လူတိုင်းက ဘဝမှာ အောင်မြင်ချင်ကြပါတယ်။ မအောင်မြင်ချင်တဲ့သူကတော့ မရှိပါဘူး။ အောင်မြင်ခြင်းကလည်း လွယ်လွယ်နဲ့ မရသလို စိတ်အားထက်သန်မှုတစ်ခုတည်းနဲ့လည်း အလုပ်မဖြစ်ပါဘူး။

ကြိုးစားအားထုတ်မှု၊ ဇွဲ လုံ့လ ဝီရီယနဲ့ စိတ်ရှည်တတ်ဖို့လည်း လိုပါတယ်။

တစ်ခါကြိုးစားလို့ မအောင်မြင်သေးဘူးဆိုရင် အကြိမ်ကြိမ်ပြန်ကြိုးစားကြည့်ပါ။ လဲကျတိုင်းမှာ လှဲအိပ်မသွားဘဲ ကုန်းရုန်းထဖို့လိုအပ်ပါတယ်။

အခုဖော်ပြပေးချင်တာကတော့ အောင်မြင်တဲ့သူတွေ ဘယ်လိုကျင့်ကြံပြုမူကြသလဲ၊ မအောင်မြင်တဲ့သူတွေကရော ဘာ့ကြောင့် မအောင်မြင်ရသလဲ စတဲ့အကြောင်းအရာများကို စာဖတ်သူတွေ ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်လို့ရအောင် အတုယူသင့်တာတွေ အတုယူလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

မအောင်မြင်တဲ့သူတွေက အာဃာတထားတတ်ကြပါတယ်။ ရန်ငြိုးအာဃာတဆိုတာကတော့ ပူလောင်လှပါတယ်။ အောင်မြင်တဲ့သူတွေကတော့ ခွင့်လွှတ်ပေးတတ်ကြပါတယ်။ အမှတ်သည်းခြေမရှိတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ခွင့်လွှတ်ပေးလိုက်တာက ကိုယ့်အတွက်လည်း အေးချမ်းပါတယ်။

မအောင်မြင်တဲ့သူတွေကတော့ အခြားသူတွေ ကျရှုံးဖို့ကို စိတ်ထဲကနေ ကြိတ်ပြီး ဆုတောင်းတတ်ကြပါတယ်။ အောင်မြင်တဲ့သူတွေကတော့ တစ်ပါးသူရဲ့ အောင်မြင်ခြင်းကို  လက်ကမ်းကြိုဆိုတတ်ကြပါတယ်။

မအောင်မြင်တဲ့သူတွေမှာတော့ ဘာရည်မှန်းချက်ပန်းတိုင်မှ မရှိကြပါဘူး။ အောင်မြင်သူတွေကတော့ ကိစ္စတစ်ခုခုလုပ်မယ်ဆိုရင် အမြဲတမ်းပန်းတိုင်ကို သတ်မှတ်ထားလေ့ရှိပါတယ်။

မအောင်မြင်တဲ့သူတွေကတော့ ဒေါသမီး ပွားများအောင်သာ ပြုလုပ်ပါတယ်။ အောင်မြင်သူတွေကတော့ သူတို့အပျော်တွေ ကူးဆက်အောင် ပြုလုပ်ပါတယ်။

မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ မိမိသိတဲ့အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေကို ဘယ်သူ့ကိုမှ ပေးမသိစေပါဘူး။ အောင်မြင်သူများကတော့ သတင်းအချက်အလက်တွေအားလုံးကို ဝေမျှတတ်ကြပါတယ်။

မအောင်မြင်သူများကတော့ တီဗွီရှေ့မှာသာ အချိန်ဖြုန်းလေ့ရှိပါတယ်။ အောင်မြင်တဲ့သူတွေကတော့ စာများများဖတ်ကြပါတယ်။

မအောင်မြင်သူများကတော့ သူတို့ဘာလိုချင်သလဲ၊ ဘာဖြစ်ချင်သလဲဆိုတာကို သဲသဲကွဲကွဲ မသိကြပါဘူး။ အောင်မြင်တဲ့သူတွေကတော့ သူတို့လိုချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း သိထားပါတယ်။

မအောင်မြင်တဲ့သူတွေက သူတို့ကပဲ အရာအားလုံးကို သိနားလည်တဲ့ ဒီဇိုင်းဖမ်းကြပါတယ်။ အောင်မြင်သူများကတော့ အသစ်သောအရာတွေကို အမြဲမပြတ် လေ့လာသင်ယူတတ်ကြပါတယ်။ အသက်အရွယ်ဘယ်လောက်ကြီးကြီး လေ့လာသင်ယူခြင်းကို မရပ်တန့်လိုက်ပါဘူး။

မအောင်မြင်တဲ့သူတွေကတော့ သူတို့ရဲ့ ကျရှုံးမှုကို သူတစ်ပါးကို အပြစ်တင်လေ့ရှိပါတယ်။ အောင်မြင်သူတွေဆီမှာတော့ တာဝန်ယူလိုစိတ်၊ တာဝန်ခံစိတ် အပြည့်အဝရှိကြပါတယ်။

အောင်မြင်ချင်တယ်ဆိုရင်တော့ အတိတ်ကနေ ရုန်းထွက်လိုက်ပါ။ မိမိရဲ့ ယခုလက်ရှိအချိန်ကို အကျိုးရှိရှိအသုံးချပေးပါ။

အခုဆိုရင် စာဖတ်သူတို့လည်း ကိုယ့်ဆီမှာဘယ်လိုအကျင့်စရိုက်တွေ ရှိနေသလဲ၊ အောင်မြင်မှုနဲ့ ခြေလှမ်း ဘယ်နှလှမ်းလောက် နီးစပ်နေပြီလဲဆိုတာ သိရှိသွားပြီလို့ ယုံကြည်မိပါတယ်။

Source: Brightside.me