အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်တဲ့သူတွေအတွက် တိုးတက်ပြောင်းလဲမှုဆိုတာ တချိန်ချိန်မှာ ရရှိလာမယ့် ရလဒ်တစ်ခုပါပဲ။

ကမ္ဘာပေါ်မှာလည်း မမှတ်မိလောက်အောင်၊ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားတဲ့ မြို့တွေ ရှိပါတယ်။ အဲဒီမြို့လေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။

စင်ကာပူ

အပေါ်က ပုံက ၁၉၆၀ ပြည့်နှစ် ၀န်းကျင် စင်ကာပူနိုင်ငံရဲ့ ပုံဖြစ်ပါတယ်။

ဒုတိယပုံကတော့ အခုလက်ရှိ တိုးတက်ပြောင်းလဲသွားတဲ့ စင်ကာပူနိုင်ငံဘဲ ဖြစ်ပါတယ်။

ဟောင်ကောင်


အဖြူအမည်းပုံကတော့ ၁၉၆၀ ပြည့်နှစ်က ဟောင်ကောင်ရဲ့ ပုံဖြစ်ပါတယ်။

အခုဆိုရင်တော့ မိုးမျှော်တိုက်ကြီးတွေ ထိုးထောင်နေတဲ့ ဟောင်ကောင်ဖြစ်နေပါပြီ။

ဘရာဇီးနိုင်ငံ၊ Fortaleza မြို့

တိုက်အမြင့်အနည်းငယ်ဘဲရှိတဲ့ ဓာတ်ပုံကတော့ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က ရိုက်ကူးထားတာဖြစ်ပါတယ်။

ကမ်းခြေတစ်လျှောက်မှာ မိုးမျှော်တိုက်တွေရှိတဲ့ ဓာတ်ပုံကတော့ ၂၀၁၆ ခုနှစ် ၀န်းကျင်က ရိုက်ကူးထားတာပါ။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့

တိုက်ပုပုလေးတွေနဲ့ ဖုံတထောင်းထောင်း ထနေတဲ့ အပေါ်က ပုံလေးကတော့ ၁၉၄၀ ပြည့်နှစ်က ပေကျင်းမြို့ရဲ့ ပုံဖြစ်ပါတယ်။

မိုးမျှော်တိုက်တွေ အပြည့်ဖြစ်နေပြီး ကမ္ဘာ့စံချိန်တင်လောက်တဲ့ ဗိသုကာလက်ရာတွေနဲ့ လှပနေတာကတော့ ၂၀၁၆ ခုနှစ်ဝန်းကျင်က ရိုက်ထားခဲ့တဲ့ ပေကျင်းမြို့တော်ရဲ့ ပုံဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့

၁၉၉၀ ခုနှစ်ဝန်းကျင်က တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရှန်ဟိုင်းရဲ့ အခြေအနေကို ထင်ဟပ်နေတဲ့ ဓာတ်ပုံပါ။

ဒါပေမယ့် အနှစ် ၂၀ ကျော်ကြာတဲ့အခါမှာတော့ တကယ့် ခေတ်မီတဲ့ မြို့တော်ကြီးအဖြစ် ခမ်းနားထည်ဝါနေပြီ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံ၊ Toronto မြို့

မီးရောင်စုံနဲ့ လှပပြီး ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ Toronto မြို့ရဲ့ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်က အနေအထားပါ။

အခုဆိုရင် ခေတ်မီပြီး မီးရောင်စုံနဲ့ ထိန်ထိန်ငြီးလို့ ကောင်းကင်ဘုံတစ်ခုလို့တောင် တင်စားနေကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့

တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား စစ်ပွဲဖြစ်နေချိန်၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့ ၁၉၅၀ ၀န်းကျင် အခြေအနေပါ။

အခုလို ကိုရီးယား ယဉ်ကျေးမှုကို ကမ္ဘာလွှမ်းအောင် လုပ်နိုင်နေတဲ့ အခြေအနေနဲ့တော့ အများကြီး ကွာဟနေတာကိုတွေ့ရမှာပါ။

ဒါကတော့ ကင်ချီ ဆိုတဲ့ အစားအစာကို ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့တဲ့ အခုလက်ရှိ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မြို့ရဲ့ အခြေအနေပါ။