လူသားတိုင်းရဲ့ဘဝမှာ စိတ်ပူပန်စရာတွေနဲ့ အမြဲတမ်းပြည့်နှက်နေပါတယ်။ စိတ်ရှုပ်စရာတွေကိုပဲ ဦးစားပေးနေမယ်ဆို ဘဝကြီးက စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းလှပါတယ်။ အဲ့ဒါကြောင့် ဘယ်လိုပျော်ပျော်ရွှင်ရွှင်နေသင့်သလဲဆိုတဲ့ လျှို့ဝှက်ချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

၁။ အများနဲ့ မတူတဲ့ မိမိဖြစ်တည်မှုကို လက်ခံပါ

စားချင်တာကို စားချင်သလောက်စားမယ်။ ကြိုက်သလောက်အိပ်မယ်။ တခြားသူတစ်ယောက်လိုဖြစ်အောင် မကြိုးစားပါနဲ့။ သင့်ရဲ့အပြစ်အနာအဆာလေးတွေကို လက်ခံပြီးတော့ အားသာချက်အဖြစ်ပြောင်းလဲလိုက်ပါ။ မိမိအတွက်အကောင်းဆုံးဖြစ်မဲ့အရာတွေကို ပြုလုပ်ပါ။

၂။ မိမိရဲ့ လွတ်လပ်ခွင့်ကိုလေးစားပါ

ကိုယ်မကြိုက်မနှစ်သက်တဲ့အရာတွေကို ငြင်းဆန်တတ်ဖို့ ကြိုးစားပါ။ တခြားသူကို အားနာစရာမလိုပါဘူး။ သင့်ကို ဆက်ဆံစေချင်တဲ့အတိုင်း သင်ကလည်း သူများကို အဲ့အတိုင်း ဆက်ဆံပေးပါ။

၃။ မိမိအတွက်အရေးကြီးတဲ့အရာကိုသာ ဦးစားပေးပါ

ကိုယ့်အတွက် ဘယ်အရာတွေက အရေးကြီးသလဲဆိုတာ အစဉ်လိုက်စာရင်းလုပ်ထားပါ။ သင့်ရဲ့အချိန်တွေကို သင့်အတွက်အရေးကြီးတဲ့သူတွေ၊ အရေးကြီးတဲ့အရာတွေအတွက်ပဲ ကုန်ဆုံးပါ။ မိမိအတွက် မိသားစုကသာ အရေးကြီးဆုံးဆိုရင် သူတို့တွေနဲ့ အချိန်ကုန်ဆုံးပါစေ။

၎။ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ မခံစားမိပါစေနဲ့

ဘဝမှာ ကိုယ်မလုပ်ချင်တဲ့အရာတွေကို အတင်းဖိအားပေးပြီးမလုပ်ခိုင်းပါနဲ့။ သင်လုပ်ချင်တဲ့အရာ၊ ပျော်တဲ့ အရာတွေကိုပဲ လုပ်ပါ။ အမှားလုပ်မိရင်တောင် မိမိကိုယ်ကို အပြစ်တင်စိတ်ကိုဖျောက်ပြီး၊ အမှားကနေသင်ခန်းစာယူပါ။

၅။ မိမိအလုပ်ကိုလေးစားပါ

သင်တစ်ခါမှ စိတ်မကူးဖူးတဲ့ အလုပ်ကိုလုပ်နေရတာလား။ သင့်ကိုသင် ပြန်သုံးသပ်ပါ။ ကိုယ်မပျော်တဲ့အလုပ်ကို အောင့်အီးသည်းခံပြီးလုပ်နေရတာလည်း စိတ်ရှုပ်စရာကောင်းပါတယ်။

၆။ ကိုယ်ပိုင်အားလပ်ချိန်မှာ ဝါသနာပါတဲ့အလုပ် လုပ်ပါ

လူတစ်ယောက်နဲ့တစ်ယောက်က ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပုံခြင်းမတူပါဘူး။ တစ်ချို့ကျတော့ ပင်ပန်းလာရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်ရမှ ပျော်ရွှင်တက်ကြွလာတယ်။ တစ်ချို့ကျတော့လည်း အရမ်းပင်ပန်းလာရင် ကိုယ့်အိမ်မှာပဲ စာအုပ်လေးဖတ်လိုက်၊ ပန်းချီဆွဲလိုက်နဲ့ တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေမှ လန်းဆန်းတက်ကြွလာကြတာပါ။

၇။ တစ်ချိန်လုံးစိုးရိမ်ပူပန်နေတဲ့ စိတ်ကိုဖျောက်ပါ

ဘဝက သင့်ကိုမတူညီတဲ့အတွေ့အကြုံအမျိုးမျိုးပေးပါလိမ့်မယ်။ မဖြစ်လာသေးတဲ့အရာကို ကြိုတင်ပူပန်နေမဲ့အစား ဘဝက ကိုယ့်ကိုဘယ်လိုအံ့အားသင့်ဖွယ်ရာလက်ဆောင်လေးတွေပေးမလဲဆိုတာကို ရင်ခုန်စွာနဲ့ပဲ စောင့်စားပါ။

၈။ အခြားသူတွေရဲ့ ကိုယ်ပိုင်ဘဝကိုလည်း လေးစားပါ

အခြားသူရဲ့ ရွေးချယ်မှုကိုလေးစားပါ။ သူတို့ရဲ့ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဝေဖန်အပြစ်တင်ခြင်းမပြုလုပ်ပါနဲ့။

၉။ အတိတ်ကိုလက်ခံပါ

အတိတ်က ဆိုးခဲ့တဲ့အရာတွေကို ရှက်လို့ဖုံးကွယ်ထားတာက မိမိကိုယ်ကို လက်မခံနိုင်သေးတာ၊ မိမိအနာဂတ်ကို ဖျက်ဆီးနေတာနဲ့ တူပါတယ်။

၁၀။ သင့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကို ဘဝထဲက ဖယ်ရှားလိုက်ပါ

သင်မပတ်သက်ချင်တဲ့သူတွေ၊ သင့်ကို စိတ်ဓာတ်ကျစေတဲ့သူတွေ၊ သင့်ကိုဝေဖန်တာထက်ကျော်လွန်ပြီး မကောင်းပြောတဲ့သူတွေကို သင့်ဘဝထဲက မြန်မြန်ဖယ်ထုတ်လိုက်ပါ။ ဒါမှ သင်ပျော်ရွှင်လာမှာမို့လို့ပါ။

Source: Brightside.me