အရာရာတိုင်းမှာ ပထမဦးဆုံးက အမြဲတမ်းထူးခြားနေတတ်ပြီး အချစ်စစ်ကတော့ ပြောစရာကိုမလိုတော့ပါဘူး။ ဒါကြောင့် အချစ်ဦးနဲ့လက်တွဲဖို့ မျှော်လင့်နေသူတွေဖြစ်စေ ဒါမှမဟုတ် ကိုရီးယားရုပ်ရှင်ကားတွေထဲက အချစ်ဦးတွေကိုမှ ရွေးချယ်ကြည့်ရှုရတာကို နှစ်သက်သူတွေဖြစ်စေ လူတိုင်းတန်ဖိုးထားမြတ်နိုးခဲ့ရတဲ့ အချစ်ဦးကို ဖော်ကျူးထားသမျှ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ကားများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Longing Heart

သင်္ချာဆရာ ကန်ရှင်ဝူး (လီဂျောင်ရှင်း) သည် အထက်တန်းဘ၀တုန်းက ဟန်ဂျီဆူး (လီယောအွန်း) ကို ဖွင့်မပြောဖြစ်ခဲ့ပေမယ့်လည်း ထူးဆန်းတဲ့ကံကြမ္မာက အတိတ်ကိုပြန်ရောက်သွားစေခဲ့ပြီး အချစ်ဦးအတွက် သူ့ရဲ့ကိုယ်ပိုင်ငယ်ဘ၀ဖြစ်တဲ့ (ဆောဂျီဟွန်း) နဲ့ ယှဉ်ပြိုင်ရတဲ့အခြေအနေကို ရောက်သွားခဲ့ပါတယ်။

များမကြာခင်မှာ ထုတ်လွှင့်ပြသတော့မှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်နော်။

၂။ Angel Eyes

မျက်မမြင်ကောင်မလေးနဲ့ ကောင်လေးတို့ရဲ့ အချစ်ဦးဇာတ်လမ်းမှာ မမျှော်လင့်ထားတဲ့ မိသားစုအခြေအနေတွေကြောင့် တစ်ခန်းရပ်ခဲ့ရပါတယ်။ ၁၂ နှစ်ကြာပြီးနောက် ပြန်လည်တွေ့ဆုံတဲ့အချိန်မှာ အောင်မြင်ကျော်ကြားတဲ့ ခွဲစိတ်ဆရာဝန် (လီဆန်းယွန်း) ဖြစ်လာခဲ့ပြီး ကောင်မလေးမှာလည်း မျက်စိအမြင်ကိုပြန်လည်ရရှိပြီး အရေးပေါ်ဆေးကုသ၀န်ထမ်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

၃။ Finding Mr. Destiny

ဆောဂျီဝူး (အင်ဆူဂျောင်း) သည် နှစ်ပေါင်းများစွာတုန်းက အိန္ဒိယနိုင်ငံတွင် တွေ့ဆုံခဲ့ရတဲ့ အချစ်ဦးကို တမ်းတမ်းစွဲဖြစ်နေတာကြောင့် စုံစမ်းစစ်ဆေးသူတစ်ဦးဖြစ်တဲ့ ဟန်ဂီဂျွန်း (ဂုန်ယူး) ကိုငှားယမ်းပြီး ရှာဖွေခိုင်းစေခဲ့ပါတယ်။ သူမနားမလည်ခဲ့တာက အချစ်ဦးက သူမရဲ့အနီးဆုံးမှာ ရှိနေတာကိုပါပဲ။

၎။ Once Upon a Time in High School

အရှက်အကြောက်ကြီးလှသည့် ကျောင်းသား ဟွန်ဆူး (ကွမ်ဆန်ဝူး) သည် ၀ါသနာတူ၊ အကြိုက်တူသည့် ၀ူရှစ် (လီဂျောင်ဂျင်း) နှင့် သူငယ်ချင်းကောင်းများဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အွန်းဂျူ (ဟန်ဂါအင်း) ဆိုသော မိန်းကလေးကို နှစ်ဦးစလုံးက သဘောကျနေတာကို သိပြီးနောက်မှာ ဆက်ဆံရေးအခြေအနေပြောင်းလဲခဲ့ပါတော့တယ်။

၅။ Rooftop Prince

ဂျိုဆောင်ခောတ်မှ မင်းသား (ပတ်ယူချန်း) သည် သူ့ရဲ့အချစ်ဦးသေဆုံးသွားရတဲ့ အကြောင်းအရင်းကို လိုက်လံရှာဖွေရင်းနှင့် ယနေ့ခေတ်ကိုရီးယားသို့ ရောက်ရှိလာခဲ့သည့် ရယ်ရွှင်မောဖွယ်ရာ ဟာသဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

၆။ Architecture 101

ကောလိပ်တုန်းက ချစ်သူများဖြစ်ခဲ့ကြတဲ့ လီဆောင်မင်း (အွန်းထယ်ဝန်း) နှင့် ယန်ဆောယွန်း (ဟန်ဂါအင်း) တို့သည် ၁၅ နှစ်ကြာပြီးနောက် ဗိသုကာပရောဂျက်တစ်ခုကြောင့် ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ Architecture 101 သည် အထူးသဖြင့် ကိုရီးယားအမျိုးသားများအတွက် အချစ်ဦးအကြောင်း သရုပ်ဖော်ထားသည့် ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

၇။ My Love From Another Star

ဂြိုလ်သား ဒိုမင်းဂျွန် (ကင်ဆူဟွန်း) နှင့် နာမည်ကြီးမင်းသမီး ချွန်းဆုန်းရီ (ဂျောင်ဂျီဟွန်း) တို့ရဲ့ အချစ်ဦးဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အင်မတန်မှ လူကြိုက်များကျော်ကြားခဲ့တဲ့ ဇာတ်လမ်းလေးပါပဲနော်။