ယနေ့ခေတ်တွင် ဖက်ရှင်နှင့်ပတ်သက်၍ မိန်းကလေးများသာမဟုတ်ဘဲ ယောကျာ်းလေးများပါ အထူးစိတ်ဝင်တစားရှိလာကြပါတယ်။ ခေတ်မီဆန်းသစ်သောဒီဇိုင်းပုံစံအမျိုးမျိုးနှင့် လိုက်မမှီနိုင်လောက်အောင် ထူးကဲဆန်းပြားသော ဖက်ရှင်အသွင်အမျိုးမျိုးကို တွေ့မြင်ရမှာဖြစ်သော်လည်းပဲ နေ့တဓူဝသွားလာလှုပ်ရှားနေရသည့် အချိန်အခါမျိုးတွင် ဂျင်းဘောင်းဘီများကို ၀တ်ဆင်ခြင်းက သက်သောင့်သက်သာနှင့် လွတ်လပ်စွာဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် ဂျင်းဖက်ရှင်ကို မည်ကဲ့သို့စတိုင်ကျကျဝတ်ဆင်နိုင်သလဲဆိုတာကို သိရှိနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ Miranda Kerr

အနက်ရောင်ဗြောင်ဒီဇိုင်းရှိ တီရှပ်အင်္ကျီကို ဂျင်းဘောင်းဘီအတွင်းသို့ ထည့်သွင်းဝတ်ဆင်ပေး၍ ရွှေရောင်အသုံးအဆောင်ပစ္စည်းများ၊ ဘွတ်ဖိနပ်များဖြင့် စတိုင်ကျကျတွဲဖက်ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

၂။ Laurianne Melierre

အပြဲဒီဇိုင်းဂျင်းဘောင်းဘီကို ကြယ်သီးတပ်ဘလောက်စ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်သည့်အပြင် အပေါ်မှထပ်၍ ကုတ်အင်္ကျီကို စတိုင်မိမိတင်ထားသည့်ဒီဇိုင်းပဲဖြစ်ပါတယ်။ ထိုမျှသာမက လေးထောင့်ဆန်ဆန်လက်ပွေ့အိတ်နှင့် ကြိုးသိုင်းဒေါက်ဖိနပ်တို့ကိုပါ တွဲဖက်လိုက်သည့်အခါမှာတော့ အလွန်တရာကို ပြီးပြည့်စုံပြီး ခေတ်ဆန်ကြော့မော့သောအသွင်ကို ရရှိနိုင်ပါတယ်။

၃။ Nicole Richie

အောက်နားအကားဂျင်းဘောင်းဘီများကို ၀တ်ဆင်လိုသူများအတွက် ခက်ခက်ခဲခဲစဉ်းစားစရာမလိုပါဘူး။ ကြယ်သီးတပ်ရှပ်အင်္ကျီအပေါ်မှနေ၍ အရောင်တောက်တောက်နှင့် ကုတ်အင်္ကျီတစ်ထည်ကို ထပ်ပေါင်းဝတ်ဆင်ပေးခြင်းဖြင့် စတိုင်အပြည့်နှင့်ကျော့ရှင်းသည့်အသွင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

၎။ Olivia Palermo

ကိုယ်ကျပ်ဂျင်းဘောင်းဘီကို သိုးမွှေးကုတ်အင်္ကျီနှင့် ခြေမျက်စိကြိုးသိုင်းဒေါက်ဖိနပ်နှင့် တွဲဖက်ဝတ်ဆင်လိုက်သည့်အခါ ဆွဲဆောင်မှုအပြည့်ရှိသည့် အမျိုးသမီးတစ်ယောက်၏အသွင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် Palermo ကဲ့သို့ ဆံပင်အနောက်သိမ်းပြီးစုစည်းကာ အရွယ်အစားသေးငယ်သည့် လက်ပွေ့အိတ်ကိုပေါင်းစပ်လိုက်သည့်အခါမှာတော့ ပြီးပြည့်စုံသွားမှာဖြစ်ပါတယ်။

၅။ Clemence Poesy

တီရှပ်ကိုဘောင်းဘီခါးတွင်းထည့်၍ အပေါ်ထပ်ကုတ်အင်္ကျီထပ်ဝတ်ကာ ယောကျာ်းလေးစီးဒီဇိုင်းရှုးဖိနပ်၊ အကောက်သားအနည်းငယ်ရှိသည့်ဆံပင်ပုံစံတို့ ပြင်ဆင်လိုက်သည့်အခါမှာတော့ မိန်းကလေးအသွင်နှင့် ယောက်ျားလေးဆန်သည့်ဖက်ရှင်ဒီဇိုင်းကို ရရှိနိုင်မှာဖြစ်ပါတယ်။

၆။ Reese Witherspoon

ဂျင်းဘောင်းဘီကို ခါးအတွန့်ဒီဇိုင်းဘလောက်စ်အင်္ကျီ၊ ထိပ်ချွန်ရှုးဖိနပ်အပါး၊ လက်ကိုင်အိတ်အကြီးတို့ဖြင့် လိုက်ဖက်ညီစွာ တွဲဖက်ဝတ်ဆင်ပေးခြင်းဖြင့်လည်း ၀တ်ဆင်သူကို သက်သောင့်သက်သာရှိစေရုံသာမက ဖက်ရှင်အသွင်ကိုပါ ယခင်နှင့်မတူအောင် မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

၇။ Jaime King

အထပ်ပေါင်းမြောက်မြားစွာ ၀တ်ဆင်ရသည်ကိုမနှစ်သက်သူများအတွက် ဂျင်းဘောင်းဘီက အကောင်းဆုံးသောဖြေရှင်းချက်တစ်ခုပဲဖြစ်ပါတယ်။ ပေါ်လွင်ထင်ရှားသောဆေးရိုက်ဒီဇိုင်းနှင့် ကော်လံပါဂျာကင်ကို အပေါ်အင်္ကျီအနေနှင့်ဝတ်ဆင်မှာဖြစ်သောကြောင့် ဖိနပ်အတွက်ရိုးစင်းသောအသွင်ရှိသည့် ရှုးအပါးကို ရွေးချယ်နိုင်ပါတယ်။

၈။ Elena Perminova

ဖန်စီများ၊ စီးကွင့်များနှင့် တွဲဖက်ဝတ်ဆင်ရသည့်အသွင်ကို ကြိုက်နှစ်သက်သူများမှာ Perminova ကဲ့သို့ ထင်းလင်းပေါ်လွင်သည့်ဆွဲကြိုး၊ ဖန်စီအလှဆင်ဒီဇိုင်းဒေါက်ဖိနပ် တို့ကို အပြာရောင်ဂျင်းဘောင်းဘီ၊ မိန်းကလေးဆန်သည့်အပေါ်အင်္ကျီတို့နှင့် လိုက်ဖက်ညီစွာဝတ်ဆင်လိုက်သည့်အခါမှာတော့ လူအများငေးမောရသည့် အသွင်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

၉။ Olesya Rulin

တီရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီ၊ အပေါ်ထပ်ကုတ်တစ်ထည်တို့ကို တွဲဖက်ဝတ်ဆင်ခြင်းက ရိုးစင်းလွန်းတယ်လို့ ထင်ပါက ထိပ်ချွန်ဒေါက်ဖိနပ်၊ လက်ကိုင်အိတ်အကြီးတို့ကိုပါ ပေါင်းစပ်လိုက်ခြင်းဖြင့် တစ်မျိုးဆန်းသစ်သောအသွင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

၁၀။ Hanelli Mustaparta

ဂျင်းဘောင်းဘီကို ဘယ်လိုစတိုင်မိအောင် ၀တ်ဆင်ရမလဲနှင့်ပတ်သက်၍ ခေါင်းစားနေသူများအတွက် ခေါင်းစွပ်လက်ရှည်အင်္ကျီများက အလွယ်ကူဆုံးနှင့်အရိုးရှင်းဆုံး ဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ မိမိရဲ့ခေတ်အဆန်ဆုံးသော ခေါင်းစွပ်အင်္ကျီကို ဘေးလွယ်အိတ်၊ ကြိုးသိုင်းဒေါက်ဖိနပ်တို့ဖြင့် တန်ဆာဆင်လိုက်မယ်ဆိုရင် သူမတူဆန်းသစ်သောအသွင်တစ်မျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။