သားရေကွင်းလေးတွေကို ပထမဆုံးတီထွင်ခဲ့တဲ့ နိုင်ငံကတော့ အင်္ဂလန်နိုင်ငံဖြစ်ပြီးတော့ အမေရိကန်နိုင်ငံစာတိုက်ဝန်ဆောင်မှုလုပ်ငန်းကတော့ သူတို့ရဲ့အကြီးမားဆုံးဝယ်ယူသူတွေပေါ့။ စာပို့သမားတွေ စာပို့တဲ့အခါ သားရေကွင်းတွေကို အသုံးပြုကြပါတယ်။ သားရေကွင်းကို ဘယ်လိုဘက်စုံသုံးလို့ရလဲဆိုတာကို အတူတူဖတ်ကြည့်ရအောင်နော်။

ကင်မရာအဖုံးအတွက် ဒီလိုချည်ထားမယ်

စာရွက်လှန်တဲ့အခါ

တံတွေးစွတ်ပြီး စာရွက်မလှန်ချင်သူများအတွက် သားရေကွင်းကို ဒီလိုအသုံးပြုပါ။ (ခေါင်းစည်းကြိုးနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်)

မှန်နဲ့ပြတင်းပေါက်သန့်ရှင်းရေးအတွက်

ပြတင်းပေါက်မှန်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် ကြက်တောင်မွေးဝယ်စရာမလိုတော့ပါဘူး။ မျက်နှာသုတ်ပုဝါအဟောင်းတစ်ထည်ရယ်၊ သားရေကွင်း တစ်ခုရယ်၊ ဟင်းချက်ဇွန်းလေးရယ်ရှိရင် ရပါပြီ။

လက်သည်းပုံဖော်တဲ့အခါ

ဆိုင်မှာသွားပြီး ပိုက်ဆံအကုန်အကျမခံဘဲ လက်သည်းလှလှလေးပုံဖော်ဖို့အတွက် နည်းလမ်းကောင်းလေးပါပဲ။

တံခါးလော့ခ် မကျသွားအောင် ဒီလိုချည်ထားပါ

ဖန်ပုလင်းဖွင့်တဲ့အခါ

ဖန်ပုလင်းအဖုံးတွေ ကြပ်နေလို့ဖွင့်ရခက်တယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း သားရေကွင်းလေးကို အသုံးပြုပေးပါ။

ကားထဲမှာ ဖုန်းကို အခုလိုထောင်ထားမယ်

လက်အညောင်းခံပြီး ဖုန်းကိုင်ထားစရာ မလိုတော့ဘူးပေါ့

တစ်သျှူးလေးနဲ့ ဒီလိုပတ်ထားမယ်

အိမ်သာသုံးတစ်သျှူးတွေကို ကလေးလေးတွေက ဆော့လို့ပဲဖြစ်ဖြစ်၊ ခွေးလေး ကြောင်လေးတွေရဲ့ လက်ချက်ကြောင့် တစ်သျှူးလိပ်ပြေသွားခြင်းမှ ကာကွယ်ဖို့ သားရေကွင်းအသုံးပြုပါ။

ခွက် ကျမကွဲဖို့

ကလေးလေးတွေက ငယ်သေးတော့ ခွက်ကိုသေချာမကိုင်တတ်သေးတဲ့အခါ ကျကွဲတတ်ပါတယ်။ အဲ့ဒါဆိုရင် ခွက်ကို သားရေကွင်းနဲ့ အခုလိုပတ်ထားလိုက်ပါ။

ခဲဖျက်

ခဲဖျက်ကုန်သွားလို့ မဝယ်ရသေးတဲ့အခါ သားရေကွင်းနဲ့ အလွယ်တကူ အသုံးပြုလို့ရပါသေးတယ်။

Source: Brightside.me