(Zawgyi Version)
၁။ စိတ်ဖိစီးမှုကို ထိန်းညှိနိုင်ခြင်း
၂။ အိပ်ပျော်မယ်
၎။ သက်လုံကောင်းလာမယ်
၅။ အင်္ကျီမတော်မှာ စိတ်မပူရတော့ဘူး
၆။ ခဏခဏ မဖျားတော့ဘူး
၇။ ကြွက်သားထွက်လာမယ်
(Unicode Version)
လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေချည်းပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းက ဖြစ်နိုင်ရင် ဘဝတစ်လျှောက်လုံးပြုလုပ်သွားသင့်တဲ့အရာပါ။ လေ့ကျင့်ခန်းလုပ်နေတဲ့ပျိုမေတွေအတွက်ကော လေ့ကျင့်ခန်းလုပ်မယ်လို့ စဉ်းစားထားတဲ့ပျိုမေတွေအနေနဲ့ပါ ပုံမှန်လေ့ကျင့်ခန်းလုပ်ရင် ဘယ်လိုအကျိုးဆက်တွေရလဲ သိထားသင့်ပါတယ်။ ဒီလိုဆို လေ့ကျင့်ခန်းလုပ်ရတာ ပိုပြီးတော့ တက်ကြွလာပါလိမ့်မယ်။ ကောင်းကျိုးတွေကတော့ ဒီလိုပါ-
၁။ စိတ်ဖိစီးမှုကို ထိနး်ညှိနိုင်ခြင်း
အားကစားလုပ်တာက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ညစ်တဲ့အချိန် လေ့ကျင့်ခန်းလုပ်လိုက်တာက စိတ်ညစ်တာလျော့စေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အခါ စိတ်ဖိစီးမှုကို ဘယ်လိုလျော့အောင်လုပ်နိုင်လဲ ပိုသိလာပါလိမ့်မယ်။
၂။ အိပ်ပျော်မယ်
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်က အနားယူရမယ်ဆိုတာသိပါတယ်။ ပင်ပန်းတဲ့ဒဏ်ကြောင့် အိပ်မပျော်တဲ့သူတွေအတွက်လည်း လေ့ကျင့်ခန်းပုံမှန်လုပ်တာကသင့်တော်ပါတယ်။
၃။ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာမယ်
လေ့ကျင့်ခန်းလုပ်တာက ကိုယ့်ကိုကိုယ်ပိုုပြီး Confident ရှိလာစေပါတယ်။ ငါဒီအခက်အခဲကို ကျော်လွှားနိုင်တယ်ဆိုတဲ့ စိတ်အားထက်သန်မှုတစ်ခု ပိုင်ဆိုင်လာရပါလိမ့်မယ်။
၄။ သက်လုံကောင်းလာမယ်
လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အခါ အမောခံနိုင်လာပါလိမ့်မယ်။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
၅။ အကျင်္ ီမတော်မှာ စိတ်မပူရတော့ဘူး
လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာကြောင့် ဝလာမှာ စိတ်မပူရပါဘူး။ ကိုယ်စားလိုက်တဲ့အဆီကို လေ့ကျင့်ခန်းလုပ်တဲ့အချိန် ပြန်ဖျော်လိုက်တာမို့ အကျင်္ ီဝယ်တဲ့အချိန် စိတ်ရှုပ်သက်သာစေပါတယ်။
၆။ ခဏခဏ မဖျားတော့ဘူး
ရာသီအကူးအပြောင်းဆိုရင် လူအများစုက ဖျားနာတတ်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန် ကိုယ်ခံအားမြင့်တက်လာပါတယ်။ ဒီတော့လွယ်လွယ်နဲ့ မဖျားတော့ပါဘူး။
၇။ ကြွက်သားထွက်လာမယ်
ဗိုက်မှာ ကြွက်သားနဲ့ လူတစ်ယောက်က ကျန်းမာပြီး ဆွဲဆောင်မှုရှိတဲ့အသွင်ဆောင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်မှ သင်လိုချင်တဲ့ကြွက်သားထွက်လာမှာပါ။
၈။ အစားအသောက်ဂရုစိုက်လာမယ်
လေ့ကျင့်ခန်းလုပ်ပြီး အပင်ပန်းခံထားတဲ့လူတစ်ယောက်က ပေါက်ကရ သရေစာတွေ မစားတတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ပင်ပန်းတာနဲ့ စားရတာမမျှလို့ပါ။ လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ့်ကိုကိုယ် ဂရုစိုက်ရာ ကျပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ ပိုစားဖြစ်လာပါလိမ့်မယ်။
၉။ အစာချေမှုစနစ်ပိုကောင်းလာမယ်
ကျွန်ုပ်တို့ရဲ့ အာရုံကြောစနစ်က အစာချေစနစ်ကို ထိန်းချုပ်ပါတယ်။ စိတ်ညစ်တဲ့အချိန်ဆိုရင် အစာချေဖို့ ပိုခက်ခဲတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန် စိတ်ဖိစီးမှုလျော့ကျတာကြောင့် အစာချေစနစ်နဲ့ ဆက်စပ်နေပါတယ်။
၁၀။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကျေနပ်လာတယ်
လေ့ကျင့်ခန်းလုပ်တဲ့အချိန် ခန္ဓာကိုယ်အချိုးအစားရလဒ်အပေါ် ကျေနပ်လာပါလိမ့်မယ်။ ကိုယ်ဝယ်ချင်တဲ့အဝတ်အစားတွေကို စိတ်ကြိုက်ဝယ်နိုင်ပါတယ်။ ဒီတော့မိန်းကလေးတွေအနေနဲ့ စျေးဝယ်ထွက်ရတာဝါသနာပါရင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါလို့ အကြံပေးချင်ပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်နိုင်ဖို့က ဇွဲရှိရပါမယ်။ စစလုပ်ချင်း ရလဒ်ကမသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ သင်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ “တစ်ပတ်အတွင်း ၁၀ ပေါင်ကျမယ်” စတဲ့နည်းလမ်းတွေက အမှန်တကယ်တော့ ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ လေ့ကျင့်ခန်းပုံမှန်လုပ်ရင်း ဝိတ်ချပါလို့ အကြံပေးချင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar