လူအများစုက စစ်မှန်တဲ့အချစ်ကို ရှာဖွေလိုကြသလို ရှာလည်းရှာနေကြပါတယ်။ ဒါပေမယ့် အချစ်ဆိုတာ ပျော်ရွှင်မှုတွေရော စိန်ခေါ်မှုတွေရော ပြည့်နှက်နေတဲ့ ရှုပ်ထွေးတဲ့ ခရီးတစ်ခုပါ။အချစ်ရဲ့ လှပတဲ့ သွင်ပြင်တွေက အရာအားလုံးကို အခက်အခဲတွေကြားကနေ တန်ဖိုးရှိစေတယ်။

လူတွေသန်းပေါင်းများစွာထဲကမှ အချစ်စစ်ကိုရှာတွေ့တဲ့လူ ပိုင်ဆိုင်ရတဲ့လူဆိုတာ တကယ်ကို ကံကောင်းတဲ့လူပါပဲ။ သင်ကော ကံကောင်းတဲ့လူတစ်ယောက်ဖြစ်နေပြီလားဆိုတာသိချင်ရင် ဒီအချက်တွေနဲ့ တိုက်ကြည့်ကြည့်ပါ။

ပွင့်လင်းတာ

သင်ရဲ့ အကြောက်တရားတွေ အားငယ်မှုတွေကို သင့်လက်တွဲဖော်ကို မျှဝေကြည့်ပါ။ သူ့ရဲ့ စိတ်ရှည်မှု၊ ကြင်နာမှုတွေက သင့်ကို လုံခြုံမှုရှိတယ်လို့ ခံစားနေရပြီဆိုရင်တော့ သင်ဟာကံကောင်းတဲ့လူပါ။

အတူရှိချိန်

တကယ်ချစ်တဲ့လူနဲ့ ဘယ်တော့မှ ငြီးငွေ့စရာမရှိပါဘူး။ ချစ်ရတဲ့လူနဲ့အတူရှိနေရင် အရာအားလုံးက စိတ်လှုပ်ရှားစရာပါပဲ။ ဒါကြောင့် အိမ်မှာ ရိုးရိုးလေးပဲနေပြီး ကော်ဖီသောက်တာပဲဖြစ်ဖြစ်၊ ပိတ်ရက်အတွက် တောင်တက်ခရီးထွက်တာပဲဖြစ်ဖြစ် အတူတူလုပ်ကြည့်ပါ။

အကောင်းမြင်ပေးတာ

တကယ်ချစ်ရသူနဲ့ဆို သင်ကဘယ်အရာအတွက်ပဲဖြစ်ဖြစ် ဟန်ဆောင်နေဖို့ မလိုပါဘူး။ သင့်ရဲ့ အားနည်းချက်ကိုတောင်မှ သူတို့က ချစ်တဲ့မျက်စိနဲ့ကြည့်တဲ့အခါ ချစ်ဖို့ကောင်းနေအုန်းမှာပါ။ သူတို့က မင်းဘယ်သူလဲဆိုတာကို လက်ခံပြီး မင်းကိုပဲ ချစ်တာမလို့ပါ။

အားပေးတာ

သင့်မှာအခက်အခဲရှိတဲ့အခါမျိုးတွေမှာ ရှောင်မသွားဘဲ သင်နဲ့အတူတူ ဘယ်လိုအတားအဆီးကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်မယ့်သူက သင့်ကို တကယ်ချစ်တဲ့လူပါ။ သူတို့က အခက်အခဲတွေကို မျှဝေဖို့နဲ့ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ နှစ်သိမ့်မှုပေးဖို့ အဆင်သင့်ဖြစ်နေတာပါ။

အချစ်ခံရတာ

အချစ်ရေးမှာ ကံကောင်းတဲ့အချစ်ရေးကိုပိုင်ဆိုင်ထားတယ်ဆိုတာ သိတာလွန်းတဲ့အချက်ကတော့ သင်ချစ်ရသူနဲ့ ချစ်မိသွားတဲ့အချိန်ပါပဲ။ အချစ်ခံရတာ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတစ်ယောက်ရှိတယ်ဆိုတာ ဖော်ပြဖို့မလွယ်ပါဘူး။ သူတို့ကို အမြဲတွေးပြီး သူတို့ကိုတွေ့ဖို့ စောင့်မျှော်နေတဲ့အခါ အဲဒီ့ခံစားချက်ကို သင်သိလာမှာပါ။

ယုံကြည်မှုရှိတာ

သင့်ရဲ့လက်တွဲဖော်အပေါ် လုံလောက်တဲ့ယုံကြည်မှုရှိပြီး သူကလည်း သင့်ကိုယုံကြည်တယ်ဆိုရင် အဲဒါက ကံကောင်းတဲ့အချစ်ပိုင်ဆိုင်ထားတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကို ပျက်ပြားသွားစေမယ့် အရာတွေကို မလုပ်ဖူးဆို နှစ်ယောက်စလုံး သိနေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မရှိတဲ့အခါ စိတ်ပူစရာမရှိပါဘူး။

လေးစားတာ

ကံကောင်းတဲ့အချစ်ရေးပိုင်ဆိုင်ထားတဲ့လူတွေက တစ်ယောက်ကိုတစ်ယောက် စိတ်အေးလက်အေး သက်တောင့်သက်သာဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှပြီး လေးစားမှုရှိလို့ပါ။