မိတ်ကပ်လိမ်းပြီးအလှပြင်တယ်ဆိုတာ အချိန်အများကြီးကုန်တဲ့အပြင် စိတ်ရှည်သည်းခံတတ်ဖို့လည်း လိုပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့ အချိန်ကုန်သက်သာစေမယ့်အပြင် သင့်ရဲ့ဆွဲဆောင်မှုကိုလည်း တစ်စက်ကလေးမှ လျော့ကျမသွားအောင် ကူညီပေးနိုင်တဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေရှိပါတယ်။ အားစိုက်ထုတ်ရတာသက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေကတော့-

နှုတ်ခမ်းနီကို ပါးနီအဖြစ်အသုံးပြုမယ်

သင်ရယ်လိုက်တဲ့အခါ ဖောင်းသွားတဲ့ပါးပေါ်ကို နှုတ်ခမ်းနီအနည်းငယ်တို့လိုက်ပါ။ ပြီးရင် လက်ချောင်းထိပ်ကလေးနဲ့ အသာအယာပွတ်ပေးလိုက်မယ်ဆိုရင် နီမြန်းတဲ့ပါးဖူးဖူးလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

ခြောက်ကပ်သွားတဲ့ မျက်တောင်ကော့ဆေးအတွက်

မျက်တောင်ကော့ဆေးဘူးထဲကို ရေနွေးပူ နှစ်စက်၊ သုံးစက်ခန့်ထည့်ပြီး အဖုံးပိတ်လိုက်ကာ လှုပ်ခါလိုက်ပါ။

သွားတိုက်ပြီးတဲ့အခါ သွားတိုက်တံနဲ့ နှုတ်ခမ်းလေးတွေကိုပါ ပွတ်တိုက်ပါ

သွားတိုက်တံနဲ့ နှုတ်ခမ်းကိုအသာအယာပွတ်တိုက်ပေးမယ်ဆိုရင် ပျက်စီးနေတဲ့ဆဲလ်အဟောင်းများကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကို နူးညံ့ချောမွေ့စေပါတယ်။ ဒါ့အပြင် နှုတ်ခမ်းရဲ့သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပြီး နှုတ်ခမ်းပြည့်ပြည့်ဖူးဖူးလေးဖြစ်နေမှာပါ။

ကြောင်မျက်လုံးပုံစံ လိုင်နာကို ဒီလိုခြယ်ကြမယ်

လိုင်နာကုန်သွားတဲ့အခါ မျက်တောင်ကော့ဆေးနဲ့ အစားထိုးအသုံးပြုပါ

မျက်တောင်ကော့ဆေးနဲ့ လိုင်နာရဲ့ ပါဝင်ပစ္စည်းများက တူညီတဲ့အတွက်ကြောင့် လိုင်နာကုန်သွားတဲ့အချိန်မှာ မာစကာရာကို အစားထိုးအသုံးပြုနိုင်ပါတယ်။

ခဲတံလိုင်နာအသုံးပြုပြီး အရည်လိုင်နာနဲ့အပေါ်က ထပ်ခြယ်ပါ

အကယ်၍ သင်ကလိုင်နာဆွဲတာ လက်မငြိမ်ဘူးဆိုရင် ခဲတံလိုင်နာနဲ့ ဘောင်အရင်ကွတ်လိုက်ပါ။ ပြီးမှ အရည်လိုင်နာထပ်ဖြည့်ပါ။ ပိုမိုလွယ်ကူတာကို တွေ့မြင်ရပါလိမ့်မယ်။

မိတ်ကပ်ဖျက်တဲ့အခါ

မိတ်ကပ်ဖျက်ပြီး မျက်နှာသစ်တဲ့အခါ မျက်နှာသန့်စင်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ရေညှိရေမြှုပ်အသုံးပြုပေးပါ။ ရေညှိရေမြှုပ်က ချွေးပေါက်လေးတွေကိုသန့်စင်ပေးပြီး အသားအရေကို ကြေးချွတ်ပေးပါတယ်။

မျက်တောင်ကော့ဆေး ခြယ်တဲ့အခါ ဒေါင်လိုက်ခြယ်ပါ

အပေါ်မျက်တောင်ခြယ်ပြီးတဲ့အခါ အောက်မျက်တောင်ခြယ်ဖို့အဆင်မပြေလို့ဆိုပြီး ဒီအတိုင်းမထားလိုက်ပါနဲ့။ အောက်မျက်တောင်ကို လွယ်လွယ်ကူကူခြယ်ပေးနိုင်ဖို့ မျက်တောင်ကော့ဘရရှ်ကို ဒေါင်လိုက်အသုံးပြုပါ။

မျက်တောင်မွှေးများကို လုံးဝမညှပ်ပါနဲ့

မျက်တောင်မွှေးလေးတွေ ရှည်လျားထူထဲဖို့ဆိုပြီး ကတ်ကြေးနဲ့ လုံးဝမညှပ်လိုက်ပါနဲ့။ အကယ်၍ ညှပ်လိုက်မယ်ဆိုရင် ပြန်ရှည်လာတဲ့ မျက်တောင်မွှေးတွေက ကြမ်းတမ်းသွားပြီး နဂိုမျက်တောင်မွှေးလို ပျော့ပျောင်းကော့ညွှတ်နေမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် မျက်တောင်မွှေးတွေ ပြန်ရှည်လာဖို့ ၂ လခန့် ကြာမြင့်ပါတယ်။

မျက်ခုံးမွှေးလေးများ သဘာဝအတိုင်း ထူထဲလာဖို့

သင့်မျက်ခုံးမွှေးများကို သဘာဝအတိုင်းထူထဲလာဖို့ အုန်းဆီက ကူညီပေးပါလိမ့်မယ်။ အုန်းဆီမှာ ဗီတာမင်အီးနဲ့ သံဓာတ်ပါဝင်တဲ့အတွက်ကြောင့် မျက်ခုံးမွှေးများကို မဲနက်လာစေပါတယ်။ ပိုကောင်းတဲ့ အကျိုးရလဒ်ကို ရရှိချင်တယ်ဆိုရင်တော့ အုန်းဆီနဲ့ ကြက်ဆူဆီကိုဆတူရောပြီး လက်ချောင်းလေးများနဲ့ မျက်ခုံးမွှေးပေါ်သို့ နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် မိနစ် ၂၀၊ ၃၀ ခန့် ဒီအတိုင်းထားပြီး ရေနွေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားတဲ့ရလဒ်ကို တွေ့မြင်ရမှာပါ။

Source: Brightside.me