ဆံကေသာ ထူထဲရှည်လျားပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို မိန်းကလေးတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ ဆံပင်ရှည်ရှည်ပိုင်ဆိုင်ထားသူများအဖို့ ဆံပင်စတိုင်အမျိုးမျိုးပြုလုပ်လို့ရတာကတော့ အားသာချက်တစ်ခုပါပဲ။ ရှည်လျားတဲ့ဆံကေသာအတွက်လည်း ထိန်းသိမ်းစောင့်ရှောက်ရတာတွေက များပြားလှသလို ဆံပင်စတိုင်အမျိုးမျိုးအတွက်လည်း အချိန်အများကြီးပေးရပါတယ်။

ဒါပေမဲ့ အခုဖော်ပြပေးမယ့် ဆံပင်စတိုင်တွေကတော့ အချိန် ၁၀ မိနစ်ခန့်ပဲကြာမှာမို့လို့ အပြင်ထွက်ခါနီးတိုင်း အချိန်လုနေရတဲ့ပျိုမေလေးတွေအတွက်တော့ ကွက်တိပဲပေါ့။

လှပတဲ့ အခွေအရစ်ကလေး

အရင်ဆုံးဆံပင်အစွန်းနှစ်ဖက်ကို ယူပြီး ပေါင်းချည်လိုက်ပါ၊ ပြီးရင် အထဲကို လိပ်လိုက်ပါ။ နောက်ထပ်တစ်လွှာထပ်ပေါင်းစည်းလိုက်ပြီး ကျစ်ဆံမြီးကျစ်လိုက်ပါ။ အဲ့ဒီနောက်မှာ ကျစ်ဆံမြီးနဲ့ ပထမတစ်ခေါက်က စည်းထားတဲ့ဆံပင်နဲ့ကို ထုံးပေးလိုက်မယ်ဆိုရင် လှပတဲ့ အခွေအရစ်ကလေး ရသွားပါလိမ့်မယ်။

တစ်ဝက်အလိမ်

ကျက်သရေရှိတဲ့ နှစ်ထပ်ဆံပင်အလိမ်လေး

ဆံပင်တစ်ဝက်စည်းလိုက်ပါ။ စည်းထားတဲ့ဆံပင်ရဲ့အလယ်တည့်တည့်ကို အထဲသွင်းပြီး လိမ်ချလိုက်ပါ။ ဘေးနားကဆံပင်ကို ပြန်စည်းပြီးစောနကလိုပဲ အထဲကိုလိမ်ချလိုက်ပါ။ ဘယ်လောက်မှအချိန်မပေးရဘဲ ရိုးရှင်းလွယ်ကူလှတဲ့ ဆံပြင်ပြင်နည်းပါပဲ။

ရိုးရိုးစည်းထားတဲ့ ဆံပင်ကို စပရေးသုံးပြီး ထုံးမယ်

ဆံထုံး နှစ်ခု

ဆံပင်ကို အနောက်လှန်ဖြီးလိုက်ပြီး ဆံထိုးတစ်ခုအရင်ဖန်တီးမယ်၊ ဒုတိယတစ်လွှာထပ်စီးပြီး ဆံထုံးနောက်တစ်ခုပြုလုပ်ရုံပါပဲ။

အောက်ကို ဖောင်းဖောင်းလေးထုံးထားတဲ့ ဆံထုံး

ဆံထုံးအလိမ်

ဘီးအချွန်နဲ့ ဆံပင်ခွဲကြောင်း ၃ ခု ဖန်တီးပါ။ အလယ်ကခွဲထားတဲ့ ဆံပင်ကို ကလစ်နဲ့ ပုံပါအတိုင်းညှပါထားပါ။ အောက်တစ်လွှာကို စည်းထားလိုက်ပါ။ ပြီးရင် ညှပ်ထားတဲ့ကလစ်ကို ဖြုတ်လိုက်ပြီး အလိမ်ကလေးလိပ်လိုက်ကာ ကလေးနဲ့ညှပ်လိုက်ပါ။ ဘေးနားက ခွဲထားတဲ့ ဆံပင်နှစ်ဖက်ကိုလည်း အလိမ်ကလေးလိပ်လိုက်ပြီး ကလေးနဲ့ ညှပ်ထားပါ။ ပြီးရင် အကုန်လုံးစုပေါင်းထားတဲ့ဆံပင်ကို စည်းထားလိုက်ပါ။

ကျစ်ဆံမြီးကျစ်ပြီး အထပ်ထပ်ကလေးစည်းမယ်

ဆံပင်ကို ဘေးဘက်နှစ်ဖက်ခွဲထားပြီးတော့ အလယ်ကဆံပင်ကိုစည်းထားပါ။ ဘေးနှစ်ဖက်ကို ကျစ်ဆံမြီးကျစ်ပြီး အလယ်မှာ ပေါင်းစည်းလိုက်ပါ။ နှစ်လက်မစီခွာပြီး ခေါင်းစည်းသုံးခုနဲ့ သုံးဆင့်ချည်လိုက်ပါ။ ဖောင်းဖောင်းလေးဖြစ်သွားအောင် အသာအယာလေးဆွဲလိုက်ပါ။ လှပတဲ့ဆံပင်စတိုင်လေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Soure: Brightside.me