မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. သူများတွေ ချစ်သူနဲ့ရွှေလက်တွဲတာမြင်တော့ အားကျနေပြီလား ? ဒါပေမယ့် တစ်ခါတစ်လေ တစ်ယောက်တည်း ” “ငါလက်ထပ်ဖို့ အချိန်တန်ပြီ။” ” ငါလက်ထပ်ဖို့အဆင်သင့်မဖြစ်သေးပါဘူးလေ” ” ငါ့မှာ တစ်ခုခု မှားနေသလား၊ အဲ့ဒါကြောင့် ငါ အိမ်ထောင်မပြုဖြစ်တာလား ဒါပေမယ့် ငါ့မှာ ဘာအမှားမှ မရှိခဲ့ဘူး။ အိမ်ထောင်ပြုဖို့လည်း အဆင်သင့်မဖြစ်သေးဘူး။ ” လို့ကော တွေးမိနေမိလား ? ဒီလိုအတွေးပေါင်းစုံ တွေးမိနေပြီဆိုရင် ဒါက သင်က လက်ထပ်ဖို့အဆင်သင့်မဖြစ်သေးပါဘူး။

ဒါကြောင့် ဘယ်လိုလက္ခဏာတွေက သင်လက်ထပ်ဖို့အဆင်သင့်ဖြစ်မဖြစ် ပြောပြနေလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ကွာရှင်းတဲ့အကြောင်းကိုအမြဲတွေးမိခြင်း

သင့်ပတ်ဝန်းကျင်က အိမ်ထောင်ရေးအဆုံးသတ် ကွာရှင်းမှုတွေကြောင့် တခြားတစ်ယောက်ယောက် အိမ်ထောင်ပြုလိုက်တာနဲ့ သူ့ရဲ့အိမ်ထောင်ရေးကော ဘယ်လောက်ကြာပါ့မလဲ လို့ ချက်ချင်း တွေးတောမိနေတတ်ရင် သင်က အိမ်ထောင်ပြုဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

အိမ်ထောင်ပြုဖို့ မတွေးခြင်း

မိန်းကလေးတော်တော်များများက သူတို့ကြီးလာတဲ့အခါ ဘယ်လိုလူကိုလက်ထပ်မယ် အိမ်ထောင်ပြုပြီးရင် ပျော်ပျော်ကြီးနေသွားရမယ်လို့ စိတ်ကူးယဉ်တတ်ကြပါတယ်။ အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်တဲ့အခါ စိတ်ကူးယဉ်တာက ပြဿနာမရှိပါဘူး။ တကယ်တန်းအရွယ်ရောက်လာတဲ့အချိန်မှာတော့ ဘာမှအဆင်သင့်မဖြစ်သေးတဲ့အခါ တွေးထားတဲ့ စိတ်ကူးယဥ်အတွေးဆိုတာလည်း မရှိတော့ပါဘူး။ ဒီလိုမတွေးမိတော့အချိန်ဆိုရင် သင်က လက်ထပ်ဖို့အဆင်သင့်မဖြစ်သေးပါဘူး။

လက်တွဲဖော်ခနခနပြောင်းခြင်း

လက်တွဲဖော်ခနခနပြောင်းတယ်ဆိုတာက ခဏခဏ စွန့်ပစ်ခံရတာလို့ ပြောတာ မဟုတ်ပါဘူး။ ခနခန ဆက်ဆံရေးတွေ ပြတ်တောက်နေတဲ့ အနေအထားမှာ အိမ်ထောင်ရေးက သင့်အတွက်မဟုတ်ဘူးဆိုတာကို သင်သိမှာပါ။ အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အိမ်ထောင်မပြုနိုင်တဲ့ ယောက်ျားလေးတွေနဲ့ ချိန်းတွေ့တာကို ရပ်လိုက်ပါ။ ရိုးရိုးရှင်းရှင်း ပြောရရင်၊ ကြုံရာကျပန်းချိန်းတွေ့မယ့်အစား သင့်ကိုပျော်ရွှင်စေမယ့်သူတွေနဲ့ ချိန်းတွေ့ဖို့ အာရုံစိုက်ပါ။

Single ဖြစ်ရတာကို နှစ်သက်ခြင်း

တစ်ကိုယ်တည်းနေရတာကို ပျော်နေပေမယ့် ‘လက်ထပ်သင့်တယ်’ လို့ထင်လာတဲ့အခါ ပြဿနာပေါ်လာပါတယ်။ တစ်ကိုယ်တည်းဖြစ်တာက ဘာမှမမှားပါဘူး။ အိမ်ထောင်မရှိပေမယ့် ပျော်ရွှင်နေရင် အေးချမ်းပါတယ်။ တစ်ကိုယ်ရေဘဝနဲ့ အတူပါလာတဲ့ အကျိုးကျေးဇူးတွေနဲ့ အခွင့်အလမ်းတွေကို သဘောကျတယ်ဆိုရင် တစ်ကိုယ်ရေဘဝကို ပျော်မွေ့နေတယ်ဆိုရင် အိမ်ထောင်ပြုဖို့ အဆင်သင့်မဖြစ်သေးပါဘူး။