အားလုံးပဲမင်္ဂလာပါနော်။

မိသားစုနဲ့အတူတူ ကိုယ်အရမ်းကြိုက်တဲ့ ဒရမ်မာကား၊ သတင်း၊ ဗဟုသုတရစရာ တီဗီအစီအစဉ်တွေကို ကြည့်ရတဲ့အခိုက်အတန့်က အေးချမ်းပြီး မက်မောစရာအခိုက်အတန့်တစ်ခုပါပဲ။

ရုပ်ရှင်ကြည့်ရတာဝါသနာပါတယ်။ ရုပ်ရှင်ဆိုရင် ရုပ်ထွက်ကောင်းတဲ့ TV ကိုမှ ရွေးချယ်ချင်တဲ့ သူတွေအတွက် သိပ်ပြီးမဝေးတော့တဲ့ အနာဂတ်မှာ 8K TV ကရွေးချယ်စရာ တစ်ခုဖြစ်မလား???

Samsung Electronics ကုမ္ပဏီက ၂၀၁၉  မှာ အသစ်ထွက်ရှိတဲ့ QLED 8K TV အပါအဝင် တခြား အိမ်သုံး လျှပ်စစ်ပစ္စည်းတွေကို စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Samsung Southeast Asia and Oceania Forum မှာ မိတ်ဆက်ပြသသွားခဲ့ပါတယ်။

မိတ်ဆက်ခဲ့တဲ့ ပစ္စည်းတွေထဲက မိသားစုတိုင်းရဲ့အနီးဆုံး အနွေးထွေးဆုံးနေရာမှာရှိနေမှာကတော့ TV ပါ။

တီဗွီထုတ်လုပ်မှုနယ်ပယ်မှာ (၁၃) နှစ်တိတိ ဈေးကွက်ဦးဆောင်သူအဖြစ် ရပ်တည်နေတဲ့ Samsung က ၂၀၁၉ ခုနှစ်အတွင်း  အဆင့်မြင့်တီဗီဈေးကွက်မှာ ခိုင်မာတဲ့ လွှမ်းမိုးနိုင်မှုကို ရေရှည်တည်တံ့စေဖို့အတွက် 8 K တီဗီဈေးကွက်ပိုင်ဆိုင်မှုကို ဆက်လက်မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Samsung က 8 K Q900R လို့ခေါ်တဲ့ 8K TV တွေကိုတော့ ၆၅ လက်မကနေ ၉၈ လက်မအထိ အမျိုးမျိုး ထုတ်လုပ်ထားတာကြောင့် ရွေးချယ်စရာများပါတယ်။

QLED 8K TV မှာ Pixel ပေါင်း ၃၃ သန်းပါဝင်တာကြောင့် ရုပ်ပုံရဲ့ အသေးစိတ်ကိုကအစ တိကျပြတ်သားစွာ မြင်တွေ့ရမယ့်အပြင် ပိုပြီးလင်းလက်တောက်ပတဲ့ ပုံရိပ်တွေနဲ့ ကြည့်ရှူရမှာပါ။

QLED 8 K TV ရဲ့ အားသာချက်ကတော့ ဘောင်လုံးဝမရှိဘဲ Screen အပြည့် ဗီဒီယိုတွေကို ကြည့်ရှူ့နိုင်ပြီး တိကျပြတ်သားတဲ့ ရုပ်ထွက်တွေကိုလည်း ခံစားကြည့်ရှူလို့ရမှာဖြစ်ပါတယ်။

ဘေးကနေပဲကြည့်ကြည့် ဘက်ပေါင်းစုံကပဲကြည့်ကြည့် ရုပ်ပုံတွေက မည်းနေတာမျိုး သိပ်မမြင်ရတာမျိုး မဖြစ်တော့ဘဲ ရှူ့ထောင့်မျိုးစုံကနေ ကြည်လင်တဲ့ ရုပ်ပုံတွေကိုကြည့်ရှူလို့ရမှာပါ။

မဝေးတော့တဲ့ အနာဂတ်မှာ 8K TV တွေက ရွေးချယ်စရာဖြစ်လာမလား

ဒါပေမယ့် Full HD ဗီဒီယိုကိုတောင် အနိုင်နိုင်ထုတ်နေရတဲ့ တီဗီရုပ်သံလွင့်ဌာနတွေ၊ ထုတ်လုပ်သူတွေရဲ့ ဇာတ်ကားတွေကို 8K TV မှာကြည့်လိုက်ရင် ပိုကောင်းသွားမလားဆိုတဲ့ မေးခွန်းတော့ရှိနေပါတယ်။

Samsung ကတော့ 8K TV မှာပါဝင်တဲ့ AI နည်းပညာကြောင့် ဗီဒီယိုတွေကို 8K  TV ထဲကြည့်လိုက်ရင် ရုပ်ပုံတွေရဲ့ Quality ကို အလိုလျောက်ချိန်ညှိပေးတယ်လို့ဆိုထားပါတယ်။

ဒါပေမယ့် ဘယ်လောက်အထိ တိုးတက်တဲ့ ပုံရိပ်တွေကို ချိန်ညှိပေးနိုင်မလဲဆိုတာကတော့ မြန်မာပြည်ကို Samsung ရဲ့ QLED 8 K TV  ရောက်လာပြီး လက်တွေ့မြင်ကြည့်မှ ပိုပြီးအသေးစိတ်သိရမှာဖြစ်ပါတယ်။