အနက်ရောင်က အမှောင်ဘက်ကို သွားကာ အနက်ရောင် လက်သည်းနီ ဆိုးတဲ့ သူတွေကိုတော့ လျို့ဝှက်သူ၊ ခပ်မိုက်မိုက်နေတတ်သူအဖြစ် မြင်ရတတ်ပါတယ်။ အနက်ရောင် လက်သည်းနီကိုမှ အရောင်ကွဲ အမျိုးမျိုး ရှိပါတယ်။ အနက်ရောင် လက်သည်းနီက ဂျစ်ကန်ကန် စတိုင်ရှိတဲ့ ကောင်မလေးတွေ၊ ယောက်ျားဆန်ဆန် နေတတ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်လေ့ရှိပါတယ်။ ဒါပေမဲ့ အနက်ရောင်ဆိုတဲ့အတိုင်း လက်သည်းနီဆိုးတဲ့အခါ သတိထားရတာတွေ၊ အရောင် မညီတော့ရင် သာမန် လက်သည်းနီအရောင်ထက် ပိုကြည့်ရမကောင်းတာတွေတော့ ရှိပါတယ်။ ဒီတော့ အနက်ရောင်လက်သည်းနီဆိုးလေ့ရှိတဲ့ ပျိုမေတို့အတွက် ဆောင်ရန်ရှောင်ရန်တွေကို ဖော်ပြပါရစေ။

၁။ လက်သည်းအရှည်

လက်သည်းအရှည်အလိုက် လက်သည်းအမည်းက လိုက်ဖက်လား၊ မလိုက်ဖက်လား ကွာခြားသွားတတ်ပါတယ်။ သင်က လက်သည်းအနက်နဲ့ ပိုလိုက်ဖက်ချင်တယ်ဆိုရင် လက်သည်းကို အတိုထားကာ သပ်သပ်ရပ်ရပ် ညှပ်ထားသင့်ပါတယ်။

၂။ လက်သည်းကွာသွားရင်

လက်သည်းအနက်နဲ့ တခြား အရောင်အဖျော့လေးတွေရဲ့ ကွာခြားချက်ကတော့ အရောင်ကွာကျရင်ပါ။ အရောင် ပြယ်သွားရင် အနက်က ကြည့်ရအဆိုးဆုံး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အရောင်ခံပြီး အရည်အသွေးကောင်းတဲ့ လက်သည်းနီမျိုးကို ရွေးသင့်ပါတယ်။

၃။ ဖက်ရှင်စတိုင်

လက်သည်းအနက် ဆိုးထားတဲ့အခါ သင့်လက်စတိုင်ကို ရိုးရိုးရှင်းရှင်းလေးပဲ ထားသင့်ပါတယ်။ အနက်က သူ့တာဝန်သူ ယူသွားပါလိမ့်မယ်။ လက်စွပ်တွေ၊ Accessories တွေ အများကြီး ဝတ်စရာမလိုပါဘူး။

၄။ သင့်အတွက် အနက်ရောင်က အရောင်အရမ်းရင့်ရင်

သင်က လက်သည်းအနက်ရောင်နဲ့ မလိုက်ဖက်ပေမယ့် အနက်ရောင်ကိုမှ ဆိုးချင်တယ်ဆိုရင် အနက်ရောင်ရဲ့ ကိုယ်စားပြုကိုမှ Ombre effect, အလတ်အလတ် ထည့်တာတွေ လုပ်နိုင်ပါတယ်။

၅။ လက်သည်းကို ဂရုစိုက်ပါ

အနက်က အပြစ်အနာအဆာ သေးသေးလေးကိုတောင် ပိုထင်းအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် သင့်လက်လေး အမြဲ ကျန်းမာနေဖို့ လက်ကို အစိုဓာတ် ထိန်းခရင် ပုံမှန် လိမ်းပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar