ဖက်ရှင်ရေစီးကြောင်းသည် ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားစရာများနှင့် ပြည့်နှက်နေသော်လည်း တခါတရံတွင် မိမိတို့၏ကျန်းမာရေးကို ကိုယ်သိမြင်နားမလည်နိုင်သည့်နည်းလမ်းဖြင့် အန္တရာယ်ပေးလာနိုင်ပါသည်။ ထို့ကြောင့် မည်သည့်ဖက်ရှင်အရာဝတ္ထုများက မိမိတို့ရဲ့ကျန်းမာရေးကို မည်သို့မည်ဖုံ အနှောင့်အယှက်ပေးနိုင်သလဲဆိုတာကို သိရှိစေရန်အတွက် မျှဝေပေးလိုက်ရပါသည်။

ဒေါက်မြင့်ဖိနပ်များ

သင်စီးထားသည့် ဖိနပ်ရှိဒေါက်အမြင့် မြင့်လာလေလေ သင့်ခန္ဓာကိုယ်အလေးချိန်မှာ ခြေဖနောင့်ပေါ်သို့ သက်ရောက်မှုရှိလေဖြစ်ပါတယ်။ ထိုမှတဆင့် နာကျင်မှု၊ ခြေကျင်းဝတ်ဒဏ်ရာအနာတရများ နှင့် ကျောရိုးဆိုင်ရာဝေဒနာများကို ခံစားလာရနိုင်ပါတယ်။

ဗိုက္ခ်ပ္အက်ႌမ်ား

ကြာကြာစည်းထားသည်နှင့်အမျှ အဆုတ်၏လုပ်ဆောင်မှုစွမ်းရည်မှာ ကျလာနိုင်ပြီး လှုပ်ရှားမှုများကို နှောင့်နှေးလာစေနိုင်ပါတယ်။

မျက်နှာခွဲစိတ်ပြုပြင်မှုများ

လှပမှုလိုချင်တပ်မက်ခြင်းကို အပြစ်မပြောလိုသော်လည်း ဓားအောက်လည်စင်းခံခြင်းကတော့ အင်မတန်မှအန္တရာယ်များသည့် လုပ်ရပ်ဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက် ထည့်သွင်းလိုက်သည့်စီလီကွန်များမှာ ပေါက်ပြဲထွက်ခြင်း၊ Botox ထိုးခြင်းကြောင့် မျက်နှာပြင်ရှိကြွက်သားများကို အကြောသေသွားစေခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများ ရောက်ရှိလာနိုင်ပါတယ်။

အရောင်ပါမျက်ကပ်မှန်များ

ဆရာဝန်၏ခွင့်ပြုချက်မပါဘဲ ၀ယ်ယူထားသည့် မျက်ကပ်မှန်များသည် သင့်မျက်လုံးအတွင်းထည့်သွင်းတပ်ဆင်ရန် လုံးဝလုံခြုံမှုရှိနိုင်မည်မဟုတ်ပေ။ ထိုမျက်ကပ်မှန်များကို တပ်လိုက်ခြင်းက မျက်လုံးကွယ်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ မျက်ကြည်လွှာခြစ်မိခိုက်မိခြင်း၊ စသည့် အန္တရာယ်များကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အဆိပ်ဖြစ်စေသည့်မိတ်ကပ်များလိမ်းခြယ်ခြင်း

အလှပြင်မိတ်ကပ်ပစ္စည်းများတွင် အဆိပ်အတောက်ဖြစ်စေသည့် ဓာတ်သတ္တုများ ပမာဏဘယ်လောက်ပါဝင်သည်ဆိုတာကို မသိနိုင်ပါဘူး။ ထိုကဲ့သို့ အဆိပ်အတောက်များရောစပ်ပါဝင်နေသည့် မိတ်ကပ်များကို မိမိမျက်နှာပေါ်သို့ လိမ်းခြယ်လိုက်ခြင်းက ထိုအဆိပ်အတောက်များကို မျက်နှာရှိချွေးပေါက်များအတွင်း စိမ့်ဝင်သွားစေမှာဖြစ်၍ ကင်ဆာရောဂါကိုမွေးမြူရာရောက်သွားမှာဖြစ်ပါတယ်။

ကိုယ်ကျပ်ဂျင်းဘောင်းဘီများ

ကိုယ်နှင့်တသားတည်းကျနေသည့် ဂျင်းဘောင်းဘီအကျပ်များ ၀တ်ဆင်ခြင်းက သွေးလည်ပတ်မှုကို ဟန့်တားမှုဖြစ်စေနိုင်ပါတယ်။

လေးလံသည့်ပိုက်ဆံအိတ်များ

အသုံးအဆောင်ပစ္စည်းအများအပြားကို ထည့်သွင်းသိမ်းဆည်းထားသော လေးလံသည့်အိတ်အား သွားလေရာသယ်ဆောင်ခြင်းက ဦးခေါင်း၊ ဇက်၊ ပုခုံးနာကျင်မှုတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ခြေညှပ်ဖိနပ်များ

ဖိနပ်အပါးများကို ၀တ်ဆင်ခြင်းက ခြေဖနောင့်အား လုံလောက်သည့်ထောက်ပံ့မှုကို ပေးစွမ်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ခြေဖနောင့်ကို ထောက်ပံ့ပေးရန်အတွက် insole များကို ၀ယ်ယူကာ မိမိစီးမည့်ဖိနပ်အတွင်း ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။