(Zawgyi Version)
၁။ နေကာမျက်မှန်
၎။ အရောင်စပ် ခြေစွပ်
၆။ Combat Boots
၇။ Beanie
၉။ မာဖလာ
၁၀။ လက်စွပ်သေးသေးလေးတွေ
(Unicode Version)
မင်္ဂလာပါ ဖက်ရှင်ကျတဲ့ ပျိုမေတို့ရေ။ အချိန်တွေပြောင်းလာတာနဲ့အမျှ ဖက်ရှင်ကလည်း ပြောင်းလဲနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ကိုလိုက်ပြီး မိန်းကလေးတစ်ယောက်စီတိုင်းမှာ ရှိတဲ့ Accessories တွေကလည်း မတူပါဘူး။ သင်က အထာကျကျနဲ့ ဖက်ရှင်လန်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ချင်ရင်တော့ ဒီ Accessories တွေရှိထားသင့်ပါတယ်။ ဒါတွေကတော့-
၁။ နေကာမျက်မှန်
ခရီးသွားရင်ဖြစ်ဖြစ်၊ နေရောင်ကာဖို့ဖြစ်ဖြစ် နေကာမျက်မှန်မဖြစ်မနေရှိသင့်ပါတယ်။ ဝယ်လက်စနဲ့ အရည်အသွေးကောင်းတာလေးဝယ်ထားပါ။
၂။ ငွေနဲ့ရွှေ နှစ်ရောင်စပ်နာရီ
ဒီလိုနှစ်ရောင်စပ်က အဝတ်အစားတိုင်းနဲ့လိုက်ဖက်ပါတယ်။ ဝယ်မဝယ်ကတော့ သင့်အကြိုက်ပေါ်မူတည်ပါတယ်။
၃။ ဆံပင်စည်းတဲ့ သားရေကွင်းအပျော့ရောင်စုံ
သင်က ဆံပင်ရှည်တဲ့မိန်းကလေးတစ်ယောက်ဆိုရင် ဒါကလည်း မဖြစ်မနေရှိထားရပါမယ်။
၄။ အရောင်စပ် ခြေစွပ်
ဒီခြေစွပ်က Cute Type ဖြစ်ချင်တဲ့မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။ Sneaker ဝတ်တဲ့အချိန် Printed Sock လေးတွေက သင်နဲ့လိုက်ဖက်နေမှာပါ။
၅။ အကောင်ပုံစံ လက်စွပ်/လက်ကောက်
အကောင်ပုံစံလုပ်ထားတဲ့ လက်စွပ်လေးတွေကို မိန်းကလေးတိုင်း ပိုင်ဆိုင်ထားသင့်ပါတယ်။ ဥပမာကြောင်ပုံစံ နားကပ်၊ လက်စွပ်စတာတွေပါ။
၆။ Combat Boots
ဘွတ်ဖိနပ်တစ်ရံကိုလည်း စတိုင်ကျချင်တဲ့ မိန်းကလေးတိုင်း ဝယ်ထားသင့်ပါတယ်။ ဆောင်းရာသီနဲ့ဆိုရင် အံကိုက်ပါပဲ။
၇။ Beanie
ခေါင်းစွပ်ဦးထုပ်လေးတွေကလည်း စတိုင်ကျချင်သူတိုင်း ဆောင်ထားရပါမယ်။ သင့်ကို ပိုပြီးအထာကျစေပါတယ်။
၈။ Neutral အရောင်အိတ်အကြီး
အညိုရောင်၊ အသားရောင်စတဲ့ Neutral အရောင် အိတ်အကြီးတစ်အိတ်ကိုလည်း ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒီအိတ်တွေက အကျင်္ ီတိုင်းနဲ့လိုက်ဖက်ပါတယ်။
၉။ မာဖလာ
မာဖလာလေးတွေက ကျက်သရေရှိရှိ တည်တည်ငြိမ်ငြိမ်ပုံစံကို ကြိုက်တဲ့ မိန်းကလေးတိုင်းမှာ မရှိမဖြစ်ပါပဲ။ အရောင်ငြိမ်တဲ့ မာဖလာလေးဆောင်ထားသင့်ပါတယ်။
၁၀။ လက်စွပ်သေးသေးလေးတွေ
လက်စွပ်သေးသေးလေးတွေကလည်း သင့်ပုံစံကို ပိုဆန်းသစ်စေပါတယ်။ သင့်သူငယ်ချင်းတွေကို လက်ဆောင်ပေးရင်လည်း အားလုံးသဘောကျမှာပါ။
Photo Source: Pinterest
By MyStyle Myanmar