မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဇွန်လလယ်လောက် ရောက်ပြီဆိုတော့ ဒီလအတွက် ပျိုမေတို့လိုချင်တဲ့ အင်္ကျီတွေဝယ်ပြီးလောက်ပြီပေါ့နော်။ စတိုင်ကျဖို့ လှနေဖို့ အဝတ်အစားလိုက်ဝယ်ရတာလဲ မလွယ်ဘူးလေနော်။ ပါတီသွားဖို့ အလုပ်သွားဖို့ လျှောက်လည်ဖို့ စတဲ့ကိစ္စအဝဝနဲ့ လိုက်ဖက်တဲ့ အင်္ကျီကို ရှာရတာလဲအမောပဲနော်။ ဒီတစ်ခေါက်မှာတော့ ပျိုမေတိုင်းမှာ ပိုင်ဆိုင်ထားသင့်တဲ့ ဘောင်းဘီပုံစံတွေကို ဖော်ပြပေးချင်ပါတယ်။

အလုပ်သွားတာကနေစပြီး အပြင်လျှောက်လည်တဲ့အထိ စကပ်မဝတ်ချင်တဲ့ ပျိုမေတို့အတွက် ဘောင်းဘီပုံစံအမျိုးမျိုးရှိထားတာက အကောင်းဆုံးပါပဲ။ တကယ်လို့ ဘောင်းဘီပုံစံအားလုံး မဝယ်နိုင်ရင်တောင် ဖြည်းဖြည်းချင်းစုလို့ရတာပဲလေ။ ပြောပြထားတဲ့ဘောင်းဘီပုံစံ ၁၀မျိုးထဲမှာ ကိုယ်မကြိုက်တာပါလာရင်လည်း အတင်းဝယ်စရာမလိုဘူးနော်။ ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ်တကယ်သဘောကျတဲ့ဘောင်းဘီပုံစံတွေကိုပဲ ဝယ်နိုင်ပါတယ်။

ဘောင်းဘီဝယ်လိုက်တဲ့အချိန်တိုင်း ဒီတစ်မျိုးတည်းပဲ ထပ်မဝယ်မိအောင် ခုရေးထားတွေကို မှတ်ထားလိုက်တော့နော်။ မိန်းကလေးတိုင်းမှာ လိုအပ်တဲ့ ဘောင်းဘီပုံစံ ၁၀ မျိုးကတော့-

၁။ ဘောင်းဘီအပွ

၂။ Vintage Style ဘောင်းဘီ

၃။ စစ်ရောင်ဘောင်းဘီအပွ

၎။ အသားကပ်ဘောင်းဘီ

၅။ ကာလာစုံဘောင်းဘီ (ပန်းရောင်၊ အနီရောင်)

၆။ Leather ဘောင်းဘီ

၇။ အပြာရင့်ရောင် ဂျင်း

၈။ ပါတီသွားတဲ့ အရောင်တောက်ဘောင်းဘီ

၉။ စတိုင်ဘောင်းဘီ

၁၀။ အစင်းကြောင်းပါတဲ့ဘောင်းဘီအပွ

Source: Pinterest

By MyStyle Myanmar