တစ်ယောက်တည်းနေရတာ ပျင်းဖို့ကောင်းလိုက်တာ။ ရည်းစားလိုချင်လိုက်တာလို့ တွေးဖူးငြီးဖူးမှာပါ။ အဆိုးဆုံးကတော့ မုန့်ဆိုင်တစ်ဆိုင် တစ်ယောက်တည်းသွားမိတာ ဘေးမှာ အတွဲတွေချည်းပဲ မြင်နေရတာပါပဲ။ သူငယ်ချင်းတွေကြည့်လိုက်ရင်လည်း အကုန်လုံး စော်တွေ ဘဲတွေနဲ့ချည်းပဲ။

သူတို့ကို အပြင်သွားဖို့ ခေါ်လိုက်ရင်လည်း မအားတာချည်းပဲ။ အဲ့လိုဖြစ်နေရင်တော့ Single ဘဝရဲ့ အနှစ်သာရတွေကို သင်သိဖို့လိုနေပါပြီ။ ကြည့်လိုက်ရအောင်နော်။

၁။ အကောင်းဆုံးလူတစ်ယောက်ဖြစ်ဖို့ အချိန်ပေးပြီးကြိုးစားနိုင်ပါတယ်

Source: MindFirst

သင်က လူလွတ်ဆိုရင်တော့ သင့်မှာအပေါဆုံးက တစ်ယောက်တည်းနေရတဲ့ အချိန်တွေပါ။ ဒီအချိန်တွေကို ပိုကောင်းတဲ့သင်ဖြစ်ဖို့ ကြိုးစားတဲ့ အစီအစဉ်မှာ အချိန်ပေးနိုင်ပါတယ်။ သင်လိုချင်တဲ့ ကိုယ်အလေးချိန်ရဖို့၊ သင်တက်ချင်တဲ့သင်တန်းတက်ဖို့၊ နောက်အလုပ်တစ်ခုထပ်လုပ်ဖို့၊ စေတနာ့ဝန်ထမ်းလုပ်ဖို့ စတဲ့အချိန်တွေပါ။ Single တွေလုံးဝမလုပ်သင့်တဲ့ အလုပ်တစ်ခုကတော့ အိမ်မှာပဲ တစ်နေ့လုံးနေပြီး သူတို့ဘယ်လောက်အထီးကျန်လဲ တွေးနေတာပါ။ အိမ်ပြင်ထွက်ပြီး အရင်ကထက် ပိုတော်အောင်ဘယ်လိုလုပ်မလဲ စစဉ်းစားကြည့်ပါ။ အောင်မြင်လာတဲ့တစ်နေ့ ခေါင်းခေါက်ရွေးနိုင်ပါတယ်။

၂။ သင်လုပ်ချင်တဲ့အရာကို အချိန်မရွေးလုပ်နိုင်ပါတယ်

Source: Pinterest

သင်ဘယ်မှာ ဘယ်သူနဲ့တွေ့နေတယ်ဆိုတဲ့အကြောင်း ဘယ်သူ့ကိုမှ တင်ပြနေစရာမလိုပါဘူး။ ဘယ်အချိန်အိမ်ပြန်ရောက်ရမယ်ဆိုပြီး အာဏာပေးသူမရှိပါဘူး။ အလွတ်လပ်ဆုံးဘဝပါပဲ။

၃။ သူငယ်ချင်းတွေနဲ့ Night Out ထွက်နိုင်ပါတယ်

Source:Pinterest

ရည်းစားရှိသူတွေကတော့ Night Out ထွက်ပြီဆိုတာနဲ့ သူတို့ ကောင်လေးတွေ ကောင်မလေးတွေ မဟုတ်တရုတ်လုပ်မှာ ကြောက်နေတတ်ကြပါတယ်။ Single လား။ ဒါဆိုရင်တော့ သူငယ်ချင်းတွေနဲ့ Night Out ထွက်လိုက်ပါတော့။ သင့်ကို အော်မယ့်လူ တစ်ယောက်မှမရှိပါဘူး။

၎။ ဝါသနာအသစ်စလုပ်ဖို့ အချိန်ရပါတယ်

Source: Bustle

သင်က အလုပ်တစ်ဘက်နဲ့သူဆိုရင် ရည်းစားရှိခဲ့ပါက အလုပ်နဲ့ အချစ်ရေးကို မျှပေးရပါတယ်။ Single ဆိုရင်တော့ ဒီလိုမဟုတ်ပါဘူး။ တစ်ယောက်တည်းနေရတဲ့အချိန်များတာကြောင့် ကိုယ်ဝါသနာပါတာတွေစလုပ်နိုင်ပါတယ်။ ဘာသာစကားအသစ်သင်မလား၊ ချက်နည်းပြုတ်နည်းသင်တန်းတက်မလား ကြိုက်တာလုပ်လို့ရပါတယ်။

၅။ သင်တွေ့ချင်တဲ့သူတွေနဲ့ တွေ့ပြီး အီစီကလီအများကြီးလုပ်နိုင်ပါတယ်

Source: LovePanky

သင်သဘောကျတဲ့ ချစ်စရာကောင်လေးတွေ ကောင်မလေးတွေ အကုန်လုံးကို ငမ်းနိုင်ပါတယ်။ ချောတဲ့လူအကုန်လုံးကို Crush နိုင်ပါတယ်။ သင့်ကို မျက်နှာမည်းမည်းကြီးနဲ့ ကြည့်မယ့်လူမရှိပါဘူး။

၆။ Social Media ပေါ်မှာ သင်တင်ချင်တာ တင်နိုင်ပါတယ်

Source:Pinterest

သင်က RS ဆိုရင်တော့ ဘယ်မင်းသားမင်းသမီးကို ဘယ်လောက်ထိသဘောကျကြောင်း လွတ်လွတ်လပ်လပ်မတင်နိုင်ပါဘူး။ တင်ခွင့်ပြုခဲ့ရင်တောင် ပြဿနာဖြစ်လာတိုင်း ဒီကိစ္စတွေနဲ့ ရစ်ခံနေရဦးမှာပါ။ Single ဆိုရင်တော့ ကြိုက်သလောက် တင်နိုင်ပါတယ်။

၇။ ကိုယ်တွဲနေသူ Social Media ပေါ်မှာ ဘာတွေလုပ်နေလဲ လိုက်စစ်နေစရာမလိုပါဘူး

Source:Pinterest

သင်က RS ဆိုရင်တော့ သင့်ကောင်လေးသို့ ကောင်မလေးက အရင်ရည်းစားဟောင်းပုံတွေကို Love React တွေပေးနေမလား။ အချိန်ပြည့် ထောက်လှမ်းနေရပါတယ်။ ဒီလိုလိုက်စစ်ဆေးရတာက သင့်အတွက်မကောင်းပါဘူး။

၈။ ဖုန်းပေါ်မှာ အချိန်ဖြုန်းတာနည်းသွားပြီး သင့်အတွက် အချိန်ပေးနိုင်ပါတယ်

Source:Pinterest

Rs ဘဝကတော့ ညဘက် လိုင်းပေါ်ပုံမှန်တက်ပေးရတယ်။ စာပို့ရတယ်။ တစ်နေ့မှာ အချိန်အနည်းငယ်တော့ ချစ်သူအတွက် အချိန်ပေးရပါတယ်။ ဖုန်းပြောရပါတယ်။ သင်က Single ဆိုရင်တော့ ဂိမ်းဆော့နေရင်တောင် သင့်ကို ဖုန်းဆက်ပြီး နှောင့်ယှက်မယ့်သူမရှိပါဘူး။ ဖုန်းဘေလ်လည်း မကုန်တော့ပါဘူး။

၉။ မချစ်ချင်ဘဲ အတင်းချစ်ရတာမျိုးတွေမရှိပါဘူး

Source:Pinterest

သင်က RS တစ်ခုကို အစပျိုးလိုက်ပြီဆိုတာနဲ့ သူနဲ့ပတ်သက်သမျှ အသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံရပါတယ်။ ဒီအထဲမှာ သင်မပြောချင်တဲ့သူတွေနဲ့ ပြောရတာမျိုးလည်းရှိမှာပါ။ တစ်ယောက်တည်းသမားဆိုရင်တော့ ဒီအကန့်တွေမရှိပါဘူး။

၁၀။ ပိုက်ဆံပိုစုနိုင်ပါတယ်

Source: PNGkey

ချစ်ရတာက တစ်ခါတလေ ဈေးကြီးလွန်းပါတယ်။ ဟော့ပေါ့လိုက်ကျွေးရတယ်။ မာလာရှမ်းကောလိုက်ကျွေးရတယ်။ မွေးနေ့လက်ဆောင်တွေ ဈေးကြီးကြီးဝယ်ပေးရတယ်။ Surprise လုပ်ပေးရတယ်။ Single ဆိုရင်တော့ သင့်အိတ်ထဲမှာ ပိုက်ဆံတွေ အထပ်လိုက်ဖြစ်နေမှာပါ။ ဒီကိစ္စတွေအတွက် အပိုမကုန်လို့ပါ။

ဒီအချက်တွေကို လိုက်ဖတ်ပြီး Rs ဖြစ်နေတဲ့သင်တောင် Single ဖြစ်သွားချင်ပြီမလား။

By MyStyle Myanmar