အသားအရေဆိုတာ ကိုယ်သူ့ကိုဂရုစိုက်နိုင်မှ သူကလည်းကိုယ့်ကိုပြန်ကြည့်တာပါ။ Skin Care တွေတော့ပုံမှန်သုံးနေပါရဲ့နဲ့ အစားအသောက်ကမဆင်ခြင်ဘူးဆိုပြန်ရင်လည်း လိုချင်တဲ့အသားရေမျိုးကို ဘယ်တော့မှရဦးမှာ မဟုတ်ပါဘူး။

ဘယ်လိုအကျင့်မျိုးတွေရှိနေရင်ဖြင့် အသားအရေပျက်စီးသထက် ပျက်စီးလာနိုင်လောက်တယ်ဆိုတာကို လေ့လာကြည့်လိုက်ရအောင်ပါ။

၁။ လက်နဲ့ခဏခဏကိုင်တာ

Source: Medical News Today

လက်နဲ့မကြာခဏမျက်နှာကို ကလိနေမယ်ဆို ဝက်ခြံတွေပေါလာပါလိမ့်မယ်။ အဓိက ကတော့ နှုတ်ခမ်းနားတစ်ဝိုက်မှာပါ။ Skin care နဲ့ Makeup တွေမျက်နှာမှာလိမ်းထားချိန်ဆို တတ်နိုင်သလောက်သွားမကလိပါနဲ့။ ညအိပ်ရာဝင်ချိန်ဆိုလည်း မိတ်ကပ်ဖျက်ပြီးမှ အိပ်ဖို့မမေ့ပါနဲ့။

၂။ Sunscreen လိမ်းဖို့မမေ့ပါနဲ့

Source: kemduongtrangda.org

Sunscreen ဆိုတာ တင်းတိပ်နဲ့ မဲ့ခြောက်တွေဖြစ်စေရုံသာမက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေကိုပါ တားဆီးပေးနိုင်ပါတယ်။ ဘာကြောင့် ချွေးပေါက်တွေကျယ်လာရလဲဆိုပြီးတော့လည်း စဉ်းစားရကျပ်မနေပါနဲ့။ အဲဒါနေပူထဲကို အကာအကွယ်မပါဘဲ သွားတာများလို့ပါ။ ဆိုတော့ ဆောင်းရာသီမှာတောင် Sunscreen လိမ်းဖို့ မမေ့ပါနဲ့။

၃။ Exfoliate လုပ်ဖို့မမေ့ပါနဲ့

Source: India.com

အသားအရေဆိုတာ အတွင်းရော၊ အပြင်ရော ထိန်းသိမ်းနိုင်မှ တော်ရာကျတာပါ။ ဆဲလ်သစ်တွေတစ်ဖန်ပြန်မွေးဖွားနိုင်ဖို့ရာ ဆဲလ်သေတွေကိုအမြဲဖယ်ရှားပေးဖို့လိုပါတယ်။ မဟုတ်ရင် မျက်နှာကြီးကညစ်ညမ်းပြီး အမဲစက်တွေ၊ ဆားဝက်ခြံတွေနဲ့ အဆီခဲတွေအလွယ်တကူ ပေါက်လာနိုင်တာပေါ့နော်။ ဒါကြောင့် တစ်ပတ် (၂) ခါလောက်တော့ Exfoliate လုပ်ပေးပါ။

၎။ အစားအသောက်ဆင်ခြင်ပါ

Source: The Fit Girl

ဆေးလိပ်၊ အရက်နဲ့ ဘီယာတွေကြောင့်လည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာနိုင်ပါတယ်။ အသင့်စားအစားအသောက်တွေဟာလည်း ခန္တာကိုယ်အဆိပ်အတောက် ဖြစ်စေနိုင်တာတွေချည်းပါပဲ။ ပုံမှန်နေ့တိုင်းလိုလို အဲဒါတွေချည်းပဲစားနေမယ်ဆိုရင်တော့ Skin care လုပ်လည်းအပိုပါပဲ။ လိုချင်တဲ့အသားအရေကို ဘယ်တော့မှပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသီးအရွက်တွေကိုသာ များများစားပေးပါ။ ကော်ဖီ၊ သကြားဓာတ်နဲ့ ဆားဓာတ်ပမာဏကိုလည်း ထိန်းညှိစားသုံးပေးသင့်ပါတယ်။

၅။ စိတ်ဖိစီးမှုများတာ

Source: punjabkesari.in

ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ဘာအတွက်ကြောင့်မှ စိတ်ဖိစီးမခံပါနဲ့။ ဪ … စိတ်ဖိစီးမှုတွေရှိလာရင်တောင် အရမ်းကောင်းနေတဲ့ ကိုယ့်အသားအရေလေးကိုကြည့်ပြီး ဖြေသိမ့်လို့ရတာပေါ့။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမခံပါနဲ့။ ရေများများသောက်ပါ။

Featured image source: The Guardian