မိသားစု သူငယ်ချင်းတွေနဲ့ အပန်းဖြေဖို့သွားကြမယ်ဆို ကမ်းခြေကတော့ ဘယ်နှစ်ခေါက်ရောက်ရောက် ရိုးမသွားတဲ့နေရာတစ်ခုပါ။ ကမ်းခြေမှာ ဓာတ်ပုံရိုက်တဲ့အခါ ထူးခြားပြီး ပေါ်လွင်တဲ့ ဓာတ်ပုံတွေရိုက်နိုင်ဖို့ Poses လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

Hotel ကနေခုံတစ်ခုံယူလာပြီး ကမ်းခြေမှာ ထိုင်နေတဲ့ပုံလေးရိုက်လိုက်ပါ။ အပြာရောင်ပင်လယ်နဲ့ ကမ်းခြေကို နောက်ခံထားမှတော့ အကောင်းဆုံး ကမ်းခြေဓာတ်ပုံတွေထဲက တစ်ခုဖြစ်သွားပြီပေါ့။

ပန်းချီကားတစ်ချပ်လို လူကို အမှောင်အရိပ်နဲ့ ကမ်းခြေကို နေ့အလင်းရောင်လိုမျိုး ဖြစ်အောင် ရိုက်ကြည့်လိုက်ပါ။  မှောင်နေတဲ့လူရဲ့ ကိုယ်ဟန်အနေအထား ခန္ဓာကိုယ် ကောက်ကြောင်းက မိန်းမလား ယောက်ျားလားဆိုတာ သိသာစေပါတယ်။

တစ်ခါတစ်လေ လူပုံမပါဘဲ ကမ်းခြေက သဲသောင်ပြင်ရဲ့သဲဖြူဖြူလေးတွေ‌ပေါ်မှာ ကျန်ခဲ့တဲ့ခြေရာလေးတွေကို ရိုက်ကြည့်လိုက်ပါ။

သဲသောင်ပြင်ရဲ့ ပျော့အိအိအိမျက်နှာပြင်ပေါ်မှာ လက်နဲ့ ဒါမှမဟုတ် တုတ်ချောင်းနဲ့ အမှတ်တရဖြစ်စေမယ့် တစ်ခုခု ရေးခြစ်ပြီး ပုံရိုက်ထားလိုက်ပါ။ ရိုက်တဲ့အခါ ရေးတုန်းက သုံးထားတဲ့ လက် သို့မဟုတ် တုတ်ချောင်းလေးကိုပါ ပါအောင် ထည့်ရိုက်ပေးနော်။

ကော့တေး၊ ဝိုင် သို့မဟုတ် အချိုရည်ကို သောက်ပြီး ကမ်းခြေမှာ အပန်းဖြေလို့ရပါတယ်။ ဝိုင်သောက်ရင်းနဲ့လည်း ဓာတ်ဖမ်းလို့ရပါသေးတယ်နော်။

တည်းတဲ့အခန်းက Sea View အခန်းဆိုရင် အခန်းကနေ အဖြူ ရောင်သဲသောင်ပြင်၊ စိမ်းပြာရောင် ကောင်းကင်ယံနဲ့ အဆုံးမရှိတဲ့ မိုးကုတ်စက်ဝိုင်းတို့ကို နောက်ခံထားပြီး ရိုက်ကြည့်လိုက်ပါ။