ဟယ်လို… MyStyle Myanmar ပရိတ်သတ်အားလုံးမင်္ဂလာပါရှင်။ လူတစ်ယောက်က ပုံမှန်အိပ်ချိန် ၇ နာရီကနေ ၈ နာရီအတွင်းရှိသင့်ပါတယ်။ ဒါပေမဲ့ လူငယ်အများစုကတော့ ညဘက်နောက်ကျမှအိပ်တတ်ကြပါတယ်။ အိပ်ချိန်ပုံမှန်မရှိကြပါဘူး။ ဒီအကျင့်က ငယ်ရွယ်တုန်း ဘာမှမဖြစ်နိုင်ပေမယ့် အသက်အရွယ်ရလာတဲ့အချိန်မှာ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

ညဘက်စောစောမအိပ်တာက အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ တချို့က အိပ်လို့ကိုမရတာ၊ တချို့က ဖုန်းသုံး ကွန်ပြူတာသုံးနေတာ၊ တချို့ကျတော့လည်း အလုပ်များလို့ မအိပ်ဖြစ်တာပါ။ ကဲ ညဘက်အိပ်မပျော်တဲ့ ညဇီးကွက်လေးတွေ စောစောအိပ်ဖြစ်အောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့-

၁။ ကိုယ့်ကိုကိုယ် အမိန့်ပေးပါ

Source: Business Insider.com

ဒီဆောင်းပါးကို ဖတ်နေတယ်ဆိုမှတော့ သင်စောစောအိပ်ပျော်ချင်လို့ပဲမလား။ ဒီတော့ ကိုယ်အိပ်ရမယ့်အချိန်ကို ပုံသေသတ်မှတ်လိုက်ပါ။ မအိပ်ခင် နာရီဝက်ကနေ တစ်နာရီအလိုမှာ Digital ပစ္စည်းတွေအားလုံးကို ပိတ်ပေးရပါမယ်။ ဖုန်း၊ကွန်ပြူတာ စတာတွေပါ။ ဖုန်း Screen ကြည့်တာက အိပ်ချင်စိတ်ကို နည်းပါးစေပါတယ်။ ဒါအတွက်ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့… စစချင်းမှာတော့ မအိပ်ခင် ၁၅ မိနစ်အလိုမှာ ဖုန်းမသုံးပါနဲ့တော့။ ၁၅ မိနစ်ကနေ နောက်တစ်ပတ်မှာ ၁၅ မိနစ်ထပ်တိုးပြီး နာရီဝက်အလိုတည်းက ဖုန်းမသုံးဘဲနေပေးရပါမယ်။

၂။ နေ့ဘက်မှာ လေ့ကျင့်ခန်းလုပ်ပေးပါ

Source: Goalcast.com

ပင်ပန်းလာတဲ့အချိန်မှာတော့ လူတိုင်းအိပ်ချင်ကြမှာပါ။ ဒီတော့ နေ့ဘက်မှာ ပင်ပန်းသွားအောင် လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ဒါပေမဲ့ ယောဂလေ့ကျင့်ခန်းကတော့ စိတ်ငြိမ်စေတဲ့ ကစားနည်းဖြစ်တာမို့ အိပ်ချင်လာအောင် မလုပ်နိုင်ပါဘူး။

၃။ အိပ်မပျော်အောင် လှုံ့ဆော်တတ်တဲ့ အစားအစာတွေကိုရှောင်ပါ

Source: Elite Daily.com

ဒီအရာတွေကတော့ ကော်ဖီ၊ အစာမကြေတဲ့ အစားအသောက်တွေပါ။

၎။ ကိုယ့်အိပ်ချိန်ကို ပြန်စီစဉ်ပါ

Source: Bustle.com

အိပ်ခါနီး သွားတိုက်ပါ။ မျက်နှာသစ်နေကျဆို မျက်နှာသစ်ပါ။ သီချင်းအေးအေးလေးတွေနားထောင်ပါ။ အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပေးပါ။ ဒီအကျင့်ကို ညဘက်အိပ်မပျော်တဲ့သူတွေ လုပ်ပေးသင့်ပါတယ်။

၅။ Alarm ပေးထားပါ

Source: Redbubble.com

ကိုယ်အိပ်ရမယ့်အချိန်ကို ကြိုပြီး Alarm ပေးထားပါ။ မနက်အိပ်ရာထတဲ့အချိန် Alarm ပေးသလိုပဲ အိပ်ချိန်ကိုလည်း Alarm ပေးထားပါ။ ညဘက်စောစောအိပ်ပျော်ချင်ရင်တော့ အပေါ်က အလေ့အကျင့်တွေကို ကြိုးစားပြီး လုပ်ကြည့်ပါနော်။

By MyStyle Myanmar