အားလုံးပဲ မင်္ဂလာပါ။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ တည်ငြိမ်ရင့်ကျက်တဲ့အရွယ်လေးတွေ ရောက်လာပြီဆိုတော့ ကျက်သရေရှိပြီး နန်းစံစေမယ့်အလှအပပြင်ဆင်မှုလေးတွေ ပြင်ဆင်ပေးဖို့ လိုအပ်လာပါပြီ။

မိတ်ကပ်ဆိုလည်း မိတ်ကပ်အလျောက်၊ ဆံပင်ပြင်ဆင်ထုံးဖွဲ့ရင်လည်း သပ်သပ်ရပ်ရပ်ဆံပင်စတိုင်လ်၊ ဆံပင်အရောင်ဆိုးချင်ရင်လည်း ကိုယ့်စိတ်ကြိုက်အရောင်တွေ ဆိုးလို့မရဘဲ ကိုယ်နဲ့ လိုက်ဖက်မယ့် အရောင်လေးတွေပဲ ရွေးရတော့တာပေါ့။

အဲ့ဒါကြောင့် တည်ငြိမ်ပြီးရင့်ကျက်တဲ့အလှလေးဖြစ်အောင် ကူညီပေးမယ့် လက်သည်းနီဒီဇိုင်းလေးတွေကို ဘယ်လိုဆိုးရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

သဘာဝအရောင်နဲ့ အရောင်ဖျော့လေးတွေကို ရောဆိုးပါ။

အရောင်အဆင့်ဆင့်ပြောင်းလဲသွားတဲ့ လက်သည်းနီဒီဇိုင်း

ရွှေရောင်လေးတွေ မြှုပ်ထားတဲ့ လက်သည်းနီဒီဇိုင်း

တော်ဝင်စံတဲ့ ဝိုင်နီရောင်

လက်သည်းတိုတဲ့သူရော လက်သည်းရှည်တဲ့သူနဲ့ပါ လိုက်ဖက်မယ့် လက်သည်းဒီဇိုင်း

ပန်းပွင့်ဒီဇိုင်းကို ဒီလိုပုံဖော်ပါ။

အရောင်လက်လက်လေးတွေပါတဲ့ လက်သည်းဒီဇိုင်း

အရောင်လက်လက်လေးတွေနဲ့ လက်သည်းပုံဖော်ချင်တယ်ဆိုရင် အရင်ဆုံး အရောင်လက်လက်တွေကို လက်သည်းပေါ်မှာ နေရာချပါ။ ပြီးမှ အကြည်ရောင်လေးကို အပေါ်က ထပ်အုပ်ပြီးဆိုးလိုက်ပါ။

စကျင်ကျောက်ပုံစံ လက်သည်းဒီဇိုင်းရအောင် ဒီလိုပုံဖော်ပါ။

အပြာရင့်ကနေ အပြာနု တဖြည်းဖြည်းပြောင်းသွားတဲ့ လက်သည်းဒီဇိုင်း

အစင်းကျားဒီဇိုင်း

အရင်ဆုံး အောက်ခံလက်သည်းနီတစ်ထပ်ဆိုးမယ်။ ပြီးရင် ရွှေရောင် (သို့) ငွေရောင် (သို့) အမဲရောင် တိတ်လေးကို ဆိုးထားတဲ့ လက်သည်းနီပေါ်မှာ နေရာချလိုက်ပါ။ နောက်ဆုံးကျရင် လက်သည်းအကြည်ရောင်လေးကို အပေါ်မှာ ထပ်ဆိုးလိုက်ပါ။

Source: Brightside.me