လူအများရှေ့မှာ ကတိကဝတ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိပေါင်းသင်းပါ့မယ်ဆိုပြီး လက်ထပ်ခဲ့ကြတဲ့ အိမ်ထောင်ရေးတွေဟာ တကယ်တော့ ရယ်စရာတစ်ခု မဟုတ် သလို ခက်ခဲတဲ့အရာတစ်ခုလည်း မဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို ဘယ်သူကမှ တောင်းဆိုလို့ မရနိုင်ပါဘူး။ အိမ်ထောင်ပြုတာဟာ တကယ်တော့ စိန်ခေါ်မှုတစ်ခု ဖြစ် ပေမယ့်လည်း  သင့်ဘဝကို ဝေမျှပေးမည့်သူရှိတာကလည်း သင့်ဘဝကို ပိုမိုချမ်းသာစေပြီး သင့်ရဲ့ဝန်ကို ပေါ့ပါးစေသည်။အိမ်ထောင်ရေးကို တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာ စေဖို့  ကြိုးစားနေကြတဲ့ စုံတွဲတွေအတွက် လက်ထပ်တုန်းကပြောခဲ့တဲ့ ( Yes ) လေးကို ရာစုနှစ်များစွာထိ တည်စေဖို့ အောက်ပါအတိုင်း နေထိုင်ပြုမူလို့ရပါတယ်။

D ကိုမေ့ထားလိုက်ပါ

D ဆိုတာ Divorce ရဲ့စကားအစလေးပါ။ လင်နဲ့မယား အကြောင်းမတိုက်ဆိုင်လို့ဘဲဖြစ်ဖြစ် စိတ်ဆိုးစိတ်ကောက်လို့ဘဲဖြစ်ဖြစ် စကားများကြတဲ့အခါ ၊အငြင်းအခုံဖြစ်လို့ရပေမယ့် ကွာရှင်းပြတ်စဲဖို့ စကားကိုတော့ ဘယ်သောအခါမှ မပြောပါနဲ့။

အိ်မ်ထောင်ဖက်ကိုအလေးပေးပါ

သင့်ရဲ့အိမ်ထောင်ဖက်ဟာ သင့်ရဲ့မိသားစုနဲ့ အတူတူပါပဲ။ ဒါကြောင့် သင့်မိသားစုတွေအပေါ် ဂရုစိုက်သလို သင့်အိမ်ထောင်ဖက်အပေါ်ကိုလည် ဂရုစိုက်ပေးပါ။

အိမ်ထောင်ဖက်ကို ဦးစားပေးပါ။

သားသမီးတွေရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းနေရတာမလို့ သင့်မှာအချိန်မရှိဘူးဆိုရင်တောင် တချို့အချိန်တွေမှာတော့ သင့်အိမ်ထောင်ဖက်ကို ဦးစားပေးဖို့ လိုအပ်ပါတယ်။

ကျေးဇူးတင်စကားပြောပေးပါ

ခင်ပွန်းနဲ့ဇနီးကြား ကျေးဇူးတင်ဖို့မလိုအပ်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်ပါတယ်” လို့ပြောဖို့ နဲ့ “ကျေးဇူးတင်တယ်” လို့ ပြောဖို့ သတိရခြင်းက သင့်တို့အိမ်ထောင်ရေးကို ပိုပြီး ခိုင်မြဲစေမှာပါ။

သင့်အိမ်ထောင်ရေးကို မြတ်နိုးပါ

သင့်အိမ်ထောင်ရေးကို သင့်ဘဝမှာတန်ဖိုးအရှိဆုံးအရာအဖြစ် ဆက်ဆံပါ။ ကာကွယ်ပါ၊ စောင့်ရှောက်ပါ၊ မြတ်နိုးပါ။

အိမ်ထောင်ရေးကို မနှိုင်းယှဉ်ပါနဲ့

သင့်အိမ်ထောင်ရေးနဲ့သူများအိမ်ထောင်ရေးကို အရာရာလိုက်မနှိုင်းယှဥ်ပါနဲ့။ အဓိကက ပေါင်းဖက်ထားတဲ့ မိမိတို့်နှစ်ယောက် တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ နားလည်မှုရှိဖို့က အဓိကပါပဲ။

အိမ်ထောင်ရေး အတွက် အချိန်ပေးပါ

သင့်အိမ်ထောင်ဖက်အတွက်အချိန်ကို သင်လုပ်ရမယ့်စာရင်းထဲမှာ အိမ်ထောင်ရေးအမြဲထည့်ထားပါ။ ထိပ်ဆုံးမှာ ရှိပါစေ။