ကျန်းမာပြီးလှပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်သူတိုင်း ပုံမှန်ပြုလုပ်ပေးရမယ့် Skincare အဆင့်တွေနဲ့ သေချာထိန်းသိမ်းပေးရမယ့်အချက်တွေ အများကြီးရှိပါတယ်။ နေ့တိုင်းသာလုပ်ပေးသွားမယ်ဆိုရင်တော့ သုံးလအတွင်းမှာပဲ အသားအရေကသိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။ အသားအရေကကြည်လင်ပြီး လှပလာတာကို တွေ့ရမှာပါ။

မနက်ပိုင်း

Source: www.today.com

မနက်ပိုင်းမှာ ပြုလုပ်ပေးရမယ့် Skincare အဆင့်တွေက အများကြီးရှိပါတယ်။ ဒါပေမယ့် အချိန်မရလို့ အများကြီးမလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် အရေးအကြီးဆုံးအဆင့်လေးတွေကိုပဲ ပြောပြပေးလိုက်ပါတယ်။ မျက်နှာသစ်ဆေးနဲ့ မျက်နှာကိုသေချာသစ်ပြီးတာနဲ့ တိုနာလိမ်းပေးပါ။ တိုနာပြီးရင်တော့ Moisturizer ကို မဖြစ်မနေလိမ်းပေးပါ။ ပြီးရင်တော့ နေလောင်ဒဏ်ကိုကာကွယ်ဖို့ SPF လုံလောက်စွာပါဝင်တဲ့ Sunscreen ကိုလိမ်းပေးပါ။ ဒီလေးဆင့်ကိုလိမ်းပြီးရင်တော့ သင်လိမ်းနေကျအတိုင်း ဆက်လိမ်းလိုက်ရုံပါပဲ။

ညပိုင်း

Source: www.stylecraze.com

ညဘက်အပြင်ကပြန်လာတဲ့အခါမျိုးမှာဆိုရင် Makeup Remover နဲ့ မိတ်ကပ်တွေကို ဖျက်ပေးပါ။ ပြီးမှသာ မျက်နှာသစ်ဆေးနဲ့သစ်ပါ။ ပြီးရင်တော့ Night Cream (သို့) Moisturizer လေးကို လိမ်းပြီးအိပ်ပါ။ တချို့တွေကတော့ ညဘက်မှာလည်း Skincare အဆင့်တွေကို များများလုပ်ပေမယ့် ကိုယ်ကသိပ်အများကြီးမလုပ်ချင်ဘူးဆိုရင် ဒီအဆင့်လေး ၃ ဆင့်ကိုပဲ အမြဲလုပ်ပေးပါ။

တစ်ပတ်တစ်ခါပြုလုပ်ပေးရမယ့်အရာများ

Source: www.pinterest.com

မျက်နှာအသားအရေလေးကောင်းမွန်စေဖို့ တစ်ပတ်တစ်ခါ မျက်နှာကိုချေးချွတ်ပါ။ ပြီးရင်တော့ Face Mask လေးတွေလုပ်ပေးပါ။ တစ်ပတ်တစ်ခါ မျက်နှာသုတ်ပုဝါကိုလျှော်ပေးပါ။ ခေါင်းအုံးစွပ်တွေကိုလည်း တစ်ပတ်တစ်ခါလဲပေးပါ။

တစ်လတစ်ခါပြုလုပ်ပေးရမယ့်အရာများ

Source: www.everydayminerals.com

တစ်လတစ်ခါ မျက်နှာကိုပေါင်းတင်ပြီး နှိပ်နယ်တာမျိုးကိုလုပ်ပေးပါ။ ဒါကိုတော့ ဆိုင်မှာလုပ်ပေးရင် ပိုကောင်းပါတယ်။ Makeup Brush လေးတွေကိုလည်း တစ်လတစ်ခါသန့်စင်ပေးပါ။ Makeup Brush တွေက မျက်နှာနဲ့အမြဲထိတွေ့နေရတာဖြစ်လို့ မသန့်ရှင်းရင် မျက်နှာမှာအဖြူကွက်တွေထွက်လာတာမျိုး၊ ဝက်ခြံနဲ့အဆီဖုထွက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အမြဲပြုလုပ်ပေးရမယ့်အရာများ

Source: www.makeupandbeauty.com

အသားအရေလှပဖို့ အမြဲပြုလုပ်ပေးရမယ့်အရာတွေကတော့ ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးမဝရင် အသားအရေကညစ်ပြီး ခြောက်လာတတ်ပါတယ်။ အသီးအရွက်လည်း အမြဲစားပေးပါ။ နှုတ်ခမ်းသားလေးတွေ အမြဲစိုပြီးလှပနေစေဖို့ Lip Balm ကို ညတိုင်းလိမ်းပြီး အိပ်ပေးပါ။