့။

မှန်ကန်စွာရွေးချယ်စားသောက်ပါ။

Source: www.mamistietot.ro.com

အစားအသောက်စားတဲ့အခါမှာ အသီးအရွက်နဲ့ သစ်သီးတွေကို များများစားပေးပါ။ ဒီအစားအစာတွေဟာ အသားအရေလည်းလှပစေပါတယ်။

အားကစားလုပ်ပါ။

Source: www.beautynews.com

အားကစားပုံမှန်လုပ်ပေးခြင်းက ချွေးထွက်များစေလို့ အသားအရေကိုကြည်လင်လှပလာစေပါတယ်။

တရားထိုင်ပါ။

Source: www.mendhamboroughlibrary.org

စိတ်ဖိစီးမှုတွေများနေရင် အသားအရေကညစ်နွမ်းလာတတ်ပါတယ်။ စိတ်ကြည်လင်လန်းဆန်းနေမှလည်း အသားအရေလေးကကြည်လင်နေမှာပါ။ ဒါကြောင့် ညတိုင်းတရားထိုင်ပေးရင် ပိုကောင်းပါတယ်။

အသားအရေကိုပေါင်းတင်ဂျေးချွတ်ပါ။

Source: www.popsugar.com

အသားအရေကို တစ်လတစ်ခါပေါင်းတင်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဂျေးချွတ်တာကတော့ တစ်ပတ်တစ်ခါလုပ်ပေးရင် အသားအရေလေးကြည်လင်လာစေပါတယ်။