မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ခရီးသွားခြင်းက ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေ ဗဟုသုတတွေ ပေးစွမ်းနိုင်ပါတယ်။ အတွေ့အကြုံသစ်တွေ ရရှိနိုင်တာမို့ ခရီးသွားခြင်းက ပျော်ဖို့ကောင်းပါတယ်။

ဒီတစ်ခေါက်မှာတော့ လူဖြစ်ရကျိုးနပ်စေဖို့ အာရှတွင်းသွားလည်သင့်တဲ့နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Maldive ကမ်းခြေ

တစ်နေ့ Maldive ကမ်းခြေကိုသွားနိုင်ရမယ်ဆိုပြီး စာဖတ်ပရိတ်သတ်တို့ ရည်ရွယ်ဖူးမှာပါ။ Maldive ကမ်းခြေက အိန္ဒိယသမုဒ္ဒရာ အာရေးဗီးယန်းပင်လယ်မှာတည်ရှိတဲ့ Republic of Maldive မှာရှိတာပါ။ ပင်လယ်အရောင်က အံ့မခန်းလှပလွန်းပြီး မြင်တဲ့သူတိုင်းသွားချင်စိတ်တွေ တဖွားဖွားပေါက်လာတဲ့နေရာဆိုလည်းမမှားပါဘူး။

၂။ Angkor ရှေးဟောင်းသုတေသနပန်းခြံ၊ ကမ္ဘောဒီးယား

ရှေးဟောင်းသမိုင်းကြောင်းကို လေ့လာချင်တဲ့သူတွေအနေနဲ့ ဒီနေရာကိုသွားသင့်ပါတယ်။ စူးစမ်းလေ့လာစရာတပုံတပင်ကြီးနဲ့ Angkor ကစောင့်မျှော်နေပါတယ်။

၃။ Penang အစားအသောက်၊ မလေးရှား

Penang ဒေသမှာတော့ အိန္ဒိယ တရုတ်လူမျိုးနဲ့ မလေးရှားလူမျိုးတွေရောနှောနေထိုင်ကြပါတယ်။ ဒီဒေသက အစားအသောက်တွေက အစပ်ဟင်း၊ လျှာရည်ကျရမယ့်စွပ်ပြုတ်အစုံနဲ့ စုံလင်လှပါတယ်။ အစားအသောက်တွေကလည်း ဈေးနှုန်းသက်သာတယ်လို့သိရပါတယ်။

၎။ Halong ပင်လယ်အော်၊ ဗီယက်နမ်

ဒီဒေသမှာတော့ တောညို့ညို့မှိုင်းမှိုင်းတွေ အုပ်စိုးထားပါတယ်။ တောင်တက်ခြင်း အသစ်အဆန်းလေ့လာခြင်းတွေလည်းပြုလုပ်နိုင်တဲ့နေရာပါ။ ရာသီဥတုကိုတော့ သတိထားသွားရပါမယ်။ မုတ်သုံလေက ဇွန်လမှ စက်တင်ဘာလထိ တိုက်ခတ်တတ်ပြီး တစ်ဖန်ဇန်နဝါရီလမှ မတ်လအထိတိုက်ခတ်တတ်ပါတယ်။

၅။ Bromo-Tengger-Semeru သဘာဝပန်းခြံ၊ အင်ဒိုနီးရှား

ဒီပန်းခြံကို Bromo တောင်နဲ့ Semeru တောင်နှစ်လုံးနာမည်ကို အခြေခံပြီးအမည်မှည့်ထားတာပါ။ သဘာဝကိုမြတ်နိုးတဲ့သူတိုင်း ဒီနေရာကို သွားသင့်ပါတယ်။

၆။ Luang Prabang လာအို

ဒီနေရာက လာအိုနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်များစွာရှိတဲ့ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။ ရေတံခွန်များစွာ ပဲ့တင်သံထပ်နေတဲ့ ဂူတွေနဲ့ သာယာတဲ့နေရာတွေက သင့်ကိုဆွဲဆောင်နေမှာအမှန်ပါပဲ။

၇။ Kinabalu တောင်၊ မလေးရှား

ဒီနေရာကနေ ဖိလစ်ပိုင်နိုင်ငံကို တွေ့မြင်နိုင်တယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့ Kinabalu ကဆီးနှင်းတွေနဲ့ ပိတ်ဖုံးနေတတ်ပါတယ်။ စွန့်စားရတာဝါသနာပါတဲ့စာဖတ်ပရိတ်သတ်တို့ သွားသင့်တဲ့နေရာတစ်ခုပါ။

၈။ ဘာလီကျွန်း အင်ဒိုနီးရှား

အင်ဒိုနီးရှားပိုလာဘာလီကျွန်းလေးဝယ်ဆိုတဲ့ သီချင်းလေးကို အားလုံးသိကြမှာပါ။ သင်သွားသင့်တဲ့နေရာတွေထဲမှာ ဘာလီကျွန်းကိုလည်း မမေ့သင့်ပါဘူး။

၉။ Infugao စပါးစိုက်ခင်း ဖိလစ်ပိုင်

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတရုတ်ယူနန် ရွှေ့ပြောင်းသူတွေဟာ ဒီနေရာကို စပါးမျိုးစေ့တွေနဲ့ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဒီလူမျိုးတွေဟာ စပါးကို လှေကားထစ်ပုံစံစိုက်ပျိုးကြပါတယ်။ ကောက်ရိတ်တဲ့ရာသီချိန်ဆိုရင် အစိမ်းရောင်လွှမ်းနေတာမို့ လှပတဲ့နေရာတစ်ခုပါ။

၁၀။ Krabi ဒေသ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံကမ်းခြေအများစုက Krabi ဒေသမှာတည်ရှိတာပါ။ ပင်လယ်ကမ်းခြေကို သွားလည်ချင်သူတွေလက်မလွှတ်သင့်တဲ့နေရာတစ်ခုပါ။ ပြာလဲ့နေတဲ့ပင်လယ်ရောင်က သင့်ကိုဆွဲဆောင်နေမှာပါ။

Source: Pinterest

By MyStyle Myanmar